မာတိကာ
အပိုင်း ၁ ယေဟောဝါဆီ ပြန်လာရတဲ့ အကြောင်းရင်း
ကျမ်းစာခေတ်က ယေဟောဝါရဲ့ကျေးကျွန်တွေလည်း ကျွန်တော်တို့လို အခက်အခဲတွေ ကြုံခဲ့ရတယ်။ ဘုရားသခင်က သူတို့ကို ကူညီပေးခဲ့သလို ဒီနေ့ခေတ်မှာလည်း ကူညီပေးမယ်လို့ ကတိပေးထားတယ်။ ဂရုစိုက်တတ်တဲ့ မေတ္တာရှင်သိုးထိန်း ယေဟောဝါဟာ ပျောက်သွားတဲ့ သိုးတွေကို လိုက်ရှာပြီး ပြန်လာဖို့ ဖိတ်ခေါ်ထားတယ်။
အပိုင်း ၁ “ပျောက်တဲ့သိုးကို လိုက်ရှာမယ်”
အပိုင်း ၂-၄ ပြန်လာချိန်မှာ ကြုံရမယ့် အခက်အခဲတချို့က ဘာတွေလဲ
ဘုရားသခင်ကို သစ္စာရှိရှိ ကိုးကွယ်သူတွေတောင် စိုးရိမ်ပူပန်မှုတွေ များပြီး စိတ်ထိခိုက်ရတဲ့အပြင် အပြစ်ရှိတယ်လို့ ခံစားနေရတဲ့အတွက် ဘုရားရေးရာမှာ မပါဝင်နိုင်တော့ဘူး။ အခြေအနေ ပြန်ကောင်းလာအောင်၊ ညီအစ်ကို/မတွေနဲ့ ပြန်ပေါင်းသင်းနိုင်အောင်၊ ပျော်ရွှင်မှုပြန်ရအောင် သူတို့ကို ယေဟောဝါ ဘယ်လို ကူညီပေးခဲ့သလဲဆိုတာ ဆန်းစစ်ကြည့်ပါ။
အပိုင်း ၂ စိုးရိမ်ပူပန်မှု “အဘက်ဘက်ကနေ ဖိနှိပ်ခံရ”
အပိုင်း ၃ စိတ်ထိခိုက်မှု “မကျေနပ်စရာ” တွေကြောင့် စိတ်ထိခိုက်တဲ့အခါ
အပိုင်း ၄ အပြစ်ရှိတယ်လို့ ခံစားရခြင်း “အပြစ်မရှိတော့အောင် သန့်စင်ပေးပါ”
အပိုင်း ၅ ယေဟောဝါဆီ ပြန်လာနိုင်ပုံ
ယေဟောဝါက သင့်ကို ပြန်လာစေချင်တယ်ဆိုတဲ့ အထောက်အထားတွေကို သုံးသပ်ကြည့်ပါ။ ညီအစ်ကို/မတချို့ ယေဟောဝါဆီ ဘယ်လို ပြန်လာသလဲ၊ အသင်းတော်က ဘယ်လို ကြိုဆိုသလဲ၊ ဘုရား ရေးရာမှာ ဇွဲရှိရှိ ပြန်ပါဝင်နိုင်ဖို့ အကြီးအကဲတွေ ဘယ်လို ကူညီပေးသလဲဆိုတာ လေ့လာကြည့်ပါ။