ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • bhs အခန်း ၁၅ စာ. ၁၅၄-၁၆၃
  • ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုနိုင်ပုံ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုနိုင်ပုံ
  • သမ္မာကျမ်းစာ သွန်သင်ရာများ
  • ကျမ်းစာသွန်သင်ရာ ဖတ်ပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုနိုင်ပုံ
  • သင် ဘာလုပ်မလဲ
  • မည်သူ၏ကိုးကွယ်မှုကို ဘုရားသခင်နှစ်သက်တော်မူသနည်း
    ထာဝရအသက်ရစေသော အသိပညာအသိပညာ
  • သင့်ဘာသာသည် တကယ်ပင် အရေးပါ၏
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • ဘာသာတရား
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • စစ်မှန်သောကိုးကွယ်မှုအကြောင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
သမ္မာကျမ်းစာ သွန်သင်ရာများ
bhs အခန်း ၁၅ စာ. ၁၅၄-၁၆၃

အခန်းဆယ့်ငါး

ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုနိုင်ပုံ

၁။ ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုနေမနေ ဘယ်သူပြောပြနိုင်သလဲ။

ဘာသာတရားအများစုက ဘုရားနဲ့ပတ်သက်တဲ့ အမှန်တရားကို သွန်သင်ပေးနေတယ်လို့ ပြောကြတယ်။ အဲဒါ မဖြစ်နိုင်ဘူး။ ဘုရားသခင်ဟာ ဘယ်သူလဲ၊ ဘုရားကို ဘယ်လိုကိုးကွယ်ရမလဲ ဆိုတာနဲ့ပတ်သက်ပြီး ဘာသာတရားတွေ အမျိုးမျိုးသွန်သင်ပေးနေလို့ပဲ။ ဒါဆိုရင် ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုနေမနေ ဘယ်လိုသိနိုင်သလဲ။ ယေဟောဝါဘုရား တစ်ပါးတည်းသာ သူ့ကို ဘယ်လို ဝတ်ပြုရမလဲဆိုတာ ပြောပြနိုင်တယ်။

၂။ ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုနိုင်တဲ့နည်းကို ဘယ်လိုသိနိုင်သလဲ။

၂ ယေဟောဝါက သူ့ကို နည်းမှန်လမ်းကျ ဝတ်ပြုနိုင်တဲ့နည်းကို သိနိုင်ဖို့ ကျမ်းစာပေးထားတယ်။ ဒါကြောင့် ကျမ်းစာကို လေ့လာပါ။ ယေဟောဝါက ကျွန်တော်တို့ကို အလွန်ဂရုစိုက်တဲ့အတွက် ကျမ်းစာသွန်သင်ချက်တွေကနေ အကျိုးရနိုင်အောင် ကူညီပေးပါလိမ့်မယ်။—ဟေရှာယ ၄၈:၁၇။

၃။ ဘုရားသခင်က ကျွန်တော်တို့ကို ဘာလုပ်စေချင်သလဲ။

၃ ဘာသာအားလုံးကို ဘုရားလက်ခံပါတယ်လို့ လူတချို့ ပြောကြတယ်။ ယေရှုကတော့ အဲဒီလို မပြောဘူး။ “‘သခင်၊ သခင်’ လို့ ကျွန်တော့်ကို ခေါ်တဲ့သူတိုင်း ကောင်းကင်နိုင်ငံကို ဝင်ရမှာ မဟုတ်ဘူး။ ကောင်းကင်မှာစံမြန်းတဲ့ ကျွန်တော့်အဖရဲ့ အလိုတော်ကို ဆောင်တဲ့သူပဲ ဝင်ရလိမ့်မယ်” လို့ ယေရှုပြောတယ်။ ဒါကြောင့် ဘုရားအလိုတော်ကို သိအောင်လုပ်ပြီး အဲဒီအတိုင်း လုပ်ဆောင်ဖို့လိုတယ်။ ယေရှုက ဘုရားသခင်ကို မနာခံသူတွေကို ရာဇဝတ်သားတွေ၊ ‘တရားမဲ့သူတွေ’ နဲ့ နှိုင်းယှဉ်ခဲ့တယ်၊ ဒါကြောင့် ဘုရားအလိုတော်ဆောင်သူဖြစ်ဖို့ သိပ်အရေးကြီးတယ်။—မဿဲ ၇:၂၁-၂၃။

