ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • gf သင်ခန်းစာ ၁၇ စာ. ၂၈-၂၉
  • မိတ်ဆွေမြဲဖို့ သင်သည် မိတ်ဆွေတစ်ဦး ဖြစ်ရမည်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိတ်ဆွေမြဲဖို့ သင်သည် မိတ်ဆွေတစ်ဦး ဖြစ်ရမည်
  • သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားမေတ္တာတော် ထာဝစဉ် တည်မြဲတယ်
    ဘုရားမေတ္တာတော် ခံစားနေနိုင်ပုံ
  • သင်သည် သဲပေါ်တွင် တည်ဆောက် နေသလော သို့မဟုတ် ကျောက်ပေါ်တွင် တည်ဆောက်နေသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • “ဘုရားသခင်ကို ချစ်တယ်ဆိုတာ”
    ‘ဘုရားသခင့်မေတ္တာ ခံစားရစေမယ့်အရာတွေကို အမြဲလုပ်ဆောင်ပါ’
  • “ခင်ဗျားတို့ကို မိတ်ဆွေလို့ ခေါ်မယ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၀
နောက်ထပ် ကြည့်ပါ
သင်သည် ဘုရားသခင့်မိတ်ဆွေဖြစ်နိုင်!
gf သင်ခန်းစာ ၁၇ စာ. ၂၈-၂၉

အခန်း ၁၇

မိတ်ဆွေမြဲဖို့ သင်သည် မိတ်ဆွေတစ်ဦးဖြစ်ရမည်

မိတ်ဆွေဖြစ်ခြင်းသည် မေတ္တာပေါ်အခြေပြုသည်။ ယေဟောဝါအကြောင်း သင်ပိုမိုသိရှိလာလေ ကိုယ်တော်အား သင်မေတ္တာရှိလေဖြစ်မည်။ ဘုရားသခင်အပေါ် သင့်မေတ္တာတိုးများလာသည်နှင့် ကိုယ်တော်အားအမှုထမ်းလိုစိတ်လည်း တိုးများလာပါလိမ့်မည်။ ယင်းက ယေရှုခရစ်၏တပည့်တစ်ဦးဖြစ်လာရန် သင့်ကိုလှုံ့ဆော်ပေးပါလိမ့်မည်။ (မဿဲ ၂၈:၁၉) ယေဟောဝါသက်သေများ၏ ပျော်ရွှင်သောမိသားစုနှင့် သင်ပူးပေါင်းခြင်းဖြင့် ဘုရားသခင့်မိတ်ဆွေအဖြစ်ကို ထာဝရခံစားရပါလိမ့်မည်။ သင်အဘယ်အရာပြုလုပ်ရမည်နည်း။

ဘုရားသခင့်ပညတ်များကိုနာခံခြင်းဖြင့် ကိုယ်တော်အားမေတ္တာရှိကြောင်း တင်ပြရမည်။ “ပညတ်တော်တို့ကိုစောင့်ခြင်းအရာသည် ဘုရားသခင်ကိုချစ်ရာရောက်၏။ ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်။”—၁ ယောဟန် ၅:၃။

သင်လေ့လာထားရာကို လက်တွေ့ကျင့်သုံးပါ။ ယင်းကိုဖော်ပြသည့် ဇာတ်လမ်းတစ်ပုဒ်ကို ယေရှုပြောပြခဲ့သည်။ ပညာရှိတစ်ဦးသည် သူ၏အိမ်ကို ကျောက်ဆောင်ပေါ်ဆောက်ခဲ့သည်။ လူမိုက်တစ်ဦးမူ သဲပေါ်အိမ်ဆောက်ခဲ့သည်။ လေမုန်တိုင်းကြီးတိုက်သောအခါ ကျောက်ပေါ်မှာဆောက်ထားသောအိမ်သည် မပြိုမလဲ၊ သဲပေါ်ဆောက်ထားသောအိမ်မူကား အကြီးအကျယ်ပျက်စီးသွား၏။ ယေရှု၏သွန်သင်ချက်များကို ကြားနာ၍ ပြုကျင့်သောသူတို့သည် ကျောက်ပေါ်အိမ်ဆောက်သော ပညာရှိနှင့်တူသည်ဟု ကိုယ်တော်မိန့်ဆိုခဲ့သည်။ သို့သော် ကိုယ်တော့်သွန်သင်ချက်များကို ကြားနာ၍ မကျင့်သောသူမူကား သဲပေါ်အိမ်ဆောက်သောလူမိုက်နှင့်တူ၏။ သင်သည် အဘယ်သူနှင့်တူလိုသနည်း။—မဿဲ ၇:၂၄-၂၇။

ကျောက်ပေါ်တွင် ဆောက်သောအိမ်နှင့် သဲပေါ်တွင် ဆောက်သောအိမ်

ဆက်ကပ်အပ်နှံခြင်း။ ဆိုလိုသည်ကား ယေဟောဝါ၏အလိုတော်ကို အစဉ်ဆောင်ရွက်လိုကြောင်း ကိုယ်တော်ထံဆုတောင်း၍ပြောပြခြင်းဖြစ်၏။ ဘုရားသခင့်အလိုတော်ကိုဆောင်ခြင်းက သင်သည် ယေရှုခရစ်၏တပည့်တစ်ဦးဖြစ်ကြောင်း ဖော်ပြသည်။—မဿဲ ၁၁:၂၉။

အမျိုးသမီးတစ်ယောက် မိမိအသက်တာကို ယေဟောဝါထံ ဆုတောင်း အပ်နှံနေ

နှစ်ခြင်းခံခြင်း။ “သခင်ဘုရားကို ပတ္ထနာပြုလျက် ဗတ္တိဇံကိုခံ၍ သင်၏အပြစ်များကို ဆေးကြောလော့။”—တမန်တော် ၂၂:၁၆။

အမျိုးသားတစ်ယောက် နှစ်ခြင်းခံနေ

ဘုရားသခင့်အမှုတော်ကို အပြည့်အဝထမ်းဆောင်ပါလေ။ “လူ၏အမှုကိုသာဆောင်ရွက်သကဲ့သို့မဟုတ်။ [ယေဟောဝါ] ၏အမှုတော်ကိုဆောင်ရွက်သကဲ့သို့ ပြုလေသမျှတို့၌ စေတနာစိတ်နှင့်ပြုကြလော့။”—ကောလောသဲ ၃:၂၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