ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • wcg အခန်း ၁၇ စာ. ၈၂-စာ. ၈၅
  • ‘အမျိုးသမီးတွေထဲမှာ ချီးမွမ်းထိုက်ဆုံးသူ’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘အမျိုးသမီးတွေထဲမှာ ချီးမွမ်းထိုက်ဆုံးသူ’
  • ဘုရားသခင်နဲ့အတူ သတ္တိရှိရှိ လျှောက်လှမ်းပါ
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရှာဖွေလေ တွေ့ရှိလေ
  • တွေးတောစရာ သင်ခန်းစာ
  • အတွေးနယ်ချဲ့ကြည့်ပါ
  • ထပ်လေ့လာပါ
  • ခေါင်းဆောင်အသစ်နဲ့ သတ္တိရှိတဲ့ အမျိုးသမီးနှစ်ယောက်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • အစ္စရေးလူမျိုးရဲ့ မိခင်သဖွယ် ငါဖြစ်လာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • သတ္တိကောင်းတဲ့ မိန်းမနှစ်ယောက်အကြောင်း
    ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်
  • ယုံကြည်ခြင်းဖြင့် အင်အားကြီးသောစစ်တပ်ကို ဗာရက် အပြီးအပိုင်ချေမှုန်းခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
နောက်ထပ် ကြည့်ပါ
ဘုရားသခင်နဲ့အတူ သတ္တိရှိရှိ လျှောက်လှမ်းပါ
wcg အခန်း ၁၇ စာ. ၈၂-စာ. ၈၅

၁၇ ယေလ

‘အမျိုးသမီးတွေထဲမှာ ချီးမွမ်းထိုက်ဆုံးသူ’

ပုံနှိပ်စာပေ
ပုံနှိပ်စာပေ

ယေဇရေလလွင်ပြင်မှာ စစ်သည်တွေကို ထားခဲ့ပြီး ဗိုလ်ချုပ် သိသရ ကိုယ်လွတ်ရုန်းပြေးလာတယ်။ စစ်မြင်းရထား ၉၀၀ ပါတဲ့ မိမိရဲ့ အင်အားကြီးစစ်တပ်ကို လက်နက်အင်အား မပြည့်စုံတဲ့ အစ္စရေး ခြေလျင်တပ် အနိုင်ပိုင်းလိုက်တာ ယုံရခက်နေမှာပဲ။ လောလောဆယ်တော့ ပုန်းမယ့်နေရာ ရှာဖို့ အတွေးပဲ သိသရဆီမှာ ရှိတယ်။ ဒါနဲ့ ကေနိတ်အမျိုးသား ဟေဗာရဲ့ တဲဆီ ထွက်ပြေးလာတယ်။

ကေနိတ်လူမျိုးဟာ အစ္စရေးလူမျိုးနဲ့ မဟာမိတ်တွေ။ ကေနိတ်အမျိုးသမီးကို မောရှေ ယူလိုက်တဲ့အချိန်ကတည်းက ကေနိတ်လူမျိုးနဲ့ အစ္စရေးလူမျိုး ဆက်ဆံရေးကောင်း ရှိကြတယ်။ အခု၊ အစ္စရေးပြည်မှာ ကေနိတ်တွေ နေကြတယ်။ ဟေဗာကတော့ ကေနိတ်အမျိုးသား ဖြစ်ပေမဲ့ အစ္စရေးတွေနဲ့ မဟာမိတ်မဖွဲ့ဘဲ ခါနန်ဘုရင် ယာဘိန်နဲ့ မဟာမိတ်ဖွဲ့တယ်။ ဒါကြောင့် ယာဘိန်ရဲ့ ဗိုလ်ချုပ် သိသရက ဟေဗာတို့ဆီမှာ သွားပုန်းဖို့ တွေးမိတာ။ ဟေဗာရဲ့ ဇနီး ယေလဟာ အစ္စရေးတွေဘက်က ဖြစ်နိုင်တယ်လို့တော့ မတွေးမိပုံပဲ။

