ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁၀/၁၅ စာ. ၃၀-၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • အသက်ရှင်တော်မူသော ဘုရားသခင့်လမ်းညွှန်မှုကို လက်ခံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • သွေး–အသက်ရှင်ရေးအတွက် အချက်အချာ
    သွေးသည် သင့်အသက်ကို မည်သို့ ကယ်နိုင်သနည်း
  • သွေး
    ကျမ်းစာဖြင့် ကျိုးကြောင်းဆင်ခြင်ခြင်း
  • သွေးဖြင့်အသက်ကယ်ခြင်း—အဘယ်သို့နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁၀/၁၅ စာ. ၃၀-၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

သွေးရည်ကြည်ခြောက်ကဲ့သို့ သွေးအစိတ်အပိုင်းများကိုစားကုန်ပစ္စည်းတွင်ထည့်ကောင်းထည့်ခဲ့မည့်ကိစ္စကို ခရစ်ယာန်များ မည်မျှစိုးရိမ်ပူပန်သင့်သနည်း။

စားသုံးသည့်အရာများတွင် သင့်ရပ်နယ်မြေဒေသ၌ တိရစ္ဆာန်အသွေး (သို့မဟုတ် ယင်း၏အစိတ်အပိုင်း) ကိုထည့်သွင်းရောစပ်ထားကြောင်း ခိုင်လုံစွာသိရှိထားမည်ဆိုလျှင် ခရစ်ယာန်များသည် လိုအပ်သလို ဂရုပြုသင့်သည်။ မည်သို့ဆိုစေ ထင်ယောင်ထင်မှားဖြစ်ရုံနှင့်၊ သို့မဟုတ် မခိုင်လုံသောအထောက်အထားဖြင့် စိုးရိမ်ပူပန်ခြင်းကြောင့် စိတ်အနှောင့်အယှက်ဖြစ်နေခြင်းသည် ပညာရှိရာမကျပါ။

လူ့သမိုင်းအစကနဦးက ကျွန်ုပ်တို့ဖန်ဆင်းရှင်သည် လူတို့အား သွေးကိုမစားရဟု ပညတ်ထားတော်မူသည်။ (ကမ္ဘာဦး ၉:၃၊ ၄) သွေးသည် ကိုယ်တော်ထံမှရရှိသော အသက်ကိုတင်စားသည်ဟု ကိုယ်တော်မိန့်မှာခဲ့ပါသည်။ တိရစ္ဆာန်တစ်ကောင်မှ ထုတ်ယူထားသည့်အသွေးကို ယဇ်ပလ္လင်ပေါ်တင်၍ ယဇ်ပူဇော်ခြင်းအတွက်သာ အသုံးပြုနိုင်သည်။ ထိုသို့အသုံးမပြုလျှင် တိရစ္ဆာန်သွေးကို မြေကြီးပေါ်သွန်းလောင်းခြင်းဖြင့် ဘုရားသခင်ထံ ပြန်အပ်နှံဘိသကဲ့သို့ ပြုလုပ်ရပါသည်။ သွေးခံယူခြင်းအားဖြင့် ဆက်အသက်ရှင်ခြင်းအမှုကို ကိုယ်တော့်လူမျိုး ရှောင်ကြဉ်ကြရန်ဖြစ်သည်။ အမိန့်တော်က ဤသို့ဖြစ်သည်။ “ခပ်သိမ်းသောကိုယ်ခန္ဓာအသက်သည် အသွေး၌တည်သောကြောင့် အသွေးကိုစားသောသူမည်သည်ကား ပယ်ရှင်းခြင်းကို ခံရမည်။” (ဝတ်ပြုရာ ၁၇:၁၁-၁၄) သွေးမစားရန် ဘုရားသခင့်တားမြစ်ချက်ကို ခရစ်ယာန်များအား ထပ်ဆင့်မိန့်မှာခဲ့ပါသည်။ (တမန်တော် ၁၅:၂၈၊ ၂၉) ထိုကြောင့် ရှေးခရစ်ယာန်များသည် သွေးပါသောလည်လိမ်သား၊ သို့မဟုတ် သွေးအူချောင်းကဲ့သို့အစာများကို ရှောင်ကြဉ်ရန်လိုသည်။

