ကတိထားရာနယ်မြေမှမြင်ကွင်းများ
ယေရုရှလင်—ကျမ်းဆိုင်ရာဖြစ်ပျက်မှုများ၏ ဗဟို
နိုင်ငံအများသည် အစိုးရတည်ရှိရာ အဓိကမြို့ကြီးဖြစ်သော မြို့တော်ရှိသည့်အားလျှော်စွာ ကျမ်းစာကျောင်းသားများလည်း ယေရုရှလင်ကိုလူသားတို့အတွက် မြို့တော်ဟုယူ ဆပေမည်။ အကြောင်းမှာ ထိုတွင်ဖြစ်ပျက်သောအရာများသည် ကျွန်ုပ်တို့အားလုံးအတွက် အရေးပါသောကြောင့်ဖြစ်သည်။
ယေရုရှလင်တောင်ဘက် တောင်ကုန်းပေါ်တွင် သင်ရပ်နေမည်ဆိုလျှင် အထက်ပါမြင်ကွင်းကို သင်တွေ့ရမည်။aညှို့မှိုင်းသော သစ်ပင်ရှိရာအကွက်လောက်တွင် တောင်ကြားနှစ်ခုဆုံကြသည်။ လက်ယာဘက်မှ ကေဒြုန်တောင်ကြားဆင်းလာသည်။ အနောက်ဘက် သို့မဟုတ် လက်ဝဲဘက်တွင် ကျမ်းဆိုင်ရာ ဂီဟင်နာအမည်ရစေသော ဟိန္နုန်ချိုင့်ရှိသည်။ (မဿဲ ၁၀:၂၈; ၂၃:၃၃) ယင်းနှစ်ခုကြား (တံတိုင်းရှေ့ရှိမြင်ရသောနေရောင်ရှိအကွက်) သည်ရှေးဒါဝိတ်မြို့တော်ကို တည်ဆောက်ခဲ့သောနေရာဖြစ်သည်။ တံတိုင်းအတွင်းရှိ သမိုင်းဝင်နေရာ၌ ပေါ်လွင်သောမွတ်စလင်အဆောက်အအုံနှစ်ခုရှိသည်။ တံတိုင်းနှင့်အနီးဆုံးတွင် ငွေပြာရောင်ပလီကျောင်းရှိပြီး အနောက်ဘက်တွင် ပိုကြီးသော ရွှေရောင်ကျောက်တော်အဆောက်အအုံခုံးရှိလေသည်။
သို့သော် အဘယ်ကြောင့်ယေရုရှလင်နှင့် အထူးသဖြင့်အဆောက်အအုံတည်ရှိရာမြေညီအရပ်သည် သင့်အတွက်ထူးခြားနေရသနည်း။ သိုးထီးတစ်ကောင် သစ်ပင်တစ်ပင်တွင် ငြိနေခြင်းပုံက သင့်အားမည်သည့်ကျမ်းမှတ်တမ်းကို သတိရစေသနည်း။ အာဗြဟံကို သတိရပေလိမ့်မည်။ မှန်ပါသည်။ သူနှင့်သူ၏သားဣဇက်သည် အဆောက်အအုံနှစ်ခုမြင်ရသည့် ကျောက်ကုန်းမြင့်အပေါ် သို့မဟုတ် အနီးရှိမောရိတောင်သို့ ခရီးထွက်ခဲ့ကြသည်။ ယုံကြည်ခြင်းဖြင့် အာဗြဟံသည် သူ၏ချစ်သောသားကို ပူဇော်ရန်အသင့်ရှိသည်။ သို့သော်ကောင်းကင်တမန်တစ်ပါးက သူ၏လက်ကို တားဆီးခဲ့သည်။ သို့နှင့်အာဗြဟံသည် “ချုံပုတ်၌ ချိုငြိလျက်ရှိသောသိုးကိုမြင်၍” ယင်းကို “မိမိ၏သားကိုယ်စား” ပူဇော်လေ၏။ ထို့ကြောင့်ယေရုရှလင်ကို ရှုမျှော်ခြင်းဖြင့် ဤပုံတင်ပြချက်အဖြစ်အပျက်ကို သတိရစေသည်။—ကမ္ဘာဦး ၂၂:၁-၁၃။
နောက်ပိုင်းတွင် ရှောလမုန်သည် ယခုပလီအဆောက်အအုံများတည်ရှိရာ မြေညီအရပ်တွင် ယေဟောဝါအတွက် ခမ်းနားသော ဗိမာန်တည်ဆောက်သောအခါ အခြားပူဇော်သက္ကာများလည်း ထိုတွင်ပြုလုပ်လာသည်။ (၂ ရာဇဝင်ချုပ် ၃:၁) ဣသရေလများအနယ်နယ်အရပ်ရပ်မှ ဤနေရာသို့ နှစ်စဉ်ပွဲတော်အတွက်ပူဇော်ရန်တိရစ္ဆာန်များနှင့် လာကြပုံကိုစဉ်းစားကြည့်ပါ။ ယင်းတို့အနက်မှ အခမ်းအနားဆုံးမှာ အပြစ်ဖြေရာနေ့ဖြစ်သည်။ ယင်းနေ့တွင် ဆိတ်တစ်ကောင်ကိုရွေးပြီး ဖြစ်နိုင်ဖွယ်ရှိသော ကေဒြုန်တောင်ကြားအတိုင်း ထိုမှ အရှေ့တောင်ဘက်ရှိ ယုဒတောထဲသို့ “လွတ်လပ်လဟာအဖို့လွှတ်လိုက်” ရသည်။ နောက်ဆိတ်တစ်ကောင်နှင့် နွားတစ်ကောင်ကိုလည်း သတ်ပြီးယင်းတို့သွေးကို ယဇ်ပုရောဟိတ်များနှင့် လူတို့၏အပြစ်ဖြေရာယဇ်အတွက် အသုံးပြုသည်။ သွေးအချို့ကို ကုလားကာကိုကျော်၍ အသန့်ရှင်းဆုံးအခန်းထဲ ယူဆောင်သွားသည်။ ထို့ကြောင့်ယင်းကို စိတ်ထဲထား၍ မြို့ပုံကိုကြည့်ရှုနိုင်ပါသည်။—ဝတ်ပြုရာ ၁၆:၁-၃၄။