၄။ ဘုရားအလိုတော်ဆောင်တာနဲ့ ပတ်သက်ပြီး ယေရှု ဘာပြောသလဲ။

၄ ဘုရားအလိုတော်ကို လုပ်ဆောင်တဲ့အခါ အခက်အခဲတွေ ကြုံတွေ့ရမယ်လို့ ယေရှု သတိပေးတယ်– “ကျဉ်းတဲ့တံခါးကနေ ဝင်ကြပါ။ ပျက်စီးခြင်းကို ပို့ဆောင်တဲ့ တံခါးဟာ ကျယ်ဝန်းပြီး လမ်းကလည်း ပြန့်ပြူးတဲ့အတွက် ဝင်တဲ့သူတွေ များတယ်။ အသက်ရှင်ခြင်းကို ပို့ဆောင်တဲ့ တံခါးကတော့ ကျဉ်းမြောင်းပြီး လမ်းကလည်း ကြမ်းတဲ့အတွက် ရှာတွေ့သူတွေ နည်းတယ်။” (မဿဲ ၇:၁၃၊ ၁၄) လမ်းကျဉ်း၊ တစ်နည်းအားဖြင့် ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုခြင်းဟာ ထာဝရအသက်ကို ပို့ဆောင်တယ်။ လမ်းကျယ်၊ တစ်နည်းအားဖြင့် ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်မပြုတာဟာ သေခြင်းကို ပို့ဆောင်တယ်။ ယေဟောဝါကတော့ ဘယ်သူ့ကိုမှ မသေစေချင်ဘူး။ သူ့အကြောင်း သင်ယူနိုင်တဲ့အခွင့်အရေး လူတိုင်းကို ပေးထားတယ်။—၂ ပေတရု ၃:၉။

ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုနိုင်ပုံ

၅။ ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုသူတွေကို ဘယ်လို ခွဲခြားသိနိုင်သလဲ။

၅ ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုသူတွေကို ခွဲခြားသိနိုင်တယ်လို့ ယေရှုပြောတယ်။ သူတို့ရဲ့ယုံကြည်ချက်၊ သူတို့ရဲ့လုပ်ရပ်ကို ဆန်းစစ်ခြင်းအားဖြင့် ခွဲခြားသိနိုင်တယ်။ “သူတို့ရဲ့ အသီးကို ကြည့်ပြီး သူတို့ကို ခွဲခြားသိလိမ့်မယ်” လို့ယေရှုပြောတယ်။ “ကောင်းတဲ့အပင်ဟာ ကောင်းတဲ့အသီး သီးတတ်တယ်” လို့လည်း ဆက်ပြောတယ်။ (မဿဲ ၇:၁၆၊ ၁၇) ဘုရားကို ဝတ်ပြုသူတွေဟာ ပြည့်ဝစုံလင်သူတွေ ဖြစ်ရမယ်လို့ မဆိုလိုပါဘူး။ ဒါပေမဲ့ ဘုရားသခင်ရဲ့ ကျေးကျွန်တွေဟာ မှန်ရာလုပ်ဖို့ အမြဲကြိုးစားကြတယ်။ ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုသူတွေကို ခွဲခြားသိနိုင်ဖို့ ဘာက ကူညီပေးမလဲဆိုတာ ကြည့်ရအောင်။

၆၊ ၇။ စစ်မှန်တဲ့ဝတ်ပြုရေးဟာ ဘာကို အခြေခံသလဲ။ ယေရှုရဲ့ပုံသက်သေက ကျွန်တော်တို့ကို ဘာသင်ပေးသလဲ။

၆ ကျွန်တော်တို့ရဲ့ ဝတ်ပြုရေးဟာ ကျမ်းစာကို အခြေခံရမယ်။ “ကျမ်းစောင်အားလုံးဟာ ဘုရားသခင့် စွမ်းအားတော်ရဲ့ လမ်းညွှန်မှုနဲ့ ရေးထားတဲ့အတွက် လူတွေကို သွန်သင်တဲ့အခါ၊ အမှားတွေ ဖော်ထုတ်တဲ့အခါ၊ ပဲ့ပြင်တဲ့အခါ၊ ဖြောင့်မတ်လာအောင် ဆုံးမတဲ့အခါ အကျိုးဖြစ်ထွန်းစေတယ်။ အဲဒီအခါ ဘုရားသခင်ရဲ့လူက မွန်မြတ်တဲ့အလုပ် အမျိုးမျိုးကို လုပ်ဆောင်ဖို့ အရည်အချင်းပြည့်ဝလာပြီး လုံးလုံးလျားလျား အသင့်ဖြစ်နေလိမ့်မယ်” လို့ ကျမ်းစာပြောတယ်။ (၂ တိမောသေ ၃:၁၆၊ ၁၇) တမန်တော်ပေါလုကလည်း ခရစ်ယာန်တွေကို “ခင်ဗျားတို့က ဘုရားသခင်ရဲ့ တရားစကားကို ကျွန်တော်တို့ဆီကနေ ကြားသိရတဲ့အခါ လူတွေရဲ့စကားလို့ သဘောမထားဘဲ ဘုရားသခင်ရဲ့ တရားစကားလို့ သဘောထားပြီး လက်ခံခဲ့တယ်။ တကယ်လည်း ဘုရားသခင်ရဲ့ တရားစကားပါပဲ” လို့ပြောခဲ့တယ်။ (၁ သက်သာလောနိတ် ၂:၁၃) စစ်မှန်တဲ့ဝတ်ပြုရေးဟာ ဘုရားသခင့်နှုတ်ထွက်စကား သမ္မာကျမ်းစာကိုပဲ အခြေခံတယ်။ လူ့အယူအဆ၊ ထုံးတမ်းစဉ်လာနဲ့ တခြားအရာတွေပေါ် အခြေမခံဘူး။

