ယုံကြည်ခြင်းနှင့် ဩတ္တပ္ပစိတ်ကောင်းကို စွဲကိုင်လော့
တိမောသေပထမစောင်မှ ပေါ်လွင်ချက်များ
၅၆ စီအီးခန့်တွင်တမန်တော်ပေါလုသည် ဧဖက်အသင်းတော်မှအကြီးအကဲများအား “ကြမ်းတမ်းသောဝံပုလွေ” များသည်သူတို့အထဲတွင်ပေါ်လာပြီး “တပည့်တော်များကိုသွေးဆောင်ခြင်းငှာ၊ မှားသောစကားကိုပြောတတ်သောလူတို့သည်. . . ပေါ်လာမည်” ဟုသတိပေးခဲ့သည်။ (တမန်တော် ၂၀:၂၉၊ ၃၀) နှစ်အနည်းငယ်ကြာသော် မိစ္ဆာသွန်သင်ချက်သည် အလွန်စိုးရိမ်ဖွယ်ဖြစ်လာရာ အသင်းတော်အတွင်းစင်ကြယ်မှုကိုထိန်းသိမ်းရန်နှင့် ယုံကြည်သူဘက်သားများကို ယုံကြည်ခြင်းတွင်ရပ်တည်နေရန်ကူညီဖို့ ဝိညာဏစစ်ပွဲဆင်နွှဲရန် ပေါလုသည် တိမောသေအားတိုက်တွန်းခဲ့သည်။ အဓိကထိုအချက်ကြောင့်ပေါလုသည် သူ၏ပထမစာစောင်အား တိမောသေထံမာကေဒေါနိမှ ၆၁-၆၄ စီအီးခန့်တွင်ရေးသားခဲ့ခြင်းဖြစ်သည်။
တိမောသေအားအကြီးအကဲ၏တာဝန်များ၊ အမျိုးသမီးများ၏ဘုရားသခင်ခန့်အပ်ထားသောနေရာ၊ အကြီးအကဲများနှင့်ဓမ္မအမှုထမ်းများ၏ အရည်အချင်းများနှင့်အခြားကိစ္စများဖြစ်သည်။ ယင်းညွှန်ကြားချက်များသည် ယနေ့တွင်လည်းအကျိုးရှိသည်။
ယုံကြည်ခြင်းကိုတိုက်တွန်းခြင်း
ပေါလုကယုံကြည်ခြင်းနှင့်သြတ္တပ္ပစိတ်ကောင်းကို စွဲကိုင်ထားရန် သွန်သင်ချက်နှင့်အစပြုခဲ့သည်။ (၁ တိ. ၁:၁-၂၀) သူကတိမောသေအားဧဖက်တွင် နေရစ်ရန်နှင့် “ခြားနားသောအယူဝါဒကို မသွန်သင်ရန်” အချို့ကိုပညတ်ထားဖို့ အားပေးခဲ့သည်။ ပေါလုသည်သူ့အားခန့်အပ်ထားသော ဓမ္မအမှုကိုကျေးဇူးတင်ပြီး၊ ယေရှု၏နောက်လိုက်များကိုနှိပ်စက်ခဲ့စဉ် သူသည်မသိ၍ယုံကြည်ခြင်းမဲ့စွာဖြင့် ပြုမူခဲ့ကြောင်း အသိအမှတ်ပြုခဲ့သည်။ တမန်တော်ကတိမောသေအား ဝိညာဏစစ်ပွဲတိုက်ရန် “ယုံကြည်ခြင်းကိုလည်းကောင်း၊ ကိုယ်ကိုသိသောစိတ်ကြည်လင်” ၍အချို့သောသူတို့ကဲ့သို့ “ယုံကြည်ခြင်းသင်္ဘောပျက်” ခြင်းမရှိရန်ပြောခဲ့သည်။
ဝတ်ပြုခြင်းအပေါ်သွန်သင်ချက်
ဆက်လက်၍ပေါလုက “ယုံကြည်ခြင်းတရားနှင့်သမ္မာတရားကို တစ်ပါးအမျိုးသားတို့အားဟောပြော” သူအဖြစ် သွန်သင်ချက်ပေးခဲ့သည်။ (၂:၁-၁၅) ခရစ်ယာန်များသည်ငြိမ်ဝပ်စွာနေရမည်အကြောင်း ကြီးမြင့်သောနေရာတွင်ရှိသူများနှင့်စပ်လျဉ်း၍ ဆုတောင်းပေးရန်ဖြစ်သည်။ လူအမျိုးမျိုးကယ်တင်ခြင်းရရန် ဘုရားသခင်အလိုတော်ဖြစ်ပြီး၊ ခရစ်တော်သည် “လူအပေါင်းတို့ကိုရွေးအံ့သောငှာ ကိုယ်ကိုကိုယ်စွန့်” ခြင်းသည်အရေးကြီးသော သွန်သင်ချက်ဖြစ်သည်။ ပေါလုကမိန်းမတစ်ဦးသည် ဣန္ဒြေရှိရှိဆင်ယင်ရန်ဖြစ်ပြီး၊ ယောက်ျားတစ်ဦးအပေါ်အစိုးတရမပြုရန် ဖော်ပြခဲ့သည်။