သိသရ ရောက်လာချိန်မှာ တဲမှာ ယေလတစ်ယောက်တည်း ရှိနေတယ်။ ဘာလုပ်မလဲဆိုတာ ယေလ ခပ်မြန်မြန် စဉ်းစားရတော့တယ်။ သိသရ ဘယ်သူမှန်း၊ ဘယ်လောက် အန္တရာယ်များမှန်း ယေလ သိတယ်။ အမျိုးသမီးတစ်ယောက်ရဲ့ လက်ချက်နဲ့ သိသရ သေမယ်ဆိုပြီး ပရောဖက်မ ဒေဗောရ ပြောထားတာကိုတော့ မသိလောက်ဘူး။ ဒါပေမဲ့ ယေဟောဝါ ဘာလုပ်စေချင်တယ်ဆိုတာ စဉ်းစားမိပုံပဲ။

သိသရ ရောက်လာချိန်မှာ ယေလ တဲအပြင်ဘက်မှာ ရပ်နေ။ တဲထဲမှာ သစ်သားတူ ရှိနေ။

ဗာရက်ရဲ့ အောင်ပွဲအကြောင်း စွမ်းအားတော် လှုံ့ဆော်မှုနဲ့ နောက်ပိုင်းမှာ ဒေဗောရ သီချင်းစပ်ဆိုတယ်။ အဲဒီသီချင်းမှာ “ကေနိတ်လူ ဟေဗာရဲ့ ဇနီး ယေလဟာ အမျိုးသမီးတွေထဲမှာ ချီးမွမ်းထိုက်ဆုံးပဲ။ တဲမှာ နေတဲ့ အမျိုးသမီးတွေထဲမှာ ချီးမွမ်းထိုက်ဆုံးပဲ” ဆိုတဲ့ စာသား ပါတယ်။ ဒါကြောင့် ယေလဟာ ဝေဖန်ရေးသမားတချို့ ပြောသလို စဉ်းလဲသူ၊ ရက်စက်သူ မဟုတ်ဘူး။ ရဲရင့်ပြတ်သားသူ ဖြစ်တယ်။ ရာခပ်လိုပဲ ယေဟောဝါဘက် ရပ်တည်ဖို့ ရွေးချယ်သူ ဖြစ်တယ်။ ဘုရားလူမျိုးရဲ့ ရန်သူ သိသရကို ဇာတ်သိမ်းပစ်ဖို့ အခွင့်အရေး ယေလလက်ထဲ ရောက်လာပြီ။ ယေလ ဘာလုပ်မလဲ။

စစ်ရည်ဝနေတဲ့ စစ်သူရဲတစ်ယောက်၊ ယောက်ျားရင့်မာတစ်ယောက်ကို အင်အားချင်း မယှဉ်နိုင်မှန်း ယေလ သိတယ်။ ဒါကြောင့် တဲထဲမှာ လာနားဖို့ သိသရကို ခေါ်လိုက်တယ်။ သိသရ တဲထဲ ဝင်လာတော့ စောင်ခြုံပေးတယ်။ ရေတောင်းသောက်တဲ့အချိန်မှာ သားရေနို့ဘူးကို ဖွင့်ပြီး တိုက်တယ်။ တဲဝမှာ ရပ်စောင့်နေဖို့၊ ‘တစ်ယောက်ယောက် လာသေးလား’ လို့ မေးခဲ့ရင် ‘မလာဘူး’ လို့ ပြောဖို့ ယေလကို သိသရ မှာပြီး မောမောပန်းပန်းနဲ့ အိပ်မောကျသွားတယ်။

ရက်စက်ကြမ်းကြုတ်တဲ့ စစ်သူရဲကို ကွပ်မျက်ဖို့ အမျိုးသမီးတစ်ယောက်ကို ယေဟောဝါ ရွေးချယ်

