ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၁ ၈/၁ စာ. ၃-၄
  • နောက်ဆုံးတရားစီရင်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • နောက်ဆုံးတရားစီရင်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • ခရစ်ယာန်ဘောင်၏အယူ
  • တရားစီရင်ရာနေ့—မျှော်လင့်ချက်ချိန်ခါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
  • တရားစီရင်ရာနေ့နှင့် ၎င်းနောက်ပိုင်း
    သင်သည်ကမ္ဘာ့ပရဒိသု အတွင်းထာဝရစဉ်အသက်ရှင်နိုင်သည်
  • တရားဆုံးဖြတ်ရာနေ့မှာ ဘာတွေဖြစ်ပျက်မလဲ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၂
  • မီးငရဲ မည်သို့ဖြစ်သွား ခဲ့ပြီနည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
က၉၁ ၈/၁ စာ. ၃-၄

နောက်ဆုံးတရားစီရင်ခြင်း

“သင်သေဆုံးသောအခါ သင်၏ဝိညာဉ်သည် တစ်ဦးတည်းညှဉ်းပန်းခံရမည်။ ၄င်းသည်ယင်းအတွက် ငရဲဖြစ်သည်။ သို့သော်တရားစီရင်ရာနေ့တွင် သင်၏ခန္ဓာသည် သင်၏ဝိညာဉ်နှင့်ပေါင်း၍ ယင်းတို့သည်အမြွှာပူး ငရဲကျမည်။ သင်၏ဝိညာဉ်သည် သွေးချွေးများကျ၍ သင်၏ခန္ဓာသည် နာကျင်စွာခံရမည်။”

ယင်းကား ၁၉ ရာစုတရားဟောဆရာ စီအိတ်ချ်စပူရ်ဂျန်က တရားစီရင်ရာနေ့နှင့် အပြစ်ခံရခြင်းများကို ရှုမြင်ပုံအား ဖော်ပြချက်ဖြစ်သည်။ အီတလီပန်းချီဆရာ မိုက်ကယ်လန်ဂလိုသည် အလားတူပင်ကြောက်မက်ဖွယ် ယုံကြည်ကြောင်း ရောမစစ်တန်ဘုရားကျောင်းနံရံပေါ်ရှိ သူ၏လက်ရာဖြစ်သော “နောက်ဆုံးတရားစီရင်ခြင်း” ပန်းချီမှတွေ့ရသည်။ The New Encyclopœdia Britannica ကဤပန်းချီကားအကြောင်း ပြောပြသည်။ “တရားစီရင်နေသော ခရစ်တော်သည် ခရစ်ယာန်ကယ်တင်ရှင်တစ်ဦးထက် ကြောက်မက်ဖွယ်ဘုရားဖြစ်၍ ကောင်းချီးခံရသူများကို ကောင်းကင်သို့ကြိုဆိုဖို့ထက် လူသားများကိုငရဲချဖို့ ပို၍စိတ်ဝင်စားသည်။”

ခရစ်ယာန်ဘောင်၏အယူ

လွန်ခဲ့သည့်ရာစုနှစ်များတွင် တရားစီရင်ရာနေ့နှင့်ငရဲမီးသည် ဟောပြောရာတွင် ရေပန်းစားသော အကြောင်းများဖြစ်သည်။ သူတို့၏တရားပလ္လင်မှ စီအိတ်ချ်စပူရ်ဂျန်ကဲ့သို့သော တရားဟောဆရာများသည် အပြစ်သားများကို စောင့်ဆိုင်းနေသော ကြောက်ခမန်းလိလိညှဉ်းဆဲခြင်းများကို ကွင်းကွင်းကွက်ကွက်ဖော်ပြလျက် ကျယ်လောင်စွာစကားကြီးစကားကျယ်ဖြင့် ဟောပြောကြသည်။ ယခုအချိန်တွင်၊ ထိုကဲ့သို့သောဟောပြောချက်များ ကြားရခဲသည်။ သို့သော်လည်းငရဲမီးနှင့် နောက်ဆုံးတရားစီရင်ခြင်းသည် အသင်းတော်အများ၏ သွန်သင်ချက်ဖြစ်နေတုံးပင်။

