ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၀ ၁၀/၁၅ စာ. ၃-၄
  • လူသေများအတွက် အဘယ်မျှော်လင့်ချက် ရှိသနည်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • လူသေများအတွက် အဘယ်မျှော်လင့်ချက် ရှိသနည်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘လူသေများ အသက်ရှင်နေပါသလော’
  • ထိုသို့ဖြစ်ပုံမရှိချေ။ သို့သော် မည်သို့သေချာနိုင်မည်နည်း။ အောက်ပါကျမ်းစာသာဓကကို အသေအချာသုံးသပ်ကြည့်ပါ။ “ယေဟောဝါဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကိုမှုတ်တော်မူလျှင် လူသည်အသက်ရှင်သောဝိညာဉ်စိုးလ်ဖြစ်လေ၏။” (ကမ္ဘာဦး ၂:၇) ပထမလူအာဒံအား ဝိညာဉ်ပေးသည်ဟု ဤမှုတ်သွင်းခံစကားများကဆိုပါသလော။ ထိုသို့မဟုတ်ဘဲ သူသည် ဝိညာဉ်ဖြစ်လာခဲ့သည်။ သို့ဖြစ်၍ အသက်ရှင်သူတစ်ဦးဖြစ်လာသည်။ “ကျမ်းစာလာသည်ကား ရှေ့ဦးစွာသောလူအာဒံသည် အသက်ရှင်သောဝိညာဉ်စိုးလ်ဖြစ်လာသည်” ဟုရေးသားခဲ့သူ တမန်တော်ပေါလု ယင်းကိုထောက်ခံသည်။ ပေါလုသည် ကမ္ဘာဦးကျမ်းမှ ကိုးကားနေခြင်းဖြစ်သည်။—၁ ကောရိန္သု ၁၅:၄၅၊ The Jerusalem Bible.
  • လူသေများ ပြန်အသက်ရှင်ဦးမည်လော
  • တမလွန်ဘဝ—သမ္မာကျမ်းစာက ဘာပြောသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
  • ရှင်ပြန်ထမြောက်ခြင်း၌ သင့်ယုံကြည်ချက်မည်မျှခိုင်မာသနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • သေခြင်း
    နိုးလော့!—၂၀၁၅
  • သေပြီးနောက်စိုးလ်ဆက်အသက်ရှင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
က၉၀ ၁၀/၁၅ စာ. ၃-၄

လူသေများအတွက် အဘယ်မျှော်လင့်ချက် ရှိသနည်း

ငယ်ရွယ်သောမိသားစုတစ်စု တောင်အာဖရိကနိုင်ငံ၏ အရှေ့ကမ်းခြေသို့ အပန်းဖြေခရီးထွက်နေကြသည်။ ဇနီးဖြစ်သူ၏မိဘများသည် ရှေ့ကားတစ်စီးတွင်ပါသွားသည်။ ဗြုန်းကနဲ ကားတာယာပေါက်သွားသည်။ လမ်းဘေးကပ်၍တာယာအသစ်တပ်ဆင်နေစဉ် အရက်မူးပြီးကားမောင်းသူတစ်ဦး ကားနှစ်စီးစလုံးကို ဝင်တိုက်လေသည်။ သက်ကြီးရွယ်အိုမောင်နှံစုံ ပွဲချင်းပြီးသေဆုံးလေသည်။ နောက်ရက်အနည်းငယ်အကြာတွင် လူငယ်အမျိုးသားသေဆုံးလေသည်။ ဇနီးဖြစ်သူမူ နံရိုးများကျိုးရုံမက အခြားဒဏ်ရာများလည်းရခဲ့သည်။ သူမ၏ကလေးငယ်ခမျာ ဦးနှောက်တွင်ဒဏ်ရာရခဲ့ရာ သွက်ချာပါဒဖြစ်ရရှာသည်။

ဤအဖြစ်ဆိုးသောမိသားစုအတွက် ကြေကွဲဝမ်းနည်းစရာပါတကား။ ဇနီးဖြစ်သူ၏အစ်မ ကယ်ရိုလန်း ဤသတင်းဆိုးကြားသည်နှင့် ကြက်သေသေခဲ့ရသည်။ ဤကဲ့သို့သောဝမ်းနည်းဖွယ်အဖြစ်ဆိုးများ နိုင်ငံတကာတွင်ဖြစ်တတ်ကြသည်။ နှလုံးကြေကွဲရသူ ဆွေမျိုးနှင့်မိတ်ဆွေများက ‘လူသေများ တကယ်သေနေသလော’ သို့မဟုတ် . . .