၇ ယေရှုရဲ့ သွန်သင်ချက်မှန်သမျှဟာ ဘုရားသခင့်နှုတ်ထွက်စကားကို အခြေခံတယ်။ (ယောဟန် ၁၇:၁၇ ကိုဖတ်ပါ။) ကျမ်းချက်တွေကို မကြာခဏ သူကိုးကားခဲ့တယ်။ (မဿဲ ၄:၄၊ ၇၊ ၁၀) ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုသူတွေဟာ ယေရှုရဲ့ပုံသက်သေကို လိုက်လျှောက်ကြတယ်။ သူတို့သွန်သင်သမျှ ကျမ်းစာကို အခြေခံတယ်။

၈။ ယေဟောဝါကို ဝတ်ပြုတာနဲ့ပတ်သက်ပြီး ယေရှု ဘာသင်ပေးသလဲ။

၈ ယေဟောဝါကိုပဲ ကျွန်တော်တို့ ဝတ်ပြုရမယ်။ “ယေဟောဝါလို့ နာမည်ရှိတဲ့ ကိုယ်တော် တစ်ပါးတည်းသာ မြေတစ်ပြင်လုံးမှာ အမြင့်မြတ်ဆုံးအရှင် ဖြစ်မှန်း လူတွေသိကြပါစေ” လို့ ဆာလံ ၈၃:၁၈ မှာပြောတယ်။ ယေရှုက စစ်မှန်တဲ့ဘုရားသခင် ဘယ်သူလဲဆိုတာ လူတွေကို သိစေချင်လို့ ဘုရားသခင့်နာမည်ကို ပြောပြခဲ့တယ်။ (ယောဟန် ၁၇:၆ ကိုဖတ်ပါ။) “ယေဟောဝါဘုရားကို ကိုးကွယ်ရမယ်။ ကိုယ်တော်တစ်ပါးတည်းကိုပဲ ဝတ်ပြုရမယ်” လို့ ယေရှုပြောတယ်။ (မဿဲ ၄:၁၀) ဘုရားရဲ့ကျေးကျွန်တွေအနေနဲ့ ကျွန်တော်တို့လည်း ယေရှုရဲ့ ပုံသက်သေကို လိုက်ကြတယ်။ ယေဟောဝါတစ်ပါးတည်းကိုပဲ ဝတ်ပြုကြတယ်။ ဘုရားနာမည်ကို သုံးကြတယ်။ တခြားသူတွေကို ဘုရားနာမည် ပြောပြတယ်။ ကျွန်တော်တို့အတွက် ဘုရားသခင် ဘာလုပ်ပေးမယ်ဆိုတဲ့အကြောင်း ပြောပြကြတယ်။

၉၊ ၁၀။ အချင်းချင်းချစ်ကြောင်း ကျွန်တော်တို့ ဘယ်လိုပြကြသလဲ။

၉ လူတွေကို စိတ်ရင်းမှန်နဲ့ ချစ်ဖို့လိုတယ်။ ယေရှုက တပည့်တွေကို အချင်းချင်းချစ်ကြဖို့ သင်ပေးတယ်။ (ယောဟန် ၁၃:၃၅ ကိုဖတ်ပါ။) နိုင်ငံနဲ့ ယဉ်ကျေးမှု မတူတာ၊ ဆင်းရဲတာ၊ ချမ်းသာတာ အရေးမကြီးဘူး။ အချင်းချင်းချစ်တဲ့ မေတ္တာက ညီအစ်ကိုညီအစ်မတွေကို စည်းလုံးစေတယ်။ (ကောလောသဲ ၃:၁၄) ဒါကြောင့် ကျွန်တော်တို့ စစ်မတိုက်ကြဘူး၊ လူမသတ်ကြဘူး။ “ဖြောင့်မှန်ရာကို မလုပ်တဲ့သူဟာ ဘုရားသခင်ရဲ့ ဘက်တော်သား မဟုတ်ဘူး။ ညီအစ်ကိုကို မုန်းတဲ့သူလည်း ဘုရားသခင်ရဲ့ ဘက်တော်သား မဟုတ်ဘူး။ ဒီနည်းနဲ့ ဘုရားသခင်ရဲ့ သားသမီးနဲ့ မာရ်နတ်ရဲ့သားသမီးကို ခွဲခြားနိုင်တယ်” လို့ ကျမ်းစာပြောတယ်။ “အချင်းချင်း ချစ်ကြပါ . . . ဆိုးညစ်သူရဲ့ ဘက်တော်သားဖြစ်ပြီး ကိုယ့်ညီကိုသတ်ခဲ့တဲ့ ကာအိနလို မဖြစ်ကြပါနဲ့” လို့လည်း ပြောတယ်။—၁ ယောဟန် ၃:၁၀-၁၂။ ၄:၂၀၊ ၂၁။