သိသရကို လုပ်ကြံဖို့ အချိန်ကောင်းပဲ။ ယေလဟာ တဲမှာ နေတဲ့ အမျိုးသမီးပီပီ သူ ကျွမ်းကျွမ်းကျင်ကျင် သုံးတတ်တဲ့ တဲငုတ်တိုင်တစ်ချောင်းနဲ့ တူကို ယူလိုက်တယ်။ တဲငုတ်တိုင်ကော တူပါ သစ်သားနဲ့ လုပ်ထားတာ ဖြစ်နိုင်တယ်။ အဲဒီနောက် သိသရအနားကို အသာလေး သွား၊ ခေါင်းရင်းနားမှာ ဒူးထောက်လိုက်တယ်။ တစ်ချက်လေး လွဲလို့ သိသရ နိုးသွားရင် ယေလဘဝ ဇာတ်သိမ်းပြီ။ ဒါပေမဲ့ တဲငုတ်တိုင်ကို နားထင်ကနေ မြေကြီးထဲ စိုက်ဝင်သွားတဲ့အထိ ရိုက်သွင်းလိုက်လို့ သိသရ သေသွားတယ်။

အဲဒီအချိန်မှာပဲ သိသရကို လိုက်ရှာနေတဲ့ တရားသူကြီး ဗာရက် ရောက်လာတော့ ယေလ ထွက်ကြိုပြီး “လာပါ။ ရှင် လိုက်ရှာနေတဲ့လူကို ကျွန်မ ပြမယ်” လို့ ပြောတယ်။ တဲထဲ ဝင်သွားတော့ “ယေဟောဝါဘုရားက သိသရကို အမျိုးသမီးတစ်ယောက်လက်ထဲ အပ်လိမ့်မယ်” ဆိုတဲ့ ဒေဗောရရဲ့ ပရောဖက်ပြုစကားအတိုင်း ဖြစ်နေတာကို ဗာရက် တွေ့လိုက်ရတယ်။

အောင်ပွဲခံသီချင်းမှာ ယေလကို ဗာရက်နဲ့ ဒေဗောရ ချီးမွမ်းထားတယ်။ အဲဒီနောက်ပိုင်း ယေလအကြောင်း ကျမ်းစာမှာ မပါတော့ဘူး။ ဒါပေမဲ့ နှစ်ပေါင်း ၃,၂၀၀ ကျော်သွားတာတောင် ယေလဆီကနေ ကျွန်တော်တို့ သင်ခန်းစာ ယူနေရတုန်းပါပဲ။ ကျွန်တော်တို့ဟာ ပကတိစစ်ပွဲ မဆင်နွှဲပေမဲ့ စာတန်နဲ့ နတ်ဆိုးတွေကို တိုက်တဲ့ ပုံဆောင်စစ်ပွဲ ဆင်နွှဲနေကြတယ်။ ဒါကြောင့် ယေလလို သတ္တိမျိုး သိပ်လိုအပ်တယ်။

ကျမ်းမှတ်တမ်းကို ဖတ်ပါ–

  • တရားသူကြီး ၄:၉၊ ၁၁၊ ၁၇-၂၂။ ၅:၂၄-၃၁

ဆွေးနွေးရန်–

သတ္တိရှိကြောင်း ဘယ်နည်းတွေနဲ့ ယေလ ပြသလဲ။

ရှာဖွေလေ တွေ့ရှိလေ

  1. ၁။ သိသရကို တိုက်တဲ့ စစ်ပွဲနဲ့ အာမဂေဒုန်စစ်ပွဲ ဘာဆင်တူသလဲ၊ ဘာကွာသလဲ။ (က၁၉.၀၉ ၈-၉ ပိုဒ်. ၃-၆)

  2. ၂။ ယေလရဲ့ ခင်ပွန်း ဟေဗာဟာ အစ္စရေးတွေရဲ့ ရန်ဘက် ခါနန်လူမျိုးနဲ့ မဟာမိတ်ဖွဲ့ထားတယ်။ တကယ်ဆိုရင် ဟေဗာနဲ့ အစ္စရေးတွေ ဘယ်လို တော်စပ်သလဲ။ (it “ဟေဗာ” နံပါတ် ၂-wcgr)

