ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • scl စာ. ၃-၅
  • နိဒါန်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နိဒါန်း
  • ခရစ်ယာန် အသက်တာအတွက် ကျမ်းပိုဒ်များ
ခရစ်ယာန် အသက်တာအတွက် ကျမ်းပိုဒ်များ
scl စာ. ၃-၅

နိဒါန်း

ကြုံနေရတဲ့ အခက်အခဲတွေ ဖြေရှင်းဖို့ ကူညီပေးနိုင်တဲ့ ကျမ်းပိုဒ်တွေ၊ ကျမ်းမှတ်တမ်းတွေကို ခရစ်ယာန် အသက်တာအတွက် ကျမ်းပိုဒ်များ စာအုပ်မှာ အလွယ်တကူ ရှာနိုင်တယ်။ တခြားသူတွေကို အားပေးတဲ့အခါ၊ ယေဟောဝါ ဘုန်းထင်ရှားစေမယ့် ဆုံးဖြတ်ချက်တွေ သူတို့ ချနိုင်အောင် ကူညီပေးတဲ့အခါ သုံးဖို့ သင့်တော်တဲ့ ကျမ်းပိုဒ်တွေလည်း ရှာနိုင်တယ်။ စိတ်ဝင်စားတဲ့ အကြောင်းအရာ ရွေးလိုက်ပါ။ အကြောင်းအရာတစ်ခုစီမှာ အထောက်အကူပြု မေးခွန်းတွေ၊ ကျမ်းမှတ်တမ်း အကျဉ်းချုပ် ဖော်ပြချက်တွေ ပါတယ်။ (“ဒီစာအုပ် အသုံးပြုပုံ” လေးထောင့်ကွက်ကို ကြည့်ပါ။) ကိုယ် လိုအပ်တာနဲ့ ကိုက်တဲ့၊ အကျိုးရှိတဲ့ ကျမ်းစာအခြေပြု အကြံဉာဏ်၊ လမ်းညွှန်မှု၊ နှစ်သိမ့်မှု ရလာမယ်။ တခြားသူတွေ ပြဿနာ ဖြေရှင်းနိုင်အောင် ကူညီပေးဖို့၊ အကြံပေးဖို့၊ အားပေးဖို့ သုံးနိုင်တဲ့ ကျမ်းပိုဒ်တွေလည်း သိလာမယ်။