၁၀ အချင်းချင်းကို ကူညီဖို့၊ အားပေးဖို့ ကျွန်တော်တို့ရဲ့ အချိန်၊ ခွန်အားနဲ့ ဥစ္စာပစ္စည်းတွေကို အသုံးပြုကြတယ်။ (ဟီဘရူး ၁၀:၂၄၊ ၂၅) “လူတိုင်းကို ကောင်းမှုပြုကြ” တယ်။—ဂလာတိ ၆:၁၀။

၁၁။ ယေရှုအားဖြင့်သာ ကယ်တင်ခြင်းရနိုင်တယ်လို့ ဘာလို့ ယုံကြည်ကြသလဲ။

၁၁ ယေရှုအားဖြင့်သာ ကယ်တင်ခြင်းရနိုင်တယ်လို့ ယုံကြည်ကြတယ်။ “သူကလွဲလို့ ဘယ်သူမှ ကျွန်တော်တို့ကို မကယ်တင်နိုင်ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော်တို့ကို ကယ်တင်ဖို့ ကမ္ဘာပေါ်မှာ ဘုရားသခင် ရွေးချယ်ထားတာ သူ့နာမည်ပဲရှိတယ်။ တခြားနာမည် မရှိဘူး” လို့ ကျမ်းစာပြောတယ်။ (တမန်တော် ၄:၁၂) နာခံမှုရှိတဲ့လူသားတွေအတွက် ရွေးဖိုးအဖြစ် အသက်ပေးဖို့ ယေရှုကို ယေဟောဝါ စေလွှတ်ခဲ့တဲ့အကြောင်း ဒီစာအုပ်ရဲ့ အခန်း ၅ မှာ သိခဲ့ရတယ်။ (မဿဲ ၂၀:၂၈) ကမ္ဘာမြေကို အုပ်စိုးဖို့ ဘုရင်အဖြစ် ယေရှုကို ယေဟောဝါ ရွေးချယ်ခဲ့တယ်။ ဒါကြောင့် ထာဝစဉ်အသက်ရှင်ချင်ရင် ယေရှုကို နာခံရမယ်လို့ ကျမ်းစာက သင်ပေးတယ်။—ယောဟန် ၃:၃၆ ကိုဖတ်ပါ။

၁၂။ နိုင်ငံရေးမှာ ကျွန်တော်တို့ ဘာလို့ မပါဝင်ကြတာလဲ။

၁၂ နိုင်ငံရေးမှာ မပါဝင်ရဘူး။ ယေရှုလည်း နိုင်ငံရေးမှာ မပါဝင်ခဲ့ဘူး။ ယေရှုက စစ်ဆေးခံရချိန်မှာ ရောမအုပ်စိုးရှင် ပိလတ်ကို “ကျွန်တော့်နိုင်ငံဟာ ဒီလောကနဲ့ မပတ်သက်ဘူး” လို့ပြောတယ်။ (ယောဟန် ၁၈:၃၆ ကိုဖတ်ပါ။) ကျွန်တော်တို့လည်း ယေရှုလိုပဲ ဘုရားသခင်ရဲ့ ကောင်းကင်နိုင်ငံကို သစ္စာစောင့်သိကြတယ်။ ဒါကြောင့် ဘယ်မှာပဲ နေထိုင်ပါစေ နိုင်ငံရေးမှာ မပါဝင်ကြဘူး။ ဒါပေမဲ့ “အထက်အာဏာပိုင်၊” တစ်နည်းအားဖြင့် အစိုးရကို နာခံပါလို့ ကျမ်းစာမိန့်မှာထားတယ်။ (ရောမ ၁၃:၁) ကျွန်တော်တို့ဟာ ကိုယ်နေထိုင်တဲ့နိုင်ငံရဲ့ ဥပဒေကို လိုက်နာကြတယ်။ ဥပဒေတစ်ခုက ဘုရားပညတ်နဲ့ ဆန့်ကျင်လာရင်တော့ “လူ့စကားထက် အုပ်စိုးရှင် ဘုရားသခင်ရဲ့ စကားကို နားထောင်မှာပဲ” လို့ ပြောခဲ့တဲ့ တမန်တော်တွေကို ကျွန်တော်တို့ အတုယူကြတယ်။—တမန်တော် ၅:၂၉။ မာကု ၁၂:၁၇။

