ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၃/၁ စာ. ၁၄-၁၅
  • ယေဟောဝါသည်မိမိ၏ သစ္စာရှိကျေးကျွန်များအားထောက်မ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေဟောဝါသည်မိမိ၏ သစ္စာရှိကျေးကျွန်များအားထောက်မ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • မေတ္တာသည် မိသားစုများကို စည်းလုံးစေ
  • ဟောင်ကောင်
  • ဗြိတိန်
  • တောင်ပိစိဖိတ်
  • နှစ်ပေါင်း ၅၀ ကျော် ‘ကူးသွားခြင်း’
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ယေဟောဝါ၏လမ်းတော်တွင်လျှောက်လှမ်း သူတို့အားကြွယ်ဝစွာကောင်းချီးပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • သဲကန္တာရရှိအကျဉ်းထောင်တွင် ယေဟောဝါကျွန်တော့်ကိုထောက်မခဲ့
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ယေဟောဝါရှင်၏ မေတ္တာပါသော လက်တော်အောက်တွင် အမှုဆောင်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၃/၁ စာ. ၁၄-၁၅

နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း

ယေဟောဝါသည်မိမိ၏ သစ္စာရှိကျေးကျွန်များအားထောက်မ

ယေရှုကပြောခဲ့သည်။ “ကျွန်သည်သခင်ထက်သာ၍ ကြီးမြတ်သည်မဟုတ်။ သူတို့သည် ငါကိုညှဉ်းဆဲလျှင် သင်တို့ကိုညှဉ်းဆဲကြလိမ့်မည်။”(ယောဟန် ၁၅:၂၀) သို့သော်ယေဟောဝါ၏ ကျေးကျွန်များကို ကိုယ်တော်ထောက်မမည်ဖြစ်ကြောင်း စိတ်ချစေသည်။(ဆာလံ ၁၈:၂။ နာဟုံ ၁:၇) ယေဟောဝါသက်သေများ၏ ငြိမ်းချမ်းသောလုပ်ငန်းကို ကြပ်တည်းစွာ တားမြစ်ထားသောအာဖရိက တစ်နိုင်ငံ၌ယေဟောဝါသည် မိမိ၏ကျေးကျွန်များအား ရိုက်နှက်ဖမ်းချုပ်မှုကြား၌ မည်သို့ထောက်မပုံကို အောက်ပါမှတ်တမ်းက ဖေါ်ပြသည်။

“တိုက်နယ်ကြီးကြပ်မှူးတစ်ဦးနှင့် နယ်ခံညီအစ်ကိုလေးဦးကို မတရားဖမ်းချုပ်၍ ခွေးအလေအလွင့်များထားလေ့ရှိသော အခန်းငယ်ထဲသို့ သွင်းလိုက်သည်ဟုမှတ်တမ်းက ဆိုသည်။” ထိုတွင်သူတို့အား အောက်ခံအင်္ကျီနှင့် ၁၂၃ ရက်ထားကာ အိမ်သာပင်သွားခွင့် မပြုချေ။ ပါလီမန်အဖွဲ့ဝင်တစ်ဦးက လူမဆန်သောဖြစ်ပျက်ပုံကို ကြား၍ ကန့်ကွက်ရာ နောက်ဆုံးတွင် ၁၂၃ ကြာပြီးနောက် ညီအစ်ကိုများကို လွှတ်လိုက်သည်။ ယေဟောဝါသည် မိမိ၏ဝိညာဉ်တော်ဖြင့် ဤသစ္စာရှိညီအစ်ကိုများကို ထောက်မခဲ့သည်။

