လည်ပတ်မှုကို သင်ကြိုဆိုမည်လော
သမ္မာကျမ်းစာတွင် မှတ်တမ်းတင်ထားသည့်အတိုင်း ဘုရားသခင်ကိုသိကျွမ်းရန်၊ ကိုယ်တော်၏နိုင်ငံတော်နှင့်ကိုယ်တော်၏ရည်ရွယ်တော်မူချက်များကို သင်တိုးသိနားလည်ရန် ယေဟောဝါသက်သေတစ်ဦး သင့်ထံအလည်အပတ်လာပြီးကူညီပေးလိုပါသည်။ ဤအကြောင်းကိုသိရှိလျှင် သင့်အတွက်အကျိုးရှိမည်ဟုကျွန်ုပ်တို့မျှော်လင့်ပါသည်။ အကြောင်းမူကား ယင်းအသိညာအားဖြင့် ယနေ့ကျွန်ုပ်တို့အားလုံး ရင်ဆိုင်နေရသောဘဝပြဿနာများအတွက် စိတ်ချရသောအဖြေများရရှိစေသည်။ သမ္မာကျမ်းစာပညာကို တစ်ဦးစီ၊ အုပ်စုလိုက်အားလည်းကောင်း အခမဲ့ပေးကြပါသည်။
ထိုကြောင့် သင့်အိမ်သို့လည်းကောင်း၊ အခြားအဆင်ပြေသောနေရာသို့လည်းကောင်း အရည်အချင်းရှိသူတစ်ဦးအား လည်ပတ်လာစေလိုလျှင် ဝမ်းသာစွာစီစဉ်ပေးပါမည်။ ကျမ်းစာမှ သင်သိလိုသောအရာများကို သိလာမည်သာမက ကျမ်းစာမူများကိုကျင့်သုံးခြင်းအားဖြင့် ပြဿနာများကိုဖြေရှင်းပေးနိုင်မည့် အဖြေကိုပါရရှိပါလိမ့်မည်။ ဤအကူအညီကို သင်ရယူနိုင်ရန် ပူးတွဲပါပုံစံကိုသာဖြည့်စွက်၍ စာတိုက်မှတစ်ဆင့်ပို့ပေးလိုက်ပါ။