၁၃။ ဘုရားနိုင်ငံတော်နဲ့ပတ်သက်ပြီး ဘာအကြောင်း ကျွန်တော်တို့ ဟောကြသလဲ။

၁၃ ဘုရားသခင့်နိုင်ငံတော်ကသာ ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်လို့ ကျွန်တော်တို့ ယုံကြည်ကြတယ်။ “နိုင်ငံတော်သတင်းကောင်းကို လူနေထိုင်ရာ မြေတစ်ခွင်လုံးမှာ ဟောပြောရလိမ့်မယ်” လို့ ယေရှု ပြောခဲ့တယ်။ (မဿဲ ၂၄:၁၄ ကိုဖတ်ပါ။) ကျွန်တော်တို့အတွက် ဘုရားနိုင်ငံတော် လုပ်ဆောင်ပေးသလို ဘယ်လူ့အစိုးရကမှ မလုပ်ဆောင်ပေးနိုင်ဘူး။ (ဆာလံ ၁၄၆:၃) “နိုင်ငံတော် လာပါစေ။ အလိုတော်ဟာ ကောင်းကင်မှာ ပြည့်စုံသလို ကမ္ဘာမြေမှာလည်း ပြည့်စုံပါစေ” ဆိုပြီး ဘုရားနိုင်ငံအတွက် ဆုတောင်းဖို့ ယေရှု သင်ပေးခဲ့တယ်။ (မဿဲ ၆:၁၀) ဘုရားသခင့်နိုင်ငံဟာ လူ့အစိုးရအားလုံးကို ဖျက်ဆီးပြီး “အဲဒီနိုင်ငံတစ်ခုပဲ ထာဝစဉ် တည်တံ့နေမယ်” လို့ ကျမ်းစာပြောတယ်။—ဒံယေလ ၂:၄၄။

၁၄။ ဘယ်သူတွေက ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုနေတယ်လို့ သင် ယူဆသလဲ။

၁၄ ဒီအချက်တွေကို လေ့လာပြီးတဲ့နောက် ကိုယ့်ကိုယ်ကိုယ် မေးပါ– ‘ကျမ်းစာကို အခြေခံပြီး သင်ပေးနေတာ ဘယ်သူတွေလဲ။ ဘုရားနာမည်ကို ပြောပြတာ ဘယ်သူတွေလဲ။ အချင်းချင်း စိတ်ရင်းမှန်နဲ့ ချစ်ကြတာ ဘယ်သူတွေလဲ။ ကျွန်တော်တို့ကို ကယ်တင်ဖို့ ယေရှုကို ဘုရားသခင်စေလွှတ်ခဲ့မှန်း ယုံကြည်တာ ဘယ်သူတွေလဲ။ နိုင်ငံရေးမှာ မပါဝင်ကြတာ ဘယ်သူတွေလဲ။ ဘုရားသခင့်နိုင်ငံတော်ကသာ လူ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်လို့ ဟောနေတာ ဘယ်သူတွေလဲ။’ ယေဟောဝါသက်သေတွေပါပဲ။—ဟေရှာယ ၄၃:၁၀-၁၂။

သင် ဘာလုပ်မလဲ

၁၅။ ဘုရားသခင်နှစ်သက်တဲ့နည်းနဲ့ ဝတ်ပြုချင်တယ်ဆိုရင် ဘာလုပ်ရမလဲ။

၁၅ ဘုရားရှိတယ်ဆိုတာ ယုံကြည်ရုံနဲ့ မလုံလောက်ဘူး။ ဘုရားရှိတယ်ဆိုတာ နတ်ဆိုးတွေလည်း ယုံတာပဲ။ ဒါပေမဲ့ ဘုရားကို သူတို့ မနာခံကြဘူး။ (ယာကုပ် ၂:၁၉) ဘုရားသခင်နှစ်သက်တဲ့နည်းနဲ့ ဝတ်ပြုချင်တယ်ဆိုရင် ဘုရားရှိတယ်ဆိုတာ ယုံကြည်ရုံနဲ့ မလုံလောက်ဘူး။ ဘုရားပြောတဲ့အတိုင်း လုပ်ဆောင်ဖို့ လိုတယ်။

