အပိုင်း ၁
ဧနောက်ခေတ်မှ တရားသူကြီးခေတ်
ပုံနှိပ်စာပေ
ဒီအပိုင်းဟာ နှစ်ပေါင်း ၂,၂၀၀ လောက်ကို ခြုံငုံမိပါတယ်။ အာဒံ အသက်ရှင်စဉ်ကာလကို မီတဲ့ ဧနောက်ခေတ်ကနေ စပြီး ဦးဆုံး အစ္စရေးမင်းကို ဘိသိက်ပေးသူ ပရောဖက် ရှမွေလခေတ်မှာ အဆုံးသတ်တယ်။ နောဧ၊ အာဗြဟံ၊ စာရာ၊ မောရှေ၊ ရာခပ်၊ ဒေဗောရ၊ ဂိဒေါင်တို့လို သတ္တိရှိသူတွေအကြောင်းလည်း ဒီအပိုင်းမှာ ပါတယ်။ သူတို့ထဲက တချို့ဟာ အန္တရာယ်တွေ ရင်ဆိုင်ကျော်ဖြတ်ပြီး ခရီးဝေးနှင်ခဲ့ကြတယ်။ တချို့ကျတော့ “ယေဟောဝါရဲ့ စစ်ပွဲ” မှာ တိုက်ခိုက်ခဲ့ကြတယ်။ ဘုရားပေးတာဝန် ကျေပွန်အောင် ထမ်းဆောင်ရင်း သူတို့အားလုံး သတ္တိတင်ပြခဲ့ကြတယ်။