ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၈/၁၅ စာ. ၃၂
  • ဂိုဏ်းချုပ်ကြီး မဖြေရှင်းနိုင်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဂိုဏ်းချုပ်ကြီး မဖြေရှင်းနိုင်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၈/၁၅ စာ. ၃၂

ဂိုဏ်းချုပ်ကြီး မဖြေရှင်းနိုင်

လွန်ခဲ့သည့်နှစ်က ချာ့ချ်နှင့်အရေးတကြီးပတ်သက်နေသည့်ကိစ္စအချို့ကို ဆွေးနွေးရန် သာသနာပိုင်များအစည်းအဝေးတစ်ရပ်ကို ခေါ်ယူကျင်းပခဲ့သည်။ Il Sabato သတင်းစာအရ ယင်းတို့အနက်တစ်ခုမှာ “ဂိုဏ်းဂဏများချင်းနင်းကျူးကျော်ခြင်း” ပင်ဖြစ်သည်။ သို့သော် သတင်းစာက “သာသနာပိုင်များအတွက် ဤကိစ္စနှင့်ပတ်သက်၍ သဘောတူညီမှုရရန်မှာ ပြဿနာတစ်ရပ်မဖြစ်သင့်ပေ။ အသစ်သောဘာသာရေးလှုပ်ရှားမှု၏ဖြစ်ရပ်ဆန်းကို ပို၍နက်နက်နဲနဲလေ့လာစူးစမ်းရန်နှင့် ယင်းတို့၏တိုးပွားမှုကို အတတ်နိုင်ဆုံးဟန့်တားသွားရန်အားလုံးသဘောတူညီကြသည်။”

ယင်းသို့ “ဂိုဏ်းဂဏများချင်းနင်းကျူးကျော်ခြင်း” သည် အီတလီတွင်သာဖြစ်သည့်ပြဿနာမဟုတ်သည်မှာ ထင်ရှားသည်။ Il Sabato ကဖော်ပြသည်မှာ “စမိုးလဲန့်စ် [ရုရှား၏ရှေးအကျဆုံးမြို့တစ်မြို့] မှ ဂိုဏ်းချုပ်ကြီးခီရေးလ်သည် ဗာတီကန်ဌာနချုပ်သို့သွားရောက်လည်ခဲ့စဉ်က ယေဟောဝါသက်သေများနှင့် ဆိုဗီယက်ယူနီယံတစ်ခွင်ရှိအလားတူအုပ်စုများ၏ တိုးတက်ပျံ့နှံ့မှုကို ကမ္ဘာချီခရစ်ယာန်များဝိုင်းဝန်းကူညီမှုအစီအစဉ်အားဖြင့် ဖြေရှင်းကြရန် ပုပ်ရဟန်းမင်းကို တောင်းဆိုလိုက်သည်” ဟူ၍ဖြစ်သည်။

ပထမရာစုအတွင်းက တည်ထောင်ပြီးသားဘာသာရေးခေါင်းဆောင်များသည် ခရစ်ယာန်အယူဝါဒနှင့် ယင်း၏နောက်လိုက်အသင်းသားများ အကြီးအကျယ်တိုးပွားလာခြင်းကို အလားတူစွာမြည်တမ်းခဲ့ကြသည်။ တစ်ကြိမ်တွင် ဒေါသထွက်နေကြသောဂျူးများသည် မြို့အာဏာပိုင်များအား “လောကီနိုင်ငံကိုမှောက်လှန်သောဤသူတို့သည် ဤအရပ်တိုင်အောင်ရောက်ကြပါပြီ” ဟုတိုင်တမ်းခဲ့ကြသည်။ (တမန်တော် ၁၇:၆) ထိုအချိန်မှစ၍ ဘာသာရေးခေါင်းဆောင်များသည် ခရစ်ယာန်ဘာသာတိုးတက်ပြန့်ပွားခြင်းရပ်ဆိုင်းသွားရန် အပြင်းအထန်ကြိုးပမ်းကြတော့သည်။ သို့ရာတွင် သူတို့မအောင်မြင်ခဲ့ပါ။ ယနေ့လည်း စစ်မှန်သောခရစ်ယာန်အယူဝါဒတိုးတက်ပြန့်ပွားခြင်းကို ရပ်ဆိုင်းစေရန်ကြိုးပမ်းမှုမှန်သမျှသည် ပျက်စီးခြင်းသို့ဆိုက်ရောက်နေပြီဖြစ်သည်။ ဘုရားသခင်ကိုယ်တော်တိုင်က “သင့်တစ်ဖက်၌လုပ်သောလက်နက်တစ်စုံတစ်ခုမျှ အထမမြောက်ရ။ သင့်ကိုတရားတွေ့သောသူမည်သည်ကား အရှုံးခံရလိမ့်မည်။ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏ကျွန်တို့သည် ထိုသို့သောအမွေကိုခံရ၍ ငါ့ကြောင့်ဖြောင့်မတ်ရာသို့ရောက်ရကြလိမ့်မည်” ဟုကတိပေးထားတော်မူသည်။—ဟေရှာယ ၅၄:၁၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