၁၆။ မှားယွင်းတဲ့ဘာသာနဲ့ ဘာကြောင့် မပတ်သက်သင့်သလဲ။

၁၆ ဘုရားသခင်နှစ်သက်တဲ့နည်းနဲ့ ဝတ်ပြုချင်တယ်ဆိုရင် မှားယွင်းတဲ့ဘာသာနဲ့ မပတ်သက်ရဘူး။ “သူ့ဆီကနေ ထွက်သွားကြ။ ကိုယ့်ကိုယ်ကိုယ် သန့်ရှင်းအောင် နေကြ” လို့ ပရောဖက်ဟေရှာယ ရေးခဲ့တယ်။ (ဟေရှာယ ၅၂:၁၁။ ၂ ကောရိန္သု ၆:၁၇) ဒါကြောင့် မှားယွင်းတဲ့ဝတ်ပြုရေးနဲ့ ဆက်နွှယ်တာမှန်သမျှကို မပတ်သက်ရဘူး။

၁၇၊ ၁၈။ “မဟာဗာဗုလုန်” ဆိုတာ ဘာလဲ။ မှားယွင်းတဲ့ဘာသာနဲ့ မပတ်သက်ဖို့ ဘာကြောင့် အရေးကြီးသလဲ။

၁၇ မှားယွင်းတဲ့ဘာသာဆိုတာ ဘာလဲ။ ကျမ်းစာနဲ့မညီတဲ့နည်းနဲ့ ဘုရားသခင်ကို ဝတ်ပြုဖို့ သွန်သင်ပေးတဲ့ ဘာသာမှန်သမျှကို ဆိုလိုတယ်။ မှားယွင်းတဲ့ဘာသာမှန်သမျှကို “မဟာဗာဗုလုန်” လို့ ကျမ်းစာခေါ်တယ်။ (ဗျာဒိတ် ၁၇:၅) ဘာကြောင့်လဲ။ နောဧခေတ် ရေလွှမ်းမိုးဘေးပြီးတဲ့နောက် မှားယွင်းတဲ့ ဘာသာရေး သွန်သင်ချက်တွေဟာ ဗာဗုလုန်မြို့ကနေ အစပြုခဲ့လို့ပဲ။ အဲဒီမှားယွင်းတဲ့ သွန်သင်ချက်တွေဟာ ကမ္ဘာအရပ်ရပ် ပျံ့နှံ့သွားတယ်။ ဥပမာ၊ ဗာဗုလုန်မြို့မှာ နေထိုင်သူတွေဟာ သုံးပါးပေါင်းတစ်ဆူဘုရားကို ဝတ်ပြုကြတယ်။ အခုချိန်မှာလည်း ဘုရားသခင်ဟာ သုံးပါးပေါင်းတစ်ဆူဖြစ်တယ်လို့ ဘာသာအများစု သွန်သင်တယ်။ ကျမ်းစာကတော့ စစ်မှန်တဲ့ဘုရားသခင် ယေဟောဝါတစ်ဆူတည်း ရှိတယ်၊ ယေရှုဟာ ဘုရားရဲ့သားဖြစ်တယ်လို့ ရှင်းရှင်းလင်းလင်း သွန်သင်တယ်။ (ယောဟန် ၁၇:၃) ဗာဗုလုန်မြို့မှာနေတဲ့သူတွေဟာ လူသေပြီးတဲ့နောက် ဝိညာဉ် ဆက်အသက်ရှင်နေတယ်၊ ငရဲမှာ ညှဉ်းဆဲခံရနိုင်တယ်လို့ ယုံကြည်ကြတယ်။ အဲဒီသွန်သင်ချက်ဟာ မမှန်ဘူး။—ရှင်းလင်းချက် ၁၄၊ ၁၇၊ ၁၈ ကိုကြည့်ပါ။

၁၈ မကြာခင် မှားယွင်းတဲ့ဘာသာအားလုံး ဖျက်ဆီးခံရမယ်လို့ ဘုရားသခင် ကြိုပြောတယ်။ (ဗျာဒိတ် ၁၈:၈) မှားယွင်းတဲ့ဘာသာကို စွန့်ပယ်ဖို့ ဘာကြောင့် ဒီလောက်အရေးကြီးမှန်း သင် သဘောပေါက်သလား။ ယေဟောဝါက အချိန်မနှောင်းခင် သင့်ကို အဲဒီလိုလုပ်စေချင်တယ်။—ဗျာဒိတ် ၁၈:၄။

လူမျိုးပေါင်းစုံပါဝင်တဲ့ ယေဟောဝါသက်သေအုပ်စုထဲမှာ ကြိုဆိုခံရတဲ့လူငယ်

ယေဟောဝါရဲ့လူတွေနဲ့အတူ ကိုယ်တော့်ကို ဝတ်ပြုမယ်ဆိုရင် ကမ္ဘာချီမိသားစုမှာ သင်လည်း တစ်ဦးအပါအဝင် ဖြစ်ပါလိမ့်မယ်