  3. ၃။ နှစ်များစွာအကြာမှာ အစ္စရေးတွေ ဘာကြုံခဲ့ရသလဲ။ သိသရနဲ့ ယာဘိန်ကို အနိုင်ရခဲ့တဲ့ တိုက်ပွဲအကြောင်း ပြန်စဉ်းစားတာက သူတို့ရဲ့ ယုံကြည်ခြင်းကို ဘယ်လို ခိုင်ခံ့စေသလဲ။ (က၀၈ ၁၀/၁၅ ၁၂-၁၃ ပိုဒ်. ၃-၅။ ၁၄-၁၅ ပိုဒ်. ၁၂-၁၅)

  4. ၄။ ယေလကို ဒေဗောရ ချီးမွမ်းပုံကနေ ဘာသင်ယူနိုင်သလဲ။ (သူကြီး. ၅:၂၄။ က၁၅ ၈/၁ ၁၅ ပိုဒ်. ၃) ရုပ်ပုံ က

ဒေဗောရနဲ့ ဗာရက် အောင်ပွဲခံသီချင်း သီဆိုနေချိန်မှာ အစ္စရေးတွေ ချူတပ်ဗုံ တီးပြီး ကခုန်နေ။

ရုပ်ပုံ က

ရုပ်ပုံ က

တွေးတောစရာ သင်ခန်းစာ

  • မယုံကြည်သူ ခင်ပွန်း ရှိတဲ့ ညီအစ်မတစ်ယောက်ဟာ ယေလလို သတ္တိမျိုး ဘယ်အချိန်မှာ လိုနိုင်သလဲ။

  • ယေလဟာ ဒေဗောရလို ပရောဖက်မ မဟုတ်သလို ဗာရက်လို စစ်သည်လည်း မဟုတ်ဘူး။ ဒါပေမဲ့ လုပ်နိုင်တာ လုပ်တယ်။ ကိုယ့်မှာ ကန့်သတ်ချက်တွေ ရှိတယ်ဆိုရင် ယေလကို ဘယ်လို အတုယူနိုင်သလဲ။ ရုပ်ပုံ ခ

    ရုပ်ပုံ– ၁။ ဘီးတပ်ကုလားထိုင် သုံးနေရတဲ့ သက်ကြီးညီအစ်မတစ်ယောက် ကတ်တစ်ကတ် ရေးပြီး စာအိတ်ထဲမှာ ပိုက်ဆံ ထည့်နေ။ ၂။ ကတ်မှာ ရေးထားတဲ့ စာကို ဖတ်ပြီး မောင်နှံတစ်စုံ ပြုံးပျော်နေ။

    ရုပ်ပုံ ခ

  • ယေလရဲ့ သတ္တိကို တခြားဘယ်နည်းတွေနဲ့ အတုယူနိုင်မလဲ။

အတွေးနယ်ချဲ့ကြည့်ပါ

  • ဒီမှတ်တမ်းကနေ ယေဟောဝါအကြောင်း ဘာသိရသလဲ။

  • ဒီမှတ်တမ်းက ယေဟောဝါရဲ့ ရည်ရွယ်ချက်နဲ့ ဘယ်လို ဆက်စပ်နေသလဲ။

  • ယေလ အသက်ပြန်ရှင်လာတဲ့အခါ ဘာမေးချင်သလဲ။

ထပ်လေ့လာပါ

ညီအစ်မငယ်တစ်ယောက် သက်သေခံနိုင်ဖို့ ယေလရဲ့ စံနမူနာက ဘယ်လို လှုံ့ဆော်ပေးကြောင်း ဒီသရုပ်ပြတင်ဆက်မှုမှာ ကြည့်ပါ။

ကြောက်တတ်သူကို မဟုတ်ဘဲ ရဲစွမ်းသတ္တိရှိသူကို အတုယူပါ—မေရောဇအရပ်သားတွေကို မဟုတ်ဘဲ ယေလကို အတုယူပါ (၁:၄၀)

ယေလအပြင် တုပထိုက်စရာ အမျိုးသမီး အများကြီး ရှိတယ်။ သူတို့ထဲက တချို့အကြောင်း ဖတ်ကြည့်ပါ။

ကျမ်းစာပါ အမျိုးသမီးတွေဆီက ဘာသင်ယူနိုင်သလဲ (ijwbq ဆောင်းပါး ၁၆၁)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