အပြစ်နှင့်သေခြင်းမှ ကျွန်ုပ်တို့ကယ်တင်ခံရပုံ
၃၅ ပထမလူယောက်ျား အာဒံအပြစ်လုပ်ခဲ့သည်ကို သင်မှတ်မိသလော။ အသက်နှင့် ပရဒိသုကို သူဆုံးရှုံးခဲ့ပြီး ကျွန်ုပ်တို့လည်း သူ့သားသမီးများဖြစ်ကြသောကြောင့် သေကြရသည်။ —ရောမ ၅:၁၂; ၃:၂၃
၃၆ စုံလင်သောလူနောက်တစ်ယောက်သာ ကျွန်ုပ်တို့အတွက် အသက်ကိုပေးဆက်မည်၊ သို့မဟုတ် ကျွန်ုပ်တို့အား သေခြင်းမှ ရွေးနုတ်မည်ဆိုပါက ယင်းစုံလင်သောအသက်ကို ကျွန်ုပ်တို့ပြန်ရနိုင်သည်။—၁ ကောရိန္သု ၁၅:၄၅; ရောမ ၅:၁၉၊ ၂၁
၃၇ ယေရှုသည် ဘုရားသခင့်သားတော်ဖြစ်သည်။ စုံလင်သူလည်း ဖြစ်သည်။ သူအပြစ်မလုပ်ပါ။—ဟေဗြဲ ၅:၉; ၇:၂၆
၃၈ ဘုရားသခင်ကို မချစ်သူများ မိမိကိုသတ်ဖို့ သူခွင့်ပြုခဲ့သည်။—တမန်တော် ၂:၂၃
ယင်းကား ကျွန်ုပ်တို့အတွက် မိမိကိုယ်ကို ပူဇော်ခြင်းဖြစ်သည်။—၁ တိမောသေ ၂:၆
၃၉ ထွင်းဖောက်ထားသောဂူ၊ သင်္ချိုင်းတွင် ယေရှုသင်္ဂြိုဟ်ခံရသည်။ သုံးရက်ကြာ သေနေခဲ့သည်။ ထိုနောက် ဘုရားသခင် သူ့အား ရှင်ပြန်ထမြောက်စေသည်။ —တမန်တော် ၂:၂၄
၄၀ ကောင်းကင်ဘုံသို့ ပြန်လည်တက်ကြွသည်။ ဘုရားသခင်စကား နားထောင်သူတို့ကို မစရန် ဘုရားသခင့်အား သူ ယခုတောင်းပန်ပေးနိုင်ပြီ။—ဟေဗြဲ ၉:၂၄; ၁ ယောဟန် ၂:၁၊ ၂