ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၈/၁ စာ. ၁၆-၃၁
  • ယေရှုနှင့် ကြွယ်ဝသောလူငယ်အရာရှိတစ်ဦး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ယေရှုနှင့် ကြွယ်ဝသောလူငယ်အရာရှိတစ်ဦး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှုနှင့် ကြွယ်ဝသောလူငယ်အရာရှိတစ်ဦး
    အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား
  • ချမ်းသာတဲ့လူငယ်အရာရှိကို ယေရှုအဖြေပေး
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • ချမ်းသာကြွယ်ဝတဲ့အရာရှိ ပညာမဲ့စွာ ရွေးချယ်
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • သင်သည် ‘ဘုရားသခင့်ရှေ့တော်တွင်ကြွယ်ဝသောသူ’ လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၈/၁ စာ. ၁၆-၃၁

ယေရှု၏ ဘဝနှင့် ဓမ္မအမှု

ယေရှုနှင့် ကြွယ်ဝသောလူငယ်အရာရှိတစ်ဦး

ယေရှုသည် ပေယိနယ်ကိုဖြတ်၍ ယေရုရှလင်မြို့သို့ ခရီးသွားစဉ် လူငယ်တစ်ဦးသည် အထံတော်သို့ ပြေးလာပြီးလျှင် ရှေ့တော်၌ ဒူးထောက်လေ၏။ ထိုသူသည် အရာရှိဖြစ်သည်။ ဒေသခံတရားဇရပ်၌ ထင်ရှားသော ရာထူးရထားသူဖြစ်ဖွယ်ရှိသည်။ သို့မဟုတ် ယုဒတရားလွှတ်တော်အဖွဲ့ဝင် ဖြစ်ကောင်းဖြစ်မည်။ ထို့ပြင် အလွန်ကြွယ်ဝချမ်းသာသူလည်းဖြစ်သည်။ “ကောင်းမြတ်သောဆရာ၊ ထာဝရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်း” ဟုမေးလျှောက်၏။

ယေရှုက “ငါ့ကိုကောင်းမြတ်သည်ဟု အဘယ်ကြောင့်ခေါ်သနည်း။ ဘုရားသခင်တစ်ပါးတည်းသာ ကောင်းမြတ်တော်မူ၏” ဟုမိန့်တော်မူ၏။ ထိုသူငယ်က “ကောင်းမြတ်သော” ဟူသော အသုံးအနှုန်းကို ဂုဏ်ပုဒ်အဖြစ်အသုံးပြုခြင်းဖြစ်သဖြင့် ယေရှုက ထိုဂုဏ်ပုဒ်မှာ ဘုရားသခင်တစ်ပါးတည်းသာ ပိုင်တော်မူကြောင်းသိစေ၏။

ယေရှုက “အသက်ရှင်ခြင်းသို့ ဝင်စားလိုလျှင် ပညတ်တော်တို့ကို စောင့်ရှောက်လော့” ဟုဆက်၍ မိန့်တော်မူ၏။

“အဘယ်ပညတ်တို့ကို စောင့်ရှောက်ရမည်နည်း” ဟုထိုသူက မေးလျှောက်၏။

ယေရှုက ပညတ်တော်ဆယ်ပါးမှ ငါးပါးကိုရည်ညွှန်းကာ “လူအသက်ကိုမသတ်နှင့်၊ သူ့အိမ်ရာကို မပြစ်မှားနှင့်၊ သူ့ဥစ္စာကို မခိုးနှင့်၊ မမှန်သော သက်သေကို မခံနှင့်၊ မိဘကိုရိုသေစွာပြုလော့” ဟုမိန့်ကြားတော်မူ၏။ သာ၍ အရေးကြီးသော ပညတ်ကိုထပ်ဆင့်၍ ယေရှုက “အိမ်နီးချင်းကို ကိုယ်နှင့်အမျှချစ်လော့” ဟုမိန့်တော်မူ၏။

ထိုလူငယ်ကလည်း “ထိုပညတ်ရှိသမျှတို့ကို အကျွန်ုပ်သည် ငယ်သောအရွယ်မှစ၍ စောင့်ရှောက်ပါပြီ။ အဘယ်အကျင့်လိုသေးသနည်း” ဟုဟန်ဆောင်မှုမပါဘဲ ပြန်လျှောက်လေ၏။

