ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • my ပုံပြင် ၇
  • သတ္တိခဲတစ်ယောက် အကြောင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • သတ္တိခဲတစ်ယောက် အကြောင်း
  • ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘ဘုရားသခင်ရဲ့ စိတ်တော်နဲ့ တွေ့တဲ့သူ’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လူထုအတွက် စာစောင်)—၂၀၁၇
  • ဧနောက်—တားဆီးနှောင့်ယှက်မှုများကိုမကြောက်ရွံ့သူ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • ဘုရားတရားမဲ့လောကတွင် ဘုရားသခင်နှင့်အတူ ဧနောက်သွားလာခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ကသောင်းကနင်းနိုင်သော ဤကာလတွင် ဘုရားသခင်နှင့်အတူ သွားလာလော့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
နောက်ထပ် ကြည့်ပါ
ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
my ပုံပြင် ၇
ဧနောက်

ပုံပြင် ၇

သတ္တိခဲတစ်ယောက် အကြောင်း

ကမ္ဘာပေါ်မှာ လူတွေများလာတာနဲ့အမျှ ကာဣနလို ဆိုးတဲ့အလုပ်လုပ်တဲ့လူတွေလည်း များလာတယ်။ ဒါပေမဲ့ လူတစ်ယောက်ကျတော့ထူးတယ်။ သူကဧနောက်ဆိုတဲ့ ဒီလူပါပဲ။ ဧနောက်ဟာ သူရသတ္တိရှိတဲ့ လူတစ်ယောက်။ သူ့ပတ်ဝန်းကျင်မှာရှိတဲ့ လူအားလုံး မကောင်းတာတွေလုပ်တယ်။ ဒါပေမဲ့ ဧနောက်ကျတော့ ဘုရားသခင်ကိုဆက်ပြီးဝတ်ပြုတယ်။

ဧနောက်အချိန်မှာရှိတဲ့ လူဆိုးတစ်ယောက် နောက်တစ်ယောက်ကို သတ်ပစ်

အဲဒီအချိန်မှာရှိတဲ့လူတွေ ဘာကြောင့်ဆိုးတဲ့အလုပ်တွေ ဒီလောက်တောင်လုပ်ကြသလဲသိလား။ စဉ်းစားကြည့်လေ။ အာဒံနဲ့ဧဝတို့ကို ဘုရားသခင်စကား နားမထောင်အောင်၊ မစားနဲ့ဆိုပြီး ဘုရားသခင်တားမြစ်ထားတဲ့ အသီးကိုစားအောင် ဘယ်သူလုပ်ခဲ့သလဲ။ အေးဟုတ်တယ်။ ဆိုးယုတ်တဲ့ကောင်းကင်တမန်ပဲ။ ကျမ်းစာက သူ့ကို စာတန်လို့ခေါ်တယ်။ သူပဲပေါ့။ လူတိုင်း မကောင်းတာလုပ်အောင် ဆွပေးတယ်။

တစ်နေ့ကျတော့ ယေဟောဝါဘုရားသခင်က လူတွေနားမထောင်ချင်တဲ့သတင်းတစ်ခုကိုပြောဖို့ ဧနောက်ကိုခိုင်းတယ်။ ဘာသတင်းလဲဆိုတော့။ ‘လူဆိုးတွေကို တစ်ရက်ကျရင် ဘုရားသခင်ဖျက်ဆီးမယ်’ ဆိုတဲ့သတင်းပဲ။ အဲဒီသတင်းကို လူတွေကြားရတဲ့အခါ သိပ်စိတ်ဆိုးကြမှာပဲ။ ဧနောက်ကိုသတ်ဖို့တောင် ကြံစည်ကြမှာပဲ။ ဒါကြောင့် ဘုရားသခင်ဘာလုပ်မယ်ဆိုတာကိုပြောနိုင်ဖို့ သူ့မှာသတ္တိတော်တော့်ကိုလိုမှာပဲ။

ဧနောက်အချိန်မှာရှိတဲ့ လူဆိုးတွေ မကောင်းမှုတွေကို ကျူးလွန်

ဘုရားသခင်က လူဆိုးတွေကြားထဲမှာ ဧနောက်ကိုအကြာကြီး အသက်မရှင်ခိုင်းဘူး။ ဧနောက်ဟာ နှစ်ပေါင်း ၃၆၅ နှစ်ပဲအသက်ရှင်ခဲ့တယ်။ ‘၃၆၅ နှစ်ပဲ’ ဆိုပြီး ဘာကြောင့်ပြောရတာတုန်း။ ဘာကြောင့်လဲဆိုတော့ အဲဒီအချိန်မှာရှိတဲ့လူတွေဟာ အခုလူတွေထက် သန်မာတယ်။ အသက်လဲပိုပြီးရှည်တယ်။ ကြည့်လေ။ ဧနောက်ရဲ့သား မသုရှလဆိုလို့ရှိရင် ၉၆၉ နှစ်တောင်အသက်ရှင်ခဲ့တယ်။

ဧနောက်သေပြီးတဲ့နောက် လူတွေဟာ ဆိုးသည်ထက်ဆိုးလာကြတယ်။ ‘သူတို့ ကြံစည်တာအားလုံး တစ်ချိန်လုံးအဆိုးချည်းပဲ။’ ‘ကမ္ဘာမြေကြီးဆိုရင် သတ်ဖြတ်မှုတွေနဲ့ ပြည့်နေတယ်’ ဆိုပြီး ကျမ်းစာမှာဆိုထားတယ်။

အဲဒီခေတ်ကမ္ဘာပေါ်မှာ ဒီလောက်ဒုက္ခတွေများရတာ အကြောင်းတစ်ခုရှိတယ်။ မင်းတို့သိလား။ မကောင်းတာလုပ်ဖို့လူတွေကိုလှုံ့ဆော်တဲ့နေရာမှာ စာတန်ဟာ နည်းသစ်တစ်ခုကိုတွေ့သွားလို့ပဲ။ နောက်တစ်ခန်းမှာ တို့အဲဒီအကြောင်းကိုဖတ်မယ်။

ကမ္ဘာဦး ၅:၂၁-၂၄၊ ၂၇; ၆:⁠၅; ဟေဗြဲ ၁၁:⁠၅; ယုဒ ၁၄၊ ၁၅။

လေ့လာရန်မေးခွန်းများ

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