ဤနိုင်ငံ၌ပင် အခြားတွေ့ကြုံမှုတစ်ခုက ကျွန်ပ်တို့ဟောပြောခြင်း၏ အကျိုးသက်ရောက်ပုံကို ဖေါ်ပြသည်။ “ရွာတစ်ရွာတွင် လူများသည် အကြမ်းဖက် ပုန်ကန်မှုတွင် နာမည်ကြီးသည်။ သို့သော်ယေဟောဝါသက်သေများ ထိုတွင်ဟောပြောပြီးနောက် လူအများသည် ဒေသအာဏပိုင်များအား လေးစားကာ ပတ်စဉ်လမ်းလုပ်အားပေးတွင် စ-ပါဝင်လာကြသည်။” ဟုမှတ်တမ်းကဖေါ်ပြသည်။ နယ်မြေသူကြီးတစ်ဦးက လူများအဘယ်ကြောင့် ဤသို့သဘောထားပြောင်းရခြင်းကို သိလိုသောကြောင့် သူ့အားဤသို့ပြောပြသည်။ “ယေဟောဝါသက်သေတွေရဲ့‘တရားဟောဆရာ’ တွေသွန်သင်ပေးလို့ဘဲ။” သက်သေခံက ဆက်ပြောပြသည်။ “တစ်နေ့တော့ ဒီသူကြီးဟာ ကျွန်တော်.ကို သူ့အိမ်လာလည်ဖို့ခေါ်ပြီး ဒီကောင်းတဲ့အလုပ်ကို ဆက်လုပ်ဖို့အားပေးတယ်။ သူကျွန်တော်.ကို ကိုယ့်မိသားစုနဲ့အတူစားဖို့ ကြက်ကြီးတစ်ကောင်လည်း လက်ဆောင်ပေးလိုက်တယ်။” နောက်တစ်ကြိမ်တွင် မြို့တော်ဝန်သည် ညီအစ်ကိုအား လည်ပတ်ရာ ညီအစ်ကိုက သူ့အားဖိတ်ခေါ်ပြီး သက်သေခံလိုက်သည်။ မြို့တော်ဝန်က “မဂ္ဂဇင်းတချို့တောင်းပြီး‘ခင်ဗျားတို့ ဘာအန္တရယ်မှမပြုဘူးလို့ ကျွန်တော်တို့ထင်တယ်။ ဆက်ပြီးအယူခံဝင်ပါ။ ခင်ဗျားတို့ကို ဖမ်းဖို့ကျွန်ုပ်တို့မှာ အမိန့်မရှိဘူး။ အစိုးရလည်း မကြာခင် ခင်ဗျားတို့အခက်အခဲကို ကိုင်တွယ်ပေးလိမ့်မယ်လို့ကျွန်တော်ထင်တယ်။’” ဟုပြောသည်။

အထူးရှေ့ဆောင်တစ်ဦးက ဤသို့ရေးသည်။ “နိုင်ငံရေးပါတီတစ်ခုရဲ့ စွပ်စွဲချက်ကြောင့် သူကြီးကကျွန်တော်.ကိုဖမ်းပြီး တိရစ္ဆာန်သေးချေးနှင့် ညစ်ပေနေတဲ့ အခန်းလေးထဲမှာ ချုပ်ထားတယ်။ ကျွန်တော်ကို အဲ့ဒီအမှောင်ထဲမှာ ငါးရက်ထားတယ်။ အဲ့ဒီကို ခေါ်သွားတုံးက လမ်းမှာယေဟောဝါထံ ဆုတောင်းခဲ့ပြီး ဆာလံ ၅၀:၁၅ ကိုသတိရခဲ့တယ်။ အဲ့ဒီက အစောင့်တွေကျွန်တော်.ကိုသနားပြီး လေသန့်တချို့ရှုနိုင်ဖို့ တံခါးကိုအပြည့်မပိတ်ကြဘူး။ အချုပ်ခန်းထဲမှာ ငါးရက်နေပြီးနောက် စမ်းသပ်တဲ့အနေနဲ့ ကျွန်တော်.ကိုဆိတ်တစ်ကောင်ပေးပြီး အစောင့်မပါဘဲ သူကြီးဆီသွားပို့ခိုင်းတယ်။ ကျွန်တော်ထွက်မပြေးတဲ့အတွက် ညနေတိုင်း ၃:၀၀ နာရီကနေပြီး ၇:၀၀ အထိလွတ်လပ်ခွင့်ပေးသည်။ ညီအစ်ကိုတွေနဲ့တွေ့ဆုံခွင့်ရပြီး အတူတကွဟောပြောနိုင်ခဲ့တယ်။ ဒီခက်ခဲတဲ့အချိန်မှာ ကျွန်တော်ဖျားလာပြီး ကျွန်တော်.ရန်သူတွေက ကျွန်တော်သေမယ်ထင်ကြပေမဲ့ ယေဟောဝါကျွန်တော်.ကိုမစွန့်ခဲ့ပါဘူး။ ဒီအတွေ့အကြုံက ကျွန်တော်.ကို ယေဟောဝါနဲ့နီးကပ်စေပြီး နှိပ်စက်ခြင်းဟာ ကျွန်တော်ကို ယေဟောဝါလူမျိုးနဲ့ ဘယ်တော့မှ မခွဲနိုင်ဘူးဆိုတာ ကျွန်တော်စိတ်ချတယ်။”—ရောမ ၈:၃၅-၃၉ ကိုနှိုင်းယှဉ်ပါ။

ယေဟောဝါသက်သေများသည် သူတို့အား ခက်ခဲချိန်များအတွင်း ယေဟောဝါထောက်မပုံကို လေးမြတ်ကြသည်။ သူတို့သည် ဤအရေးအကြီးဆုံး အသက်ကယ်လုပ်ငန်းဖြစ်သော သတင်းကောင်းဟောပြောခြင်း လုပ်ငန်းကို ထမ်းဆောင်ရာတွင် သူတို့ကိုကြင်နာမှု ပြသူများအားလည်း လေးမြတ်ကြသည်။ ထိုသို့သော ကြင်နာမှုကို ယေဟောဝါမေ့လျော့မည်မဟုတ်ချေ။—မဿဲ ၂၅:၄၀

