ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၁/၁ စာ. ၈-၉
  • တိုင်းနိုင်ငံများ မေဂိဒ္ဒေါ၌ စုရုံးခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • တိုင်းနိုင်ငံများ မေဂိဒ္ဒေါ၌ စုရုံးခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • အာမဂေဒုန်—ပျော်ရွှင်ဖွယ်ကောင်းသောအစ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • အာမဂေဒုန်—စစ်ပွဲအားလုံးကို အဆုံးတိုင်စေမည့် ဘုရားသခင့်စစ်ပွဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • စာရှုသူများထံမှ မေးခွန်းလွှာ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • အာမဂေဒုန်
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၁/၁ စာ. ၈-၉

ကတိထားရာ နယ်မြေမှ မြင်ကွင်းများ

တိုင်းနိုင်ငံများ မေဂိဒ္ဒေါ၌ စုရုံးခြင်း

“သုတေသီများ ကမ္ဘာ့အာမဂေဒုန်အပေါ် အပူနှင့်အအေးမှုတ်ထုတ်” ဟူ၍သိပ္ပံဆိုင်ရာဆောင်းပါးတစ်ခုတွင် နျူးကလီးယားစစ်သည် အေးခဲစေမည့် “နျူးကလီးယားဆောင်းဥတု” သို့မဟုတ် လောင်ကျွမ်းစေမည့် “နျူးကလီးယား နွေဥတု” ဖြစ်စေနိုင်မည်၊ မနိုင်မည်အကြောင်း ဖေါ်ပြထားသည်။

သင်လည်း “အာမဂေဒုန်” နှင့် ကျွန်ုပ်တို့၏ အကြပ်အတည်းအချိန်ကို ဆက်စပ်ပြောဆိုသည့် စကားများကြားဘူးပေမည်။ အာမဂေဒုန်ကား အဘယ်နည်း။ သင်၏အသက်လည်း ပတ်သက်နေသောကြောင့် သင်သိလိုပေမည်။

အထက်ပါ မေဂိဒ္ဒေါအရပ်ကို အပေါ်စီးမှမြင်ရပုံကို ကြည့်ပါ။ ဤကား ရှေးဣသရေလခေတ်က စစ်ဗျူဟာဒေသဖြစ်သည်။ တမန်တော်ယောဟန်သည် “ဟေဗြဲဘာသာအားဖြင့် ဟာမဂေဒုန် [မေဂိဒ္ဒေါ]” သို့မဟုတ် အာမဂေဒုန်ဟုရေးခဲ့ရာ ထိုအမည်ကိုသုံးခဲ့ခြင်းဖြစ်မည်။ (ဗျာဒိတ် ၁၆:၁၆) မေဂိဒ္ဒေါ၏နောက်ခံကို သိထားခြင်းက ထိုစကားလုံးများကို ထွန်းလင်းပေးသည်။

၄င်း၏တည်နေရာကို တွဲဘက်မြေပုံတွင် တွေ့နိုင်သည်။ အဓိကလမ်းနှစ်သွယ် တွေ့ရသည်။ ကရမေလတောင်တန်းသည် တောင်ဘက်ရှိအီဂျစ်နှင့်ဒမာသက်မြို့ကိုသော်လည်းကောင်း၊ မြောက်ဘက်ရှိ ဥဖရတ်မြစ်ဘက်အခြားမြို့များကိုလည်းကောင်း တောင်မြောက်လမ်းက ကြားတွင်ကာဆီးထားသည်။ ထို့ကြောင့် စစ်တပ်များနှင့် ကုန်သည်ရထားများသည် ပုံ၏လက်ယာဘက်ရှိ မေဂိဒ္ဒေါဘေး၏ မြေနိမ့်လမ်းကြောင်းမှ လာရသည်။ တောင်–မြောက်လမ်းသည် ယေဇရေလတောင်ကြားတွင် အရေးပါသော တုရုနှင့်ယော်ဒန်တောင်ကြားလမ်း သို့မဟုတ် ရှမာရိနှင့် ယေရုရှလင်လမ်းနှင့် ကန့်လန့်ဖြတ်ဆုံသည်။ ဤလမ်းများကို ခွထိုင်ထားသောကြောင့် မေဂိဒ္ဒေါသည် ဖြတ်သွားသူတို့ကို လွှမ်းမိုးနိုင်သည်။ မေဂိဒ္ဒေါရှေ့ရှိ တောင်ကြားသည် အပြီးသတ်စစ်တိုက်ရာနေရာ ဖြစ်ခဲ့သည်။

