စိတ်၏ ငြိမ်သက်မှုကို ရှာဖွေခြင်း
ထိုစကားကို နှစ်ပေါင်းများစွာပင် ဘာသာရေးတွင် စိတ်၏ငြိမ်သက်မှုရှာဖွေနေသော အမေရိကန်၊ အူတာ၊ ဆော့တ်လိပ်ခ်မြို့ရှိ အမျိုးသမီးတစ်ဦးကဆိုခဲ့သည်။ သူမက “လွန်ခဲ့တဲ့ရှစ်လအထိ ကျွန်မဟာဘယ်တော့မှ ငြိမ်သက်မှုရနိုင်မှာမဟုတ်ဘူးဆိုပြီး ယူဆခဲ့တယ်။ ဒါနဲ့ဖေဖော်ဝါရီလမှာ ကျွန်မတံခါးဝကို သက်သေခံတွေရောက်လာတယ်။ ကျွန်မလေ့လာနေတာ ရှစ်လရှိသွားပါပြီ။ ရှင်တို့တစ်တွေသာ ဘုရားနိုင်ငံတော်အတွက် ပြင်ဆင်နေတဲ့သူတွေဖြစ်တယ်ဆိုတာ ကျွန်မသဘောပေါက်လာတယ်။”
ထိုအမျိုးသမီးက ထပ်ဆင့်လိုက်သည်။ “တစ်နေ့တော့ ကျွန်မရဲ့သက်သေခံမိတ်ဆွေကကျွန်မကို The Bible—God’s Word or Man’s? ဆိုတဲ့စာအုပ်ကိုပေးခဲ့တယ်။ ဒီစာအုပ်လောက် ကျွန်မနှစ်သက်ခဲ့တဲ့စာအုပ် မရှိခဲ့သေးဘူး။ ဒီစာအုပ်ဟာ ကင်းမျှော်စင်အသင်းရဲ့စာအုပ်တွေထဲမှာ အကောင်းဆုံးတစ်အုပ်ပါပဲ။
ဤစာအုပ်ကောင်းတစ်အုပ်ရရှိလိုပါက ကျေးဇူးပြု၍ပူးတွဲပါဖြတ်ပိုင်းကိုဖြည့်စွက်၍ စာတိုက်မှပို့လိုက်ပါလေ။