ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁၀/၁၅ စာ. ၃၂
  • ပြည့်စုံနေသည့် ပရောဖက်ပြုချက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ပြည့်စုံနေသည့် ပရောဖက်ပြုချက်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁၀/၁၅ စာ. ၃၂

ပြည့်စုံနေသည့် ပရောဖက်ပြုချက်

ဘုရားသခင့်နိုင်ငံတော်တန်ခိုးဖြင့် မျက်မြင်မရရောက်ရှိခြင်း၏ ပုပ္ပနိမိတ်ကို ခရစ်တော်ယေရှုအား တပည့်တော်များ တောင်းဆိုခဲ့သောအခါ ယေရှုက “မတရားသောအမှုတို့သည် များပြားလိမ့်မည်” ဟုကြိုတင်ဟောခဲ့သည်။ (မဿဲ ၂၄:၃၊ ၁၂) ဤပရောဖက်ပြုချက်သည် ကျွန်ုပ်တို့ခေတ်တွင် ပြည့်စုံနေပါသလော။

အမှန်ပြည့်စုံနေပြီ။ ၁၉၉၁ အောက်တိုဘာလက ကုလသမဂ္ဂထုတ်ဝေခဲ့သော The United Nations and Crime Prevention စာအုပ်က ဤသို့ဆိုသည်။ “အပြစ်ကြီးလေးသောရာဇဝတ်မှုသည် တိုင်းနိုင်ငံအများအတွက် ပြဿနာကြီးတစ်ရပ်ဖြစ်နေပါသည်။ ပြည်တွင်းရာဇဝတ်မှုကို တိုင်းနိုင်ငံအများ ထိန်းမနိုင်သိမ်းမရဖြစ်နေပြီး ပြည်တွင်းကိုကျော်ဖြတ်၍ နယ်ကူးသောရာဇဝတ်မှုသည် အပြည်ပြည်ဆိုင်ရာလူမျိုးစုတို့၏ လက်လှမ်းမီချုပ်ထိန်းပေးမှုထက်မက ဆိုးရွားပြင်းထန်နေပါပြီ။ . . . အဖွဲ့အစည်းလိုက် ပြုကြသော ရာဇဝတ်မှုများသည် ထိတ်လန့်ဖွယ်အခြေအနေရှိနေ၍ ကိုယ်ထိလက်ရောက် အဓမ္မမှုများပြုခြင်း၊ ခြိမ်းခြောက်ခြင်း၊ အဂတိလိုက်စားခြင်းဘက်တွင် အထူးဆိုးရွားတိုးပွားနေပါသည်။ အကြမ်းဖက်မှုကြောင့် အပြစ်မဲ့သူထောင်သောင်းမကတို့သည် အသက်စတေးခဲ့ရကြပြီ။ လူကိုဖျက်ဆီးလိုသည့် မူးယစ်ဆေးဝါးရောင်းချပေးမှုသည်လည်း ကမ္ဘာချီအဖြစ်ဆိုးအဆင့် ရောက်ရှိနေပြီ။ ဥပဒေလွန်ဆန်၍ ဝန်းကျင်ကို မဆင်မခြင်ဖျက်ဆီးမှုသည် ထိတ်လန့်စရာကောင်းလွန်းလှသဖြင့် ကမ္ဘာမြေကြီးကိုယ်နှိုက်ကိုပင် ထိခိုက်သောရာဇဝတ်မှုအဖြစ် အသိအမှတ်ပြုကြပေပြီ။”

လက်လွန်မှုများ။ ၁၉၇၀ တွင်လူ ၁၀၀,၀၀၀ လျှင် လက်လွန်မှု ၁၅၀ မှ ၁၉၉၀ တွင်လူ ၁၀၀,၀၀၀ လျှင် လက်လွန်မှု ၄၀၀ နီးပါးတိုးများလာပြီ။

ခိုးဝှက်မှုများ။ ၁၉၇၀ တွင်လူ ၁၀၀,၀၀၀ လျှင် ၁,၀၀၀ မှ ၁၉၉၀ တွင်လူ ၁၀၀,၀၀၀ လျှင် ၃,၅၀၀ တိုးများလာပြီ။

တမင်တကာပြုလုပ်သော လူသေစေမှုများ။ ဖွဲ့ ဖြိုးဆဲနိုင်ငံများတွင် ၁၉၇၅ နှင့် ၁၉၈၅ အတွင်း လူ ၁၀၀,၀၀၀လျှင် ၁ မှ ၂.၅ အထိ တိုးတက်လာသည်။ ကြီးပွားနေသောနိုင်ငံများတွင်မှာမူ ထပ်တူအချိန်ကာလပိုင်းအတွင်း တိုးတက်နှုန်းမှာ ၃ အောက်မှ ၃.၅ ထက်မကဖြစ်သည်။

မူးယစ်ဆေးဝါးနှင့်ပတ်သက်သော ရာဇဝတ်မှု။ ထိုစာအုပ်က ဤသို့သတိပြုစေသည်။ “အဓိကကူးသန်းရောင်းဝယ်သည့်ဂိုဏ်းများသည် နိုင်ငံငယ်ကလေးများရှိအစိုးရအဖွဲ့များကိုပင် ကြိုးကိုင်ချယ်လှယ်နိုင်သည်။ ယခုအထိလည်း စက်မှုနိုင်ငံကြီးများ၏ တားမြစ်ပိတ်ပင်မှုနှင့် တရားဥပဒေဖြင့်အရေးယူဆောင်ရွက်မှုပြုခြင်းတို့ကို ဟန့်တားနှောင့်ယှက်လျက်ရှိသည်။”

အဘက်ဘက်တွင် ရာဇဝတ်မှု တိုးတက်မှုနှုန်း။ ၁၉၈၅ တွင် လူ ၁၀၀,၀၀၀ လျှင် ၄,၀၀၀ မှ အနှစ် ၂၀၀၀ တိုင်လျှင် ၈,၀၀၀ နီးပါးအထိ နှစ်ဆတိုးများလာစရာအကြောင်းရှိသည်။

ကမ္ဘာချီ ရာဇဝတ်မှုတိုးပွားလာမှုက “အစီအစဉ်စနစ်၏အဆုံး” တွင်ကျွန်ုပ်တို့အသက်ရှင်နေခြင်း၏ လက္ခဏာတစ်ရပ်သာဖြစ်ပါသည်။ (မဿဲ ၂၄:၃) ယေရှုက “ထိုနည်းတူ ထိုအကြောင်းအရာများဖြစ်သည်ကိုမြင်ရလျှင် ဘုရားသခင်၏နိုင်ငံတော် တည်လုနီးသည်ကို သိမှတ်ကြလော့” ဟု မိန့်ဆိုခဲ့သည်။—လုကာ ၂၁:၃၁။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