ဥပမာ၊ တရားသူကြီးဗာရက်သည် ဤနေရာတွင် သံရထား ၉၀၀ ရှိသော ဗိုလ်ချုပ်သိသရအောက်ရှိ ခါနာန်သားများကို အောင်နိုင်ခဲ့သည်။ (တရားသူကြီး ၄:၁-၃၊ ၁၂-၁၆။ ၅:၁၉) နောက်ပိုင်းတွင် ဖါရောနေခေါသည် ဥဖရတ်အနားရှိ အာရှုရိများကို အားဖြည့်ရန် အီဂျစ်တပ်မကြီးနှင့် ရထားများဖြင့် ချီတက်လာသည်။ အကြောင်းတစ်ခုခုကြောင့် ယုဒဘုရင်ယောရှိသည် နေခေါ်နှင့် အပြည်ပြည်ဆိုင်ရာထိပ်တိုက်ရင်ဆိုင်ရန် ဆုံးဖြတ်လိုက်သည်။ သို့သော် မည်သည့်နေရာတွင်နည်း။ ယေရုရှလင်မြောက်ဘက် ၅၅ မိုင်အကွာတွင်ရှိသော်လည်း ယောရှိသည် မေဂိဒ္ဒေါအနီး မြေပြင်ကိုရွေးချယ်လိုက်သည်။—⁠၂ ရာဇဝင်ချုပ် ၃၅:၂၀-၂၂။ ယေရမိ ၄၆:၂။

ထိုနေရာကို အီဂျစ်များ ဖြတ်သွားရမည်ကို သူသိ၍ သူ့အနေနှင့် ဣသရေလခံတပ်နှင့် သူနီးသောကြောင့် အခွင့်သာနေသည်ဟု အထင်ရှိခဲ့ပေမည်။ သင်တွေ့မြင်ရသည့်အတိုင်း တဲလ် (တောင်ကုန်း) မေဂိဒ္ဒေါသည် အတော်ကျယ်ဝန်းသည်။ ရှေ့ဟောင်းမြို့သည် သိမ်းပိုက်ရန်မလွယ်ကူချေ။ ရှောလမုန်သည် ကြီးမားသော ကျောက်နံရံကြီးများနှင့် ဧရာမကာကွယ်ရေးဂိတ်တံခါးများဖြင့် မေဂိဒ္ဒေါကို ခိုင်မာစေသည်။ a (၃ ဓမ္မရာဇဝင် ၉:၁၅) တဲလ်၏ လက်ဝဲဘက်တွင် လျှို့ဝှက်ရေပေးရာနေရာသို့ သွားရာ ဝင်ပေါက်ဖြစ်သော မြောင်းရှည်ကြီးကို သင်တွေ့မြင်နိုင်သည်။ မတ်စောက်၍ ကျောက်ပေါ်တွင် ထွင်းထားသော လှေကားတစ်ခုသည် ဣသရေလများကို ရန်သူတိုက်ခိုက်မှုမှ ကာကွယ်ပေးပြီး စမ်းရေရှိရာသို့ရောက်စေသည်။ အာဟပ်ဘုရင်အုပ်စိုးစဉ်က ဖြစ်နိုင်ဖွယ်ဖြစ်သော မြင်း ၄၅၀ ခန့်ဆန့်သော မြင်းဇောင်းကိုလည်း ဘူမိဗေဒပညာရှင်များ တူးဖေါ်တွေ့ရှိခဲ့ရသည်။—⁠၃ ဓမ္မရာဇဝင် ၉:၁၉ နှင့်နှိုင်းယှဉ်ပါ။

မေဂိဒ္ဒေါအနီး အပြတ်အသတ်တိုက်ပွဲတွင် ယောရှိသည် သေလောက်သော ဒဏ်ရာရရှိကာ ယေရုရှလင်အပြန်လမ်းတွင် သေဆုံးသွားသည်။ (၄ ဓမ္မရာဇဝင် ၂၃:၂၈-၃၀) ဤသည် ဇာခရိ ၁၂:၁၁ တွင်ဖေါ်ပြထားသော “မေဂိဒ္ဒေါချိုင့်တွင် ကြီးစွာသော ငိုကြွေးမြည်တမ်းခြင်း” ဖြစ်နိုင်သည်။ ယောရှိရှုံးနိမ့်ပြီး မကြာမီ ဗာဗုလုန်သည် အားနည်းနေသောယုဒပြည်အပေါ် သူ၏စစ်အင်အားကို ဖြန့်ခဲ့သည်။—⁠၂ ဓမ္မရာဇဝင် ၂၄:၁၊ ၂၊ ၁၂-၁၄။ ၂ ရာဇဝင်ချုပ် ၃၆:၁-၆။

