ကလေးဖျက်ချခြင်းအကြောင်း သမ္မာကျမ်းစာက ဘာပြောသနည်း
မိမိတို့ထံရောက်လာသူ အမျိုးသမီးသည် ကျမ်းစာတတ်ကျွမ်းသူဖြစ်ကြောင်းသိသဖြင့် အာဂျင်တီးနားရှိ မောင်နှံစုံတစ်စုံသည် သူ့အား အထက်ပါမေးခွန်းကို မေးမြန်းခဲ့သည်။ ကလေးဖျက်ချခြင်းကို ဘုရားသခင်မည်သို့ယူမှတ်ကြောင်း သူတို့သိလိုကြသည်။ ဇနီးဖြစ်သူသည် ပဋိသန္ဓေနှစ်လရှိနေသည်။ လင်ယောက်ျားသဘောမတူသော်လည်း ကလေးဖျက်ချရန် စဉ်းစားနေသည်။
ထိုဇနီးမောင်နှံထံရောက်ရှိလာသည့်အမျိုးသမီးသည် Reasoning From the Scriptures စာအုပ်ကို စာမျက်နှာ ၂၅ သို့ဖွင့်သည်။ ကလေးဖျက်ချခြင်းအဓိပ္ပာယ်ကိုဖတ်ပြလိုက်သည်။ ထိုနောက် ယင်းစာအုပ်ပါ သန္ဓေသားငယ်ကို ဘုရားသခင်မည်သို့ယူမှတ်ကြောင်းနှင့်ပတ်သက်သည့် ကျမ်းချက်များကို မောင်နှံစုံအားဖတ်စေသည်။ ခုနစ်လကြာသော် ကလေးမွေးဖွားလာသည်။ ထိုအချိန်အတွင်း ဝမ်းသာသောမိဘများသည် ကျမ်းစာသင်သားများဖြစ်နေပေပြီ။
အသင်လည်း အခန့်သင့်မေးခွန်းရာချီကို ဖြေဆိုပေးသည့် တန်ဖိုးရှိ ဤကျမ်းစာလက်စွဲသုံးစာအုပ်ကို ( အင်္ဂလိပ် )လို ကိုယ်ပိုင်အတွက် ရယူနိုင်ပါသည်။
ကျေးဇူးပြု၍ ၄၄၈-မျက်နှာရှိ Reasoning From the Scriptures စာအုပ်ပို့ပေးပါ။ ၁၅ ကျပ်ပူးတွဲပို့ထားပါသည်။