ကျွန်တော်ဖတ်နေတာကို တွေ့တော့ သူတို့ အံ့ဩကြတယ်
ဖီ လိပိုင်မှ လူငယ်တစ်ဦးက ဤသို့ရေးသည်။ “ကျွန်တော်ဟာ ပထမနှစ် အထက်တန်းကျောင်းသားတစ်ဦးဖြစ်ပြီး စိတ်ထက်သန်တဲ့ ကာသိုလိပ်တစ်ယောက်ဖြစ်ပါတယ်။ မိတ်ဆွေတစ်ယောက်က ကျွန်တော်.ကို Awake! နဲ့ ကင်းမျှော်စင် ပြတဲ့အခါ ကျွန်တော်လက်ခံလိုက်မိတယ်။ ယေဟောဝါသက်သေတွေက ထုတ်ပေမဲ့ အဲ့ဒါတွေ အတော်စိတ်ဝင်စားစရာကောင်းတာ ကျွန်တော်တွေ့ရတယ်။ ကျွန်တော်ဟာ ကျောင်းခန်းထဲမှာ အဲ့ဒါကိုဖတ်တော့ သူငယ်ချင်းတွေက အံ့ဩကြတယ်။ ကျွန်တော်ဟာ ကာသိုလိပ် တစ်ယောက်ဖြစ်နေလို့ဘဲ။ ကျွန်တော်.သူငယ်ချင်းတွေကိုလည်း တစ်စောင်ပေးလိုက်တော့ သူတို့လည်း ကြိုက်ကြတယ်။ မဂ္ဂဇင်းဟာ ဘာသာရေးဆရာဆီရောက်သွားတဲ့အခါ သူလည်း စိတ်ဝင်စားမှုပြတယ်။ ယနေ့ သီလပြဿနာတွေဖေါ်ပြထားလို့ပါဘဲ။ ဆက်ပြီးပုံနှိပ်နေမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။”
သင်လည်း ကျမ်းစာကျင့်စဉ်များကို သင်ယူရာ၌ ဤမဂ္ဂဇင်းသည် အလွန်အထောက်အကူပြုပါလိမ့်မည်။ အောက်ပါလိပ်စာကိုဖြည့်ပြီး ပို့လိုက်ပါက သင့်အိမ်အရောက်ပို့ပေးပါမည်။ ကျပ် ၈၀ သာဖြစ်သည်။