ထိုသူ၏စိတ်အားထက်သန်စွာ လျှောက်ထားချက်ကို ကြားရသော် ယေရှုသည် သူ့အားမေတ္တာကရုဏာသက်တော်မူ၏။ သို့သော် ထိုသူသည် ဥစ္စာပစ္စည်းအပေါ် သံယောဇဉ်ကြီးမားကြောင်း သိမြင်တော်မူသဖြင့် သူ့လိုအပ်ချက်ကို ဤသို့ထောက်ပြတော်မူ၏။ “သင်သည် တစ်ခုလိုသေး၏။ ကိုယ်ဥစ္စာရှိသမျှကို ရောင်း၍ ဆင်းရဲသောသူတို့အားပေးဝေလော့။ သို့ပြုလျှင် ကောင်းကင်ဘုံ၌ ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှ လာ၍ ငါ့နောက်သို့လိုက်လော့။”

ထိုသူအလွန် စိတ်မချမ်းသာစွာထ၍ ပြန်လှည့်သွားသည်ကို ယေရှုသနားသောစိတ်နှင့် ကြည့်နေတော်မူ၏။ သူ၏စည်းစိမ်ဥစ္စာသည် သူ့အား ရတနာအစစ်၏ တန်ဖိုးကို မမြင်နိုင်အောင်ဖုံးကွယ်ခဲ့သည်။ ယေရှုက “ဥစ္စာရတတ်သောသူသည် ဘုရားသခင်၏နိုင်ငံတော်သို့ အလွန်ဝင်ခဲလှ၏” ဟုစိတ်မကောင်းစွာမိန့်တော်မူ၏။

ယေရှု၏စကားများသည် တပည့်တော်တို့ကို အကြီးအကျယ်အံ့အားသင့်စေသည်။ သို့သော် အောက်ပါယေဘုယျစည်းမျဉ်းတစ်ရပ်ကို ကိုယ်တော်ဆက်၍ မိန့်ဆိုလိုက်သောအခါ သူတို့ပို၍ အံ့သြကြရသည်။ “ကုလားအုပ်သည် အပ်နဖားကို လျှိုလွယ်၏။ ငွေရတတ်သောသူသည် ဘုရားနိုင်ငံတော်သို့ဝင်ခဲသည်။”

သို့ဖြစ်လျှင် အဘယ်သူသည် ကယ်တင်တော်မူခြင်းသို့ရောက်နိုင်မည်နည်း” ဟုတပည့်တော်တို့ သိချင်ကြသည်။

ယေရှုသည် သူတို့ကို ကြည့်၍ “ဤအမှုကို လူမတတ်နိုင်သော်လည်း ဘုရားသခင်မတတ်နိုင်သည်မဟုတ်။ ဘုရားသခင်သည် ခပ်သိမ်းသောအမှုကို တတ်နိုင်တော်မူသည်” ဟုမိန့်တော်မူ၏။

ပေတရုက မိမိတို့သည် ကြွယ်ဝသောလူငယ်အရာရှိနှင့် မတူသောလမ်းကို ရွေးချယ်ခဲ့ကြောင်း သတိပြုမိသဖြင့် “အကျွန်ုပ်တို့သည် ရှိသမျှကို စွန့်ပစ်၍ ကိုယ်တော်နောက်သို့လိုက်ကြပါပြီ။ အဘယ်အကျိုးကို ရကြပါမည်နည်း” ဟုမေးလျှေက်လေ၏။

ယေရှုက “အသစ်ပြုပြင်ရာကာလ၌ လူသားသည် ဘုန်းရှိသောပလ္လင်ပေါ်မှာ ထိုင်တော်မူသောအခါ ငါ့နောက်သို့လိုက်ကြသော သင်တို့သည် တစ်ဆယ်နှစ်ခုသော ပလ္လင်ပေါ်မှာထိုင်လျက် ဣသရေလလူတစ်ဆယ်နှစ်မျိုးကို စစ်ကြောစီရင်ရကြလတံ့” ဟုကတိပေးတော်မူ၏။ မှန်ပါသည်။ ကမ္ဘာပေါ်တွင် အခြေအနေ အသစ်ပြုပြင်ရာကာလ ရောက်လာမည်။ ထိုအခါ အရာခပ်သိမ်းသည် ဧဒင်ဥယျာဉ်၌ကဲ့သို့ ဖြစ်လာမည်အကြောင်း ယေရှုဖေါ်ပြတော်မူ၏။ ပေတရုနှင့်အခြားတပည့်တော်တို့သည် ကမ္ဘာချီပရဒိသုဘုံအပေါ် ခရစ်တော်နှင့်အတူ စိုးစံခြင်းဆုကျေးဇူးကိုရရှိကြပေမည်။ ထိုသို့ ကြီးမြတ်လှသည့် ဆုကျေးဇူးရရှိရေးအတွက် မည်သည့်အရာကိုမဆို စွန့်လွှတ်ထိုက်ပေသည်။