အသင်းတော်သည် ကောင်းစွာဖွဲ့စည်းထားရမည်။ (၃:၁-၁၆) ထို့ကြောင့်ပေါလုက ကြီးကြပ်ရေးမှူးများနှင့်ဓမ္မအမှုထမ်းအတွက် အရည်အချင်းများကိုဖော်ပြခဲ့သည်။ တမန်တော်ရေးသားခဲ့သည်များမှ တိမောသေသည် “သမ္မာတရား၏အမှီတကဲ. . . သမ္မာတရား၏တည်ရာလည်းဖြစ်သော အသင်းတော်တွင်မည်သို့ပြုမူရမည်ကိုလည်း သိရှိမည်ဖြစ်သည်။
ပေါလုကတိမောသေအား မှားယွင်းသောသွန်သင်ခြင်းမှကာကွယ်ရန် နှစ်ဦးချင်းသွန်သင်ချက်ပေးခဲ့သည်။ (၄:၁-၁၆) နောက်ပိုင်းအချိန်တွင်အချို့သည် ယုံကြည်ခြင်းမှလွဲသွားမည်ဖြစ်သည်။ သို့သော်၊ သူ့ကိုယ်ကိုလည်းကောင်း၊ သူ၏ဆုံးမသြဝါဒကိုလည်းကောင်း သတိပြုခြင်းဖြင့်၊ တိမောသေသည် ‘သူ့ကိုယ်ကိုလည်းကောင်း၊ သူ့အားနားထောင်နေသူတို့အားလည်းကောင်း ကယ်တင်မည်ဖြစ်သည်။’
တစ်ဦးချင်းလူငယ်၊ လူကြီးများနှင့်ဆက်ဆံရေးသွန်သင်ချက်လည်း တိမောသေရရှိခဲ့သည်။ (၅:၁-၂၅) ဥပမာ၊ ခရစ်ယာန်နာမည်ကောင်းရှိသူ၊ မုဆိုးမများအတွက် လျောက်ပတ်သောပြင်ဆင်ပေးချက်များ လုပ်ဆောင်ပေးရန်ဖြစ်သည်။ အတင်းအဖျင်းပြောနေမည့်အစား ပို၍ငယ်ရွယ်သောမုဆိုးမများသည် အိမ်ထောင်ပြုပြီး၊ ကလေးများမွေးဖွားရန်ဖြစ်သည်။ ကောင်းစွာဦးစီးနေသော အသက်ကြီးသူများသည် လေးစားမှုနှစ်ဆကိုရထိုက်လေသည်။
ရောင့်ရဲလျက် ဘုရားဝတ်၌မွေ့လျော်ခြင်း
ပေါလုစာသည်ဘုရားဝတ်၌မွေ့လျော်ခြင်းအပေါ် သွန်သင်ချက်ပေး၍ နိဂုံးချုပ်ထားသည်။ (၆:၁-၂၁) “ရောင့်ရဲသောစိတ်ပါလျှင် ဘုရားဝတ်၌မွေ့လျော်ခြင်းသည်” အမှန်ပင်ကြီးစွာသော အကျိုးမှန်သည်။ သို့သော်ကြွယ်ဝရန်စိတ်ထက်သန်ခြင်းသည် ပျက်ဆီးခြင်းနှင့်ယိုယွင်းခြင်းနှင့်သို့ဦးတည်သည်။ ပေါလုကတိမောသေအား ‘ထာဝရအသက်ကိုကိုင်ယူရန်’ ယုံကြည်ခြင်းအတွက် ကောင်းစွာတိုက်ရန် ကြွယ်ဝသူသည် “မမြဲသောစည်းစိမ်ကိုမကိုးစားဘဲ. . . ဘုရားသခင်အားကိုးစားရမည်။”
[စာမျက်နှာ ၂၅ ပါ လေးထောင့်ကွက်/ရုပ်ပုံ]
သားဖွားခြင်းဖြင့်ကယ်တင်ခံရခြင်း—“ဣန္ဒြေစောင့်ခြင်းနှင့်တကွ ယုံကြည်ခြင်း၊ ချစ်ခြင်း၊ သန့်ရှင်းခြင်း၌တည်လျှင် သားဖွားခြင်းအမှု၌ ကယ်တင်ခြင်းသို့ရောက်လိမ့်မည်” ဟုရေးသားခဲ့စဉ် ပေါလုကထာဝရအသက်သို့ ကယ်တင်ခြင်းကိုမဟုတ်ဘဲ ဘုရားရေးရာမိန်းမတစ်ဦး၏ လျောက်ပတ်သောကဏ္ဍကို ဆွေးနွေးနေခြင်းဖြစ်သည်။ (၁ တိမောသေ ၂:၁၁-၁၅) သားဖွားခြင်း၊ သူမ၏ကလေးများကိုစောင့်ရှောက်ခြင်း၊ အိမ်ထောင်ကိုထိန်းသိမ်းခြင်းဖြင့် မိန်းမတစ်ဦးသည် အလုပ်မရှိလိုက်လံအတင်းအဖျင်းပြောခြင်းနှင့် အခြားသူတို့၏အမှုကိစ္စတွင်ဝင်စွက်ခြင်းမှ “ကယ်တင်” (ကာကွယ်၊ NW) ခံရမည်ဖြစ်သည်။ (၁ တိမောသေ ၅:၁၁-၁၅) သူမ၏အိမ်မှုဆောင်တာလုပ်ငန်းများသည် ယေဟောဝါထံသူမ၏အမှုဆောင်ခြင်းကို ပြီးပြည့်စေမည်ဖြစ်သည်။ မှန်ပါသည်။ ခရစ်ယာန်အားလုံးသည်သူတို့၏ အပြုအမူကိုစောင့်ရှောက်ရမည်ဖြစ်ပြီး၊ သူတို့၏အချိန်ကို ပညာရှိစွာအသုံးပြုသင့်သည်။—ဧဖက် ၅:၁၅၊ ၁၆။