‘လူသေများ အသက်ရှင်နေပါသလော’

ဝိညာဉ်မသေဟူ၍ ဘာသာတိုင်းလိုလိုသွန်သင်သည်။ ယင်းကြောင့် ထိုဘာသာဝင်များက သေလွန်သူတို့သည် အမှန်မသေဘဲ ကောင်းကင်၊ ငရဲကလေး သို့မဟုတ် ငရဲတွင်ဆက်အသက်ရှင်နေသည်ဟု ယုံကြည်ကြသည်။ ချာ့ချ်များစွာတွင် သွန်သင်သည့်အတိုင်း နောက်ဆုံးနေရာတွင်ရောက်နေကြသူတို့သည် ဒုက္ခဝေဒနာများကိုအစဉ်အဆက်ခံနေရသည်။ သို့သော် မေတ္တာရှင်ဘုရားသခင်သည် ဤကဲ့သို့သောဆင်းရဲဒုက္ခများကို ဝေနေယျသတ္တဝါများအား ခံစားစေပါမည်လော။—၁ ယောဟန် ၄:၈။

ထိုသို့ဖြစ်ပုံမရှိချေ။ သို့သော် မည်သို့သေချာနိုင်မည်နည်း။ အောက်ပါကျမ်းစာသာဓကကို အသေအချာသုံးသပ်ကြည့်ပါ။ “ယေဟောဝါဘုရားသခင်သည် မြေမှုန့်ဖြင့် လူကိုဖန်ဆင်း၍ သူ၏နှာခေါင်းထဲသို့ ဇီဝအသက်ကိုမှုတ်တော်မူလျှင် လူသည်အသက်ရှင်သောဝိညာဉ်စိုးလ်ဖြစ်လေ၏။” (ကမ္ဘာဦး ၂:၇) ပထမလူအာဒံအား ဝိညာဉ်ပေးသည်ဟု ဤမှုတ်သွင်းခံစကားများကဆိုပါသလော။ ထိုသို့မဟုတ်ဘဲ သူသည် ဝိညာဉ်ဖြစ်လာခဲ့သည်။ သို့ဖြစ်၍ အသက်ရှင်သူတစ်ဦးဖြစ်လာသည်။ “ကျမ်းစာလာသည်ကား ရှေ့ဦးစွာသောလူအာဒံသည် အသက်ရှင်သောဝိညာဉ်စိုးလ်ဖြစ်လာသည်” ဟုရေးသားခဲ့သူ တမန်တော်ပေါလု ယင်းကိုထောက်ခံသည်။ ပေါလုသည် ကမ္ဘာဦးကျမ်းမှ ကိုးကားနေခြင်းဖြစ်သည်။—၁ ကောရိန္သု ၁၅:၄၅၊ The Jerusalem Bible.