၁၉။ ယေဟောဝါကို ဝတ်ပြုဖို့ ဆုံးဖြတ်မယ်ဆိုရင် သင့်ကို ကိုယ်တော် ဘယ်လိုကူညီမလဲ။

၁၉ မှားယွင်းတဲ့ဘာသာကို စွန့်ပြီး ယေဟောဝါကို ဝတ်ပြုဖို့ ဆုံးဖြတ်တဲ့အခါ မိတ်ဆွေနဲ့ မိသားစုဝင်တချို့က သင့်ဆုံးဖြတ်ချက်ကို နားလည်နိုင်မှာမဟုတ်ဘူး။ သင် အခက်တွေ့အောင် တားဆီးကြလိမ့်မယ်။ ဒါပေမဲ့ သင့်ကို ယေဟောဝါ ပစ်ပယ်မထားပါဘူး။ အချင်းချင်း တကယ်ချစ်ကြတဲ့ ကမ္ဘာချီမိသားစုဝင် သန်းပေါင်းများစွာထဲမှာ သင်ဟာ တစ်ဦးအပါအဝင် ဖြစ်လာပါလိမ့်မယ်။ ကမ္ဘာသစ်မှာ ထာဝစဉ်အသက်ရှင်ရမယ့် မျှော်လင့်ချက်ကိုလည်း ပိုင်ဆိုင်ရလိမ့်မယ်။ (မာကု ၁၀:၂၈-၃၀) ယေဟောဝါကို ဝတ်ပြုဖို့ သင် ဆုံးဖြတ်တာကို မလိုလားတဲ့ မိတ်ဆွေနဲ့ မိသားစုဝင်တချို့ဟာ နောက်ပိုင်းမှာ ကျမ်းစာလေ့လာသူတွေ ဖြစ်လာနိုင်တယ်။

၂၀။ ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုဖို့ ဘာကြောင့် အရေးကြီးတာလဲ။

၂၀ မကြာခင် ဆိုးသွမ်းမှုမှန်သမျှကို ဘုရားသခင် ဖျက်ဆီးတော့မယ်။ ဘုရားသခင့်နိုင်ငံတော်က ကမ္ဘာမြေကို အုပ်ချုပ်တော့မယ်။ (၂ ပေတရု ၃:၉၊ ၁၃) တကယ်ပျော်စရာကောင်းတဲ့အချိန် ဖြစ်မှာပဲ။ လူတိုင်းဟာ ယေဟောဝါနှစ်သက်တဲ့နည်းနဲ့ ယေဟောဝါကို ဝတ်ပြုကြပါလိမ့်မယ်။ ဒါကြောင့် အခုချိန်မှာ လုပ်စရာရှိတာ လုပ်ဆောင်ဖို့၊ ဘုရားသခင်ကို နည်းမှန်လမ်းကျ ဝတ်ပြုဖို့ သိပ်အရေးကြီးတယ်။

ဘုရားသခင်ကို ဝတ်ပြုတဲ့သူတွေဟာ

လူမျိုး၊ အသက်အရွယ်၊ အခြေအနေ မတူသူတွေ စစ်မှန်တဲ့ဝတ်ပြုရေးကို လိုက်လျှောက်ကြ
  • ကျမ်းစာကို အခြေခံပြီး သွန်သင်ကြတယ်

  • ယေဟောဝါကိုပဲ ဝတ်ပြုတယ်။ တခြားသူတွေကို ဘုရားနာမည် ပြောပြတယ်

  • အချင်းချင်း ချစ်ကြတယ်

  • ကျွန်တော်တို့ကို ကယ်တင်ဖို့ ယေရှုကို ဘုရားစေလွှတ်လိုက်မှန်း ယုံကြည်ကြတယ်

  • နိုင်ငံရေးမှာ မပါဝင်ကြဘူး

  • ဘုရားသခင့်နိုင်ငံတော်ကသာ ကမ္ဘာ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်တယ်လို့ ဟောပြောကြတယ်

အကျဉ်းချုပ်

အမှန်တရား ၁။ စစ်မှန်တဲ့ဝတ်ပြုရေးကို ခွဲခြားသိနိုင်ပုံ

“အသက်ရှင်ခြင်းကို ပို့ဆောင်တဲ့ တံခါးကတော့ ကျဉ်းမြောင်းပြီး လမ်းကလည်း ကြမ်းတဲ့အတွက် ရှာတွေ့သူတွေ နည်းတယ်။”—မဿဲ ၇:၁၄