ယေရုရှလင်ရှိ ဤပူဇော်သက္ကာအားလုံးသည် စုံလင်သော ခရစ်တော်ယေရှု၏ ပူဇော်သက္ကာကို ညွှန်ပြလျက်ရှိသည်။ မိမိ၏မြေကြီးပေါ် နောက်ဆုံးည လပြည့်အချိန်လောက်တွင် ယေရှုသည် မိမိ၏တမန်တော်များနှင့် စုဝေးကာ နောက်ဆုံးလုပ်ခွင့်ရသည့် ပသခါပွဲကိုကျင်းပခဲ့သည်။ ဗိမာန်တော်နယ်မြေ၏ လက်ဝဲဘက်(အနောက်) ၏ အထက်ပိုင်းတွင်ရှိသည်ဟု ယူဆရသော အထက်ခန်းတွင်ဖြစ်သည်။ ယေရှုသည် သခင့်ညစာစားပွဲကိုကျင်းပပြီးနောက် ကိုယ်တော်သည်တပည့်တော်များအား ဗိမာန်တော်၏အရှေ့ဘက်(လက်ယာ) ကေဒြုန်ချိုင့်တစ်ဘက်ရှိ သံလွင်တောင်သို့ခေါ်သွားခဲ့သည်။—လုကာ ၂၂:၁၄-၃၉။
ယင်းကိုပုံပေါ်လာရန် အောက်ပါပုံကိုကြည့်ပါ။ ယေရှုသည် သခင့်ညစာစားပွဲကျင်းပရာ နေရာဖြစ်ဖွယ်ရှိသော ယေရုရှလင်မြို့တွင်းမှ အရှေ့ဘက်သို့ရိုက်ထားသောပုံဖြစ်သည်။ ဤပုံတွင်ကြည့်လျှင် အောက်ဘက်လက်ယာဘက်တွင် ဗိမာန်တော်နေရာတွင်ရှိသော ပလီအဆောက်အအုံ(လရောင်အောက်ပြာတာတာ) ကိုသင်တွေ့ရသည်။ အရှေ့ဘက်တွင် ကေဒြုန်ချိုင့်(အောက်ဘက်) ရှိပြီး ဂေသရှေမန်ဥယျာဉ်၏သစ်ပင်များဖြစ်သည်။ လက်ယာဘက်တောင်ကုန်းသည်သံလွင်တောင်ဖြစ်သည်။
၁၉၉၀ ဧပြီလ ၁၀ ရက်နေ့တွင် ကမ္ဘာတစ်ဝှမ်းယေဟောဝါသက်သေများ၏ အသင်းတော်များသည် ယေရှု၏ပူဇော်သက္ကာသေခြင်း အထိမ်းအမှတ်အဖြင့် သခင့်ညစာစားပွဲကျင်းပသောအခါ (နေဝင်ပြီးနောက်) လပြည့်လောက်ဖြစ်ပေလိမ့်မည်။bကျေးဇူးပြု၍ ထိုတွင်ရှိရန်စီစဉ်ပါ။ ထိုနေ့တွင် ယေရှုသည် မိမိ၏စိုးလ်ကို သေခြင်း၌ သွန်းလောင်းခြင်းနှင့်ဆက်နွယ်နေသော ယေရုရှလင်နှင့်အနီးအနားတွင် ဖြစ်ပျက်ခဲ့သော ရှေးအဖြစ်အပျက်များကို သင်တွေးတောဆင်ခြင်လိုပေမည်။ သို့ဖြင့်ယေရှုသည် ယေဟောဝါ၏ဖြောင့်မတ်ခြင်းကို ဂုဏ်တင်ခဲ့ပြီး ယုံကြည်သူ လူသားများကို အပြစ်နှင့်သေခြင်းမှ ရွေးနှုတ်ခဲ့သည်။—၁ ကောရိန္သု ၁၁:၂၃-၂၆။ ဟေဗြဲ ၉:၁၁-၂၈။
[အောက်ခြေမှတ်ချက်များ]
a ၁၉၈၉ ယေဟောဝါသက်သေများ၏ပြက္ခဒိန်၌ ဤအကျယ်ချဲ့ပုံပါဝင်သည်။
b သခင့်ညစာစားပွဲကျင်းပရန်အချိန်တွက်ချက်ပုံနှင့်ပတ်သက်၍ ထပ်ဆင့်အသေးစိတ်ကိုThe Watchtower, June 15, 1977, page 383 တွင်ကြည့်ပါ။
[Picture Credit Lines on page 16]
Pictorial Archive (Near Eastern History) Est.
Pictorial Archive (Near Eastern History) Est.