သို့သော်လည်း ယေရှု အခိုင်အမာဖေါ်ပြသည်အတိုင်း ယခုပင် ဆုကျေးဇူးခံစားနေရကြသည်။ “အကြင်သူသည် ငါ့ကြောင့်လည်းကောင်း၊ ဧဝံဂေလိတရားကြောင့်လည်းကောင်း၊ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ မိဘ၊ သားမယားတည်းဟူသော တစ်ပါးပါးကိုစွန့်၏။ ထိုသူသည် အဆတစ်ရာသော အကျိုးတည်းဟူသော ယခုကာလ၌ ညှဉ်းဆဲခြင်းနှင့်တကွ အိမ်၊ လယ်၊ ညီအစ်ကို၊ နှမ၊ အမိ၊ သားသမီးတို့ကိုလည်းကောင်း၊ နောင်ဘဝ၌ ထာဝရအသက်ကိုလည်းကောင်းခံရလတံ့။”

ယေရှုကတိထားတော်မူသည့်အတိုင်း တပည့်တော်တို့သည် မည်သည့်ကမ္ဘာ့ဒေသကို ရောက်စေကာမူ ခရစ်ယာန်ရောင်းရင်းတို့နှင့်အတူ သွေးရင်းသားရင်း မိသားစုဝင်တို့ထက်ပင် ပို၍ ရင်းနှီးပြီးအဖိုးတန်သော ဆက်ဆံရေးခံစားကြရသည်။ ကြွယ်ဝသောလူငယ်အရာရှိသည် ဤဆုကျေးဇူးနှင့် ဘုရားနိုင်ငံတော်တွင် ထာဝရအသက်ရရှိခြင်း ဆုကျေးဇူးနှစ်ရပ်လုံး လက်လွှတ်သွားသည်မှာထင်ရှားသည်။

၄င်းနောက်ယေရှုက “နောက်ကျသောသူအများတို့သည် အရင်ကျကြလိမ့်မည်။ အရင်ကျသောသူအများတို့သည် နောက်ကျကြလိမ့်မည်” ဟုထပ်၍ မိန့်တော်မူ၏။ ဘာကိုဆိုလိုသနည်း။

ကြွယ်ဝသောလူငယ်အရာရှိကဲ့သို့ ဘာသာရေးအခွင့်အရေးကို “အရင်” ခံစားကြရသော သူအများသည် နိုင်ငံတော်သို့ဝင်ကြမည် မဟုတ်ကြောင်းဆိုလိုသည်။ သူတို့သည် “နောက်ကျ” ကြလိမ့်မည်။ သို့သော် ယေရှု၏စိတ်နှိမ့်ချသော တပည့်တော်များအပါအဝင် မြေကြီးပေါ်မှလူများ (‘am ha·’a΄rets) အဖြစ်၊ “နောက်ကျသောသူ” အဖြစ် ကိုယ့်ကိုယ်ကိုဖြောင့်မတ်သူဟူ၍ ထင်မှတ်သောဖါရိရှဲများ နှာခေါင်းရှုံ့ခံရသောသူအများတို့သည် “အရင်ကျကြ” လိမ့်မည်။ “အရင်ကျ” သည်ဆိုရာမှာ နိုင်ငံတော်တွင်ခရစ်တော်နှင့်အတူ ပူးတွဲအုပ်ချုပ်ရသောမင်းများဖြစ်ခြင်း အခွင့်အရေးရရှိမည်ဟူ၍ အဓိပ္ပာယ်ရသည်။ မာကု ၁၀:၁၇-၃၁။ မဿဲ ၁၉:၁၆-၃၀။ လုကာ ၁၈:၁၈-၃၀။

◆ ကြွယ်ဝသော ထိုလူငယ်မှာ အဘယ်သို့သောအရာရှိဖြစ်ကြောင်းထင်ရှားသနည်း။

◆ ကောင်းမြတ်သောဟူ၍ အခေါ်ခံရခြင်းကို ယေရှုအဘယ်ကြောင့်ပယ်ချတော်မူသနည်း။

◆ ထိုလူငယ်အရာရှိ၏ အဖြစ်အပျက်က ကြွယ်ဝချမ်းသာခြင်း၏အန္တရာယ်ကို အဘယ်သို့ ကွက်ကွက်ကွင်းကွင်း မြင်သာစေသနည်း။

◆ တပည့်တော်တို့အား အဘယ်ဆုကျေးဇူးကို ယေရှု ကတိပေးတော်မူသနည်း။

◆ အဘယ်သို့ အရင်ကျသောသူသည် နောက်ကျ၍ နောက်ကျသောသူသည် အရင်ကျသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