လူ့ဝိညာဉ်စိုးလ် သေနိုင်ပါသလော။ ပရောဖက်ယေဇကျေလ ဤသို့ရေးသားခဲ့သည်။ “ဝိညာဉ်အပေါင်းတို့ကို ငါပိုင်၏။ အဘ၏ဝိညာဉ်ကို ငါပိုင်သကဲ့သို့ သား၏ဝိညာဉ်ကိုလည်း ငါပိုင်၏။ ပြစ်မှားသောဝိညာဉ်သည် အသက်သေရမည်။” (ယေဇကျေလ ၁၈:၄၊ ၂၀။ ဒေသနာ ၉:၅၊ ၁၀) ထင်ရှားနေသည်ကား ဝိညာဉ်စိုးလ်သေလျှင် သူဘာမျှမသိတော့။ ဝေဒနာလည်းမခံစားရတော့ပေ။ စီအီး ၃၃ ခုနှစ်၊ ပင်တေကုတ္တေပွဲကျင်းပပြီးနောက် လူထုရှေ့ပထမအကြိမ်ဟောပြောချိန်တွင် တမန်တော်ပေတရု ဤသို့ကြေညာခဲ့သည်။ “အကြင်သူသည် ထိုပရောဖက် [ယေရှု] ၏စကားကိုနားမထောင်ဘဲနေအံ့၊ ထိုသူသည် မိမိအမျိုးထဲက ပယ်ရှင်းခြင်းကိုခံရမည်။” ထိုကြောင့် ဝိညာဉ်စိုးလ်သည် သေနိုင်ပါသည်။—တမန်တော် ၃:၂၃။

လူသေများ ပြန်အသက်ရှင်ဦးမည်လော

ယေရှုသေလွန်၍ တတိယမြောက်နေ့တွင် ရှင်ပြန်ထမြောက်သည်ဟု သမ္မာကျမ်းစာမှန်ကန်ကြောင်း လက်ခံယုံကြည်သူအားလုံး သိထားကြသည်။ (တမန်တော် ၁၀:၃၉၊ ၄၀) မည်သို့ဖြစ်နိုင်မည်နည်း။ ဘုရားသခင်၏ သန့်ရှင်းသောဝိညာဉ်တော်တန်ခိုးအားဖြင့်ဖြစ်သည်။

ယေရှု၏ထမြောက်ခြင်းကား ခြွင်းချက်လော။ မဟုတ်ပါ။ ကောရိန္သုအသင်းတော်ထံ ပေါလုရေးသားသကဲ့သို့ဖြစ်သည်။ “ခရစ်တော်သည် သေခြင်းမှထမြောက်တော်မူ၍ အိပ်ပျော်သောသူတို့တွင် အဦးသီးသောအသီးဖြစ်တော်မူပြီ။ သို့ဖြစ်၍ လူအားဖြင့်သေခြင်းတရားသည်တည်သကဲ့သို့ သေသောသူတို့၏ ထမြောက်ခြင်းတရားသည် လူ [ခရစ်တော်] အားဖြင့်တည်လျက်ရှိ၏။” (၁ ကောရိန္သု ၁၅:၂၀-၂၂) သို့ဖြစ်၍ သေခြင်းမှ များစွာသောသူတို့ ထမြောက်လာပေမည်။ ဤသို့လည်း ယေရှုမိန့်တော်မူသည်။ “ဤအမှုအရာကို အံ့သြခြင်းမရှိကြနှင့်။ သင်္ချိုင်းများမှာရှိသောသူအပေါင်းတို့သည် သားတော်၏စကားသံကိုကြား၍ ထွက်ရမည့်အချိန်ကာလရောက်လတံ့။ ကောင်းသောအကျင့်ကို ကျင့်သောသူတို့သည် အသက်ရှင်ရာထမြောက်ခြင်းသို့ . . . ထွက်ရကြလတံ့။” (ယောဟန် ၅:၂၈၊ ၂၉) ယင်းက သန်းပေါင်းများစွာသောသူတို့ ထမြောက်လာမည်ဟု အာမခံသည်။

အထက်ပါရှင်းပြချက်ကြောင့် ရှင်ပြန်ထမြောက်ခြင်းကို သင်စိတ်ဝင်စားနေပြီဆိုလျှင် သင်ဤသို့မေးမြန်းလိုမည်။ ‘ရှင်ပြန်ထမြောက်ခြင်းသည် မည်သူအတွက်ဖြစ်သနည်း။ အဘယ်အချိန်တွင်ဖြစ်မည်နည်း။’ ဤအရေးကြီးမေးခွန်းများကို သုံးသပ်ကြည့်စို့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