မေတ္တာသည် မိသားစုများကို စည်းလုံးစေ

ကိုယ်ကျိုးမဲ့မေတ္တာတွင် အခြေပြုမှသာလျှင် မိသားစုစည်းလုံးမှုရနိုင်သည်။ ထိုသို့သောမေတ္တာသည် မေတ္တာရှင်ဘုရားယေဟောဝါထံမှ အစပြုသောကြောင့် ဘုရားဝိညာဉ်တော်အသီးတခုဖြစ်သည်။ (ဂလာတိ ၅:၂၂၊ ၂၃၊ ၁ ယောဟန် ၄:၈) အောက်ပါအတွေ့အကြုံက ကျမ်းအသိပညာတွင် အခြေပြုသော မေတ္တာသည် မည်သို့အိမ်ထောင်စည်းလုံးမှုကို ဖြစ်စေကြောင်းဖေါ်ပြသည်။

ဟောင်ကောင်

▫ ဟောင်ကောင်တွင် ရှေ့ဆောင်တစ်ဦးသည် အိမ်ရှင်မတဦးနှင့်သူမ၏သမီးနှစ်ယောက်ကို ကျမ်းစာသင်အံမှုစခဲ့သည်။ လင်ယောက်ျားက ဘာသာရေးအမြစ်လှန်ပြုပြင်သူများနှင့် ရောယှက်မိမှာကို စိုးရိမ်ကြောင်းပြောသည်။ ရှေ့ဆောင်ကဇနီးအား သူမ၏ယောက်ျားကို သူကိုယ်တိုင်ဆုံးဖြတ်နိုင်ရန် သင်အံမှုတွင်ပါဝင်ဖို့ဖိတ်ခေါ်ခိုင်းရာ သူဝင်ထိုင်ခဲ့သည်။ ထိုအချိန်အတွင်းဇနီးသည် စည်းဝေးများကိုစတက်သည်။ သို့သော်သူမ၏ကလေးများကို လေ့ကျင့်ရန်အခက်အခဲတွေ့နေသည်။ သူမသည်တချိန်လုံး အကြီးကိုအော်ဟစ်နေပြီး အငယ်ကိုအလိုလိုက်လွန်းသည်။ သူမနှင့်သူမ၏လင်ယောက်ျားလည်း ပြဿနာများရှိနေကြောင်းပေါ်လာသည်။ သူတို့၏ရန်ပွဲသည် မကြာခဏပေါက်ကွဲပြီး ရဲကိုခေါ်ခဲ့ရသောအကြိမ်ပေါင်းလည်း များခဲ့သည်။ ရှေ့ဆောင်သည် တန်ခိုးပါလှသော ဘုရားနှုတ်ကပတ်တော်ကိုသုံးကာ သူတို့၏အိမ်ထောင်တွင် မည်သို့ဘုရားရေးရာမေတ္တာပြရမည့်အကြောင်း သင်ပေးသည်။ မကြာမီ အကျင့်ဟောင်းများ ပြောင်းလဲစပြုလာသည်။ နှစ်ဦးစလုံး မှန်မှန်စည်းဝေးတက်သူများဖြစ်လာပြီး အိမ်တွင်ပိုသာယာလာသည်။ ဇနီးမူ နှစ်ခြင်းခံပြီးသော ကြေညာသူဖြစ်နေပြီ။