ဝတ်ပြုမှုပုံစံအားလုံးကို ဘုရားလက်ခံတာ မဟုတ်မှန်း ဘယ်လိုသိနိုင်သလဲ။

  • မဿဲ ၇:၂၁–၂၃

    ဘာသာအားလုံးကို ဘုရားလက်ခံတာ မဟုတ်ဘူး။ ဘာသာတိုင်း ဘုရားအလိုတော်ဆောင်ကြတာ မဟုတ်ဘူး။

  • မဿဲ ၇:၁၃၊ ၁၄

    စစ်မှန်တဲ့ဝတ်ပြုရေးဟာ ထာဝရအသက်ကို ပို့ဆောင်တယ်။ မှားယွင်းတဲ့ဘာသာကတော့ ထာဝရပျက်စီးခြင်းကို ပို့ဆောင်တယ်။

  • မဿဲ ၇:၁၆၊ ၁၇

    စစ်မှန်တဲ့ဘာသာ ဟုတ်မဟုတ် သူတို့ရဲ့အကျင့်ကို ကြည့်ပြီး သိနိုင်တယ်။ ဘာသာအားလုံးအကြောင်း လေ့လာနေစရာ မလိုဘူး။ ကျမ်းစာသွန်သင်တာကိုပဲ လေ့လာပါ။

အမှန်တရား ၂။ ဘုရားကို နည်းမှန်လမ်းကျ ဝတ်ပြုနိုင်ပုံ

  • ၁ သက်သာလောနိတ် ၂:၁၃။ ၂ တိမောသေ ၃:၁၆၊ ၁၇

    ကျမ်းစာမှာပါတာကိုပဲ ယုံကြည်ပါ၊ ကျမ်းစာအတိုင်း သွန်သင်ပါ။

  • မဿဲ ၄:၁၀။ ယောဟန် ၁၇:၆

    ယေဟောဝါကို ကိုးကွယ်ပါ၊ ဘုရားနာမည်ကို သုံးပါ။

  • ယောဟန် ၁၃:၃၅

    အချင်းချင်း စိတ်ရင်းမှန်နဲ့ ချစ်ကြပါ။

  • ယောဟန် ၃:၃၆။ တမန်တော် ၄:၁၂

    ယေရှုကို နာခံပါ။ ယေရှုကတစ်ဆင့် ကျွန်တော်တို့ကို ဘုရားသခင် ကယ်တင်တယ်။

  • ယောဟန် ၁၈:၃၆။ တမန်တော် ၅:၂၉

    နိုင်ငံရေးမှာ မပါဝင်နဲ့။

  • မဿဲ ၂၄:၁၄။ ၆:၁၀

    ဘုရားသခင့်နိုင်ငံတော်ကသာ လူ့ပြဿနာတွေကို ဖြေရှင်းပေးနိုင်တဲ့အကြောင်း တခြားသူတွေကို သင်ပေးပါ။

အမှန်တရား ၃။ ယုံကြည်ချက်အတိုင်း လုပ်ဆောင်ဖို့လိုတယ်

ဘုရားနှစ်သက်တဲ့နည်းနဲ့ ဝတ်ပြုချင်တယ်ဆိုရင် ဘာလုပ်ရမလဲ။

  • ယာကုပ် ၂:၁၉

    ဘုရားကို ယုံကြည်ရုံနဲ့ မလုံလောက်ဘူး။ ကျမ်းစာပြောတဲ့အတိုင်း လုပ်ဖို့လိုတယ်။

  • ဟေရှာယ ၅၂:၁၁။ ဗျာဒိတ် ၁၇:၅

    မှားယွင်းတဲ့ဘာသာ၊ တစ်နည်းအားဖြင့် “မဟာဗာဗုလုန်” ဟာ ဘုရား မနှစ်သက်တဲ့နည်းနဲ့ ဝတ်ပြုဖို့ လူတွေကို သွန်သင်ပေးတယ်။ မှားယွင်းတဲ့ဘာသာရဲ့ သွန်သင်ချက်တွေထဲမှာ သုံးပါးပေါင်းတစ်ဆူ၊ ဝိညာဉ်မသေနိုင်၊ မီးငရဲ စတဲ့ အယူဝါဒတွေ ပါဝင်တယ်။

  • ဗျာဒိတ် ၁၈:၄၊ ၈

    မှားယွင်းတဲ့ ဘာသာအားလုံးကို ယေဟောဝါ မကြာခင် ဖျက်ဆီးတော့မယ်။ မှားယွင်းတဲ့ဘာသာနဲ့ဆက်နွှယ်နေတာ မှန်သမျှကို မပတ်သက်ပါနဲ့။

  • မာကု ၁၀:၂၈–၃၀

    ဆန့်ကျင်မှု ကြုံရရင်တောင် သင့်ကို ယေဟောဝါ ပစ်ပယ်မထားဘူး။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