ခရစ်ယာန်ဘောင်ဘာသာရေး အများစုသည် အများအားဖြင့် ဘုရားရှင်၏တရားစီရင်ချက်သည် အဆင့်နှစ်ဆင့်ဖြင့် လာကြောင်းရိုမင်ကက်သလစ်သွန်သင်ချက်နှင့် သဘောတူညီကြသည်။ ပထမအနေနှင့် “အထူးတရားစီရင်ချက်” ရှိသည်။ လူတစ်ဦးသေဆုံးသောအခါ သူ၏မသေနိုင်ဟုဆိုသော ဝိညာဉ်သည်ချက်ချင်းတရားစီရင်ခံရကာငရဲ သို့မဟုတ် ကောင်းကင်သို့ထာဝစဉ် ပို့လိုက်သည်။aသို့နှင့်လူသေများ၏ ခန္ဓာရှင်ပြန်ထမြောက်လာလျက် သူတို့၏မသေနိုင်သော ဝိညာဉ်များနှင့် ပေါင်းစည်းသောအခါဖြစ်သည့် အဆုံးပိုင်းတွင် နောက်ဆုံး သို့မဟုတ် လူအားလုံးအား တရားစီရင်မည့်အချိန် ရောက်ရှိလာသည်။

တရားစီရင်ရာနေ့တွင် ကောင်းကင်၌ရှိသော ဝိညာဉ်များသည် ထိုတွင်ဆက်ရှိကာ မပျက်စီးနိုင်တော့သော ခန္ဓာများနှင့် ပေါင်းစည်းကြသည်။ ငရဲတွင်ဝေဒနာ ခံစားရသူများလည်း ထိုတွင်ဆက်ရှိကာ သူတို့၏ဝိညာဉ်များသည်လည်း ထမြောက်လာသော မပျက်စီးနိုင်သော ခန္ဓာများနှင့် ပေါင်းစည်းကြသည်။ အခြားသူများအဆိုအရ ယင်းသို့ဖြစ်ခြင်းဖြင့် သူတို့၏ဝေဒနာကို ပိုမိုပြင်းထန်စေသည်။ အသက်ရှင်ဆဲသူများသည် မသေဆုံးကြ။ သူတို့သည်အသက်ရှင်လျက်ရှိစဉ် တရားစီရင်ခံရပြီး “ခန္ဓာနှင့်ဝိညာဉ်” ဖြင့် ကောင်းကင် သို့မဟုတ် ငရဲသို့တိုက်ရိုက် သွားလေသည်။

ငရဲမီးတွင်မပြောပြနိုင်သော ညှဉ်းဆဲခံနိုင်ဖွယ်ရှိခြင်းက ဘုရားရှင်၏တရားစီရင်ခြင်းတစ်ခုလုံးကို စဉ်းစားရန်ကြောက်ရွံ့ခြင်းကို ဖြစ်စေသည်။ ထိုအကြောင်းကြောင့်၊ အမှန်တကယ်တွင် ဘုရားသခင်၏တရားစီရင်ခြင်းသည် အများအားဖြင့်ဝမ်းမြောက်ဖွယ်ရာဖြစ်သည်ကို သင်သိရှိလျှင် အံ့သြမည်လော။ ကိုယ်တော်၏တရားစီရင်ရာနေ့သည် လူ့သမိုင်းတစ်လျှောက်တွင် အပျော်ရွှင်ဆုံးအချိန်တစ်ခုဖြစ်မည်။ ယင်းသည်မည်သို့ ဖြစ်လာနိုင်သနည်း။

[အောက်ခြေမှတ်ချက်များ]

a ရိုမင်ကက်သလစ်များသည် ကောင်းကင်သို့နောက်ဆုံးမသွားမီ ငရဲကလေးတွင် ယာယီဒဏ်စီရင်ခံရခြင်းဖြစ်သော တတိယအဆင့်ကိုလည်း ယုံကြည်ကြသေးသည်။

[Picture Credit Line on page 3]

Random / Sipa Icono

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