ဒီစာအုပ် အသုံးပြုပုံ

အကြောင်းအရာတစ်ခုကို ရှာဖွေရန် အကွက်မှာ ရှာနိုင်တယ်။ ဒါမှမဟုတ် အကြောင်းအရာလိုက် စီထားတဲ့ အုပ်စုမှာ ရှာနိုင်တယ်။ ခရစ်ယာန် အသက်တာအတွက် ကျမ်းပိုဒ်များ စာအုပ်မှာ အကြောင်းအရာတွေကို အခက်အခဲ၊ အမူအကျင့်၊ အသင်းတော်၊ နေ့စဉ် အသက်တာ၊ မိသားစု၊ ဘုရားရေးရာ၊ အရည်အသွေး ဆိုပြီး အုပ်စု ခုနစ်စု ခွဲထားတယ်။ ရှာနေတဲ့ အကြောင်းအရာကို အုပ်စု တစ်စုစုမှာ တွေ့မှာပါ။ သက်ဆိုင်တဲ့ အုပ်စုတစ်စု ရွေးပြီး စာရင်းမှာ ရှာကြည့်ပါ။ ရှာနေတဲ့ အကြောင်းအရာ ဘယ်အုပ်စုမှာ ပါမလဲ မသေချာရင် စာအုပ်မှာ ပါသမျှ အကြောင်းအရာအားလုံးကနေ ရှာကြည့်ဖို့ အားလုံး ဆိုတာကို ရွေးပါ။ အကြောင်းအရာ တစ်ခုစီအောက်မှာ စာလုံးမည်းနဲ့ ဖော်ပြထားတဲ့ ခေါင်းစဉ် တော်တော်များများ တွေ့ရမယ်။ တချို့က ဝါကျ ဖြစ်ပြီး တချို့က မေးခွန်း ဖြစ်တယ်။ ခေါင်းစဉ်အောက်မှာ စာလုံးမည်းနဲ့ ဖော်ပြထားတဲ့ ကျမ်းပိုဒ်တွေ ဖတ်တဲ့အခါ အဲဒီကျမ်းပိုဒ်တွေက အထက်ပါ ဖော်ပြချက်ကို ဘယ်လို ထောက်ခံနေသလဲ၊ မေးခွန်းကို ဘယ်လို ဖြေပေးသလဲ စဉ်းစားပါ။ အချက်အလက်တွေ မြန်မြန်ဆန်ဆန် ရှာတွေ့အောင် အကြောင်းအရာတချို့ကို အပိုင်းတွေ ခွဲထားတယ်။ တချို့နေရာတွေမှာ “ကိုလည်း ကြည့်ပါ” လို့ ဖော်ပြထားတဲ့ ကျမ်းပိုဒ်တွေ ပါတယ်။ အကြောင်းအရာနဲ့ ဆက်စပ် စဉ်းစားနိုင်တဲ့ ကျမ်းပိုဒ်တွေ ဖြစ်တယ်။ အကြောင်းအရာ တော်တော်များများမှာ “သက်ဆိုင်တဲ့ ကျမ်းမှတ်တမ်း(များ)” ဆိုတာ ပါတယ်။ ကိုးကားထားတဲ့ ကျမ်းပိုဒ်ထဲက အဓိက အချက် ဒါမှမဟုတ် သင်ခန်းစာကို ဝါကျတိုနဲ့ ဖော်ပြတယ်။ ကျမ်းပိုဒ် ဖတ်တဲ့အခါ ဖော်ပြထားတဲ့ ဝါကျကို မှီပြီး စဉ်းစားပါ။

အကြောင်းအရာတစ်ခုအတွက် သက်ဆိုင်သမျှ ကျမ်းပိုဒ်အားလုံးတော့ ဒီစာအုပ်မှာ ဖော်ပြမထားဘူး။ အသုံးအတည့်ဆုံး ဖြစ်မယ့် ကျမ်းပိုဒ်တွေပဲ ဖော်ပြထားတယ်။ လိုအပ်ရင် တခြားကိရိယာတွေ သုံးပြီး ထပ်ဆင့်ရှာဖွေပါ။ (ပ ၂:၁-၆) ကျမ်းပိုဒ်တစ်ပိုဒ်ရဲ့ အဓိပ္ပာယ်၊ လက်တွေ့ကျင့်နိုင်ပုံကို ထပ်သိချင်ရင် ယေဟောဝါသက်သေတွေအတွက် ကျမ်းစာလေ့လာမှု လမ်းညွှန် စာအုပ် “ကျမ်းချက် ရှင်းပြချက်များ” မှာ ရှာပါ။ အဲဒီကျမ်းပိုဒ်နဲ့ပတ်သက်ပြီး ထုတ်ထားသမျှ စာပေတွေ တွေ့ရမယ်။ နောက်ဆုံး နားလည်မှုနဲ့အညီ ဖြစ်စေဖို့ နောက်ဆုံးထုတ် စာပေတွေမှာ ကြည့်ပါ။

ကျမ်းစာမှာ ပါတဲ့ ဉာဏ်ပညာ၊ အသိပညာ၊ သိနားလည်မှုတွေကို ဖော်ထုတ်ဖို့ ခရစ်ယာန် အသက်တာအတွက် ကျမ်းပိုဒ်များ စာအုပ်က ကူညီပေးပါစေ။ ဒီစာအုပ်ကို အသုံးပြုတဲ့အခါ “ဘုရားသခင်ရဲ့ နှုတ်ထွက်စကားဟာ ရှင်သန်နေတယ်၊ အစွမ်းထက်တယ်” ဆိုတာ ပိုစိတ်ချလာမယ်။—ဟီ ၄:၁၂။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