ထိုသို့သော နောက်ခံအကြောင်းများကို သိထားခြင်းဖြင့် တမန်တော်ယောဟန်ကို ဗျာဒိတ်ပေးခဲ့စဉ် ‘လောကီတစ်နိုင်ငံလုံးရှိ ရှင်ဘုရင်များကို’ ‘အနန္တတန်ခိုးနှင့်ပြည့်စုံသော ဘုရား၏နေ့ကြီး၌ စစ်တိုက်ခြင်းငှာစုရုံး’ သည်ကို ကြိုတင်ဟောရာ၌ မေဂိဒ္ဒေါကို အဘယ်ကြောင့်သုံးထားကြောင်း သင်သဘောပေါက်နိုင်ပါသည်။ ဘုရားကိုဆန့်ကျင်သူ တိုင်းနိုင်ငံအားလုံးဝင်ဆန့်နိုင်မည့် နေရာတစ်ကွက် မြေကြီးပေါ်တွင်မရှိပါ။ တဲလ်မေဂိဒ္ဒေါလွှမ်းမိုးရာတောင်ကြားလည်း လုံးဝမဖြစ်နိုင်ချေ။ သို့သော် ဟာမဂေဒုန် သို့မဟုတ် အာမဂေဒုန်သည် အပြီးသတ်စစ်ပွဲကို လျောက်ပတ်စွာ ပုံဆောင်ပါသည်။—⁠ဗျာဒိတ် ၁၆:၁၄-၁၆; ၁၉:၁၁-၂၁။

ထိုကြောင့် နိုင်ငံရေးနှင့် သတင်းထောက်များသည် အာမဂေဒုန်ကို ကမ္ဘာကြီးအား ပျက်စီးစေမည့် နျူးကလီးယားစစ်ဟု လွဲမှားစွာယူမှတ်ပါစေ။ မေဂိဒ္ဒေါရာဇဝင်ကို စိတ်ထဲစွဲမှတ်ထားလျှင် ယင်းအကြောင်းကို သင်သာ၍တိကျမှန်ကန်စွာ သဘောပေါက်ပါလိမ့်မည်။ အာမဂေဒုန်ဟူသည်မှာ ဘုရားရှင်သည် ဖြောင့်မတ်သော ကမ္ဘာသစ်လမ်းကိုဖွင့်ပေးရန် လက်ရှိဆိုးယုတ်သောကမ္ဘာစနစ်ကို ဖျက်ဆီးသောအခါ တိုင်းနိုင်ငံများကို အနန္တစစ်ပွဲကြီးသို့စုရုံးခြင်းဖြစ်ကြောင်း သင်နားလည်နိုင်မည်။—⁠၂ ပေတရု ၃:၁၁-၁၃။

[အောက်ခြေမှတ်ချက်များ]

a ၁၉၈၈ ခုနှစ်၊ ဩဂုတ် ၁၅ ရက် အင်္ဂလိပ်ကင်းမျှော်စင်၊ စာမျက်နှာ ၂၄-၆ တွင် မေဂိဒ္ဒေါတံခါးဝနှင့်ပတ်သက်၍ စိတ်ဝင်စားဖွယ်မှတ်တမ်းကို ဖတ်ရှုနိုင်သည်။

[Credit Line]

Based on a map copyrighted by Pictorial Archive (Near Eastern History) Est. and Survey of Israel

[စာမျက်နှာ ၈ ပါ ရုပ်ပုံ]

ယေဟောဝါသက်သေများ၏ ၁၉၈၉ ပြက္ခဒိန်တွင် မေဂိဒ္ဒေါ၏ ကျယ်ပြန့်သောပုံကို သင်တွေ့ရမည်။ ဤနှစ်တွင် ကင်းမျှော်စင် ဆောင်းပါးများ၌ ၄င်းပုံ ခြောက်ခုကို ဆွေးနွေးသွားမည်။ နောင်အသုံးပြုရန်အတွက် ပြက္ခဒိန်နှင့်အတူ သင်သိမ်းထားလိုပေမည်။

[Credit Line]

Pictorial Archive (Near Eastern History) Est.

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