ဗြိတိန်

▫ ဗြိတိန်မှတွေ့ကြုံမှုက လင်ယောက်ျားသည်သူ၏ဇနီးအပေါ် မေတ္တာ၊ စိတ်ရှည်မှုနှင့်ခံနိုင်ရည် ပြသည့်အတွက် ယေဟောဝါမည်သို့ကောင်းကြီးပေးကြောင်းပြသည်။ လွန်ခဲ့သည့် ၁၂ နှစ်ခန့်က လင်ယောက်ျားသည် အလင်းတရားထဲရောက်ခဲ့စဉ် သူ၏ဇနီးက ခါးသီးစွာတိုက်ခံခဲ့ပြီး သူမကတရားဝင်ခွဲလိုက်သည်။ သို့သော်လင်ယောက်ျားသည် သူမအပေါ် ဆက်လက်ကြင်နာမှုပြခဲ့ပြီး ငွေကြေးထောက်မခြင်းနှင့် အိမ်ကိစ္စအသေးအဖွဲများ မှန်မှန်လုပ်ပေးခဲ့သည်။ လေးနှစ်ကြာပြီးနောက် ဆက်လက်တိုက်ခံနေတုံးပင်ဖြစ်သော်လည်း သူမအားထပ်မံသက်သေခံရန် သူဆုံးဖြတ်လိုက်သည်။ ညီအစ်မတစ်ဦးနှင့် ကျမ်းစာသင်ရန်တိုက်တွန်းသောအခါ သူမလက်ခံခဲ့၍ သူအထူးအံ့သြခဲ့သည်။ နောက်ဆုံးတွင် သမ္မာတရားကိုသူမလက်ခံခဲ့ပြီး နှစ်ခြင်းခံခဲ့သည်။ လင်ယောက်ျားသည် သူမအပေါ်တခါမျှ မေတ္တာမပျောက်ခဲ့ဘဲ သူမသည်သမ္မာတရားကို အမှန်ခံယူသောအခါ သူ့အားပြန်လက်ထပ်ရန်သူမအား ပြန်တောင်းဆိုခဲ့သည်။ သူမအံ့သြခဲ့သည်။ သူမ၏ယခင်အကျင့်ဆိုးများကြောင့် ဤသို့သူတောင်းဆိုလိမ္မည်ဟု မမျှော်လင့်ခဲ့တော့ချေ။ ယခုသူတို့နှစ်ဦးစလုံး ရှစ်နှစ်ခန့်ပြန်လက်ထပ်ပြီးဖြစ်၍ နှစ်ဦးစလုံးသမ္မာတရားတွင်တိုးတက်လျက်ရှိသည်။

တောင်ပိစိဖိတ်

▫ အနှစ် ၂၀ ခန့်က တောင်ပိစိဖိတ်ရှိ တူဗလူကျွန်းမှလူငယ်တစ်ဦးသည် ကင်းမျှော်စင်အသင်းထံစာရေးပြီး စာတိုစာတမ်းတောင်းခဲ့သည်။ ထိုအချိန်တွင် ကျွန်းပေါ်၌သက်သေခံများမရှိချေ။ သို့သော် စာတိုစာတမ်းများကို သူ့ဘာသာသူဖတ်ပြီး သမ္မာတရားမှန်း သူသိမှတ်ခဲ့သည်။ သို့သော် သူ၏ဇနီးကသူ၏ယုံကြည်ခြင်းအသစ်ကို ခါးသီးစွာတိုက်ခံသောကြောင့် သူလက်လျှော့လိုက်သည်။

မကြာမီက တူဗလူစကားနှင့် စာတိုစာတမ်းများရရှိလာသောအခါ ဇနီးလည်းစာအုပ်တချို့ရရှိကာ သူမကိုယ်တိုင်ဖတ်နိုင်ခဲ့သည်။ သူမလည်းယခုသမ္မာတရားလက်ခံကာ သူမ၏ယောက်ျားအားဤသို့အပြစ်တင်သည်။ “ဒီနှစ်တွေတလျှောက်လုံးမှာ ရှင်ဟာအလင်းကိုရထားပေမဲ့ ရှင်ဟာခပ်မြင့်မြင့် မကိုင်ထားခဲ့ဘူး။ သက်သေခံတွေမှန်ကြောင်းရှင်ယုံတာကို ဘာကြောင့်ကျွန်မကို မရှင်းပြခဲ့တာလဲ။” ယခုသမ္မာတရားတွင်စည်းလုံးလျက် ဤမောင်နှံသည်သက်သေခံများနှင့် စတင်ပေါင်းသင်းလျက်ရှိသည်။

ဖီဂျီတွင်ကျောင်းတက်နေသော သူတို့၏သမီးနှစ်ယောက် အိမ်ပြန်လာသောအခါ မိဘများကယေဟောဝါသက်သေများဖြစ်ရန် ဆုံးဖြတ်ထားကြောင်း ပြောပြသည်။ သမီးများကိုလည်း ကျမ်းစာသင်အံမှုတွင်ပါဝင်ရန် တိုက်တွန်းရာ ဖီဂျီတွင်သမီးများစည်းဝေးတက်နေကြောင်းသိရ၍ မိဘများအံ့သြခဲ့ရသည်။ မိသားစုသည်ပျော်ရွှင်စွာ သမ္မာတရားကို အတူတကွလက်ခံကြပြီး ဖခင်၊ မိခင်၊ နှင့်သမီးတစ်ဦးသည် နိုင်ငံတော်ကြေညာသူများ ဖြစ်လာကြပြီ။

သမ္မာတရားနှင့်မေတ္တာသည် ကမ္ဘာတဝှန်းရှိမိသားစုများကို စည်းလုံးစေသည်ကိုမြင်ရခြင်းမှာ ဝမ်းမြောက်စရာပါတကား။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