သို့သော် ထိုခရစ်ယာန်များသည် ‘အသွေးကို ဆက်ရှောင်ကြဉ်နေ’ ရန် သူတို့၏စိတ်ဆုံးဖြတ်ချက်အတိုင်း လက်တွေ့ကျကျ မည်သို့ပြုလုပ်နိုင်မည်နည်း။ (တမန်တော် ၂၁:၂၅) “ဩပ္ပစိတ်ကိုထောက်ရသောကြောင့် ဈေး၌ရောင်းသမျှကို မစစ်ကြောမမေးမြန်းဘဲ စားကြလော့” ဟူသောတမန်တော်ပေါလု၏စကားကို လိုက်နာလျက်သာ နေရကြမည်လော။

မဟုတ်ပါ။ ၁ ကောရိန္သု ၁၀:၂၅ ပါစကားများသည် ပူဇော်ထားသောယဇ်ကောင်မှ အသားကို ဆိုလိုနေပါသည်။ ထိုစဉ်က ဝတ်ပြုရာဗိမာန်များမှ ပိုလျှံသောအသားများကို ကုန်သည်များအားရောင်းချပေး၍ သူတို့က ဈေးဆိုင်ရှိ အခြားအသားနှင့် ရောနှောရောင်းပေးလေ့ရှိပါသည်။ ဤတွင် ပေါလုတင်ပြနေသည်ကား ဝတ်ပြုရာဗိမာန်မှအသားသည် ပင်ကိုယ်အရမကောင်း၊ သို့မဟုတ် မစင်ကြယ်သည်ဟူ၍ကားမဟုတ်ပါ။ တိတ္ထိယဇ်ပလ္လင်များပေါ် ပူဇော်သောယဇ်ကောင်များ၏အသွေးကို ထုတ်၍ ထိုတွင်အသုံးပြုလေ့ရှိကြပါသည်။ ထိုကြောင့် ဗိမာန်တစ်ခု သို့မဟုတ် တိတ္ထိများ၏အယူမှားချက်တို့နှင့် ဆက်စပ်မှုမရှိဘဲ ထိုပိုလျှံသောအသားအချို့ကို ဈေးတွင်ရောင်းချပေးမည်ဆိုလျှင် သွေးထုတ်ပြီးသား သန့်ရှင်းသောအသားအဖြစ် ယင်းကို ခရစ်ယာန်များဝယ်ခြမ်းယူနိုင်ကြပါသည်။

သို့သော် ဒေသခံဈေးဆိုင်များတွင် လည်လိမ်သား (သို့မဟုတ် သွေးအူချောင်း) ရောင်းချပေးကြောင်း ထိုခရစ်ယာန်များသိရှိမည်ဆိုလျှင် အကြောင်းထူးခြားသွားပါသည်။ အဘယ်အသားကို ဝယ်စားရမည်ကို သူတို့ ဂရုစိုက်ရကြတော့မည်။ သွေးပါသည့်အသားအရောင်သည် ထူးခြားသဖြင့် သိရှိနိုင်ပေမည်။ (သွေးအူချောင်းစားသုံးလေ့ရှိနိုင်ငံများတွင် ယင်းကို အများအားဖြင့် ခွဲခြားသိမြင်နိုင်ပါသည်။) သို့မဟုတ် ယုံကြည်စိတ်ချရသော အမဲသတ်သမား သို့မဟုတ် အသားဆိုင်တွင် ခရစ်ယာန်များ မေးမြန်းနိုင်ပါသည်။ သွေးမပါသောအသားဖြစ်သည်ကို သေချာနိုင်မည်ဆိုလျှင် ဝယ်ခြမ်းစားသုံးနိုင်ပါသည်။

ပေါလုလည်း ဤသို့ရေးသားခဲ့သည်။ “လူအပေါင်းတို့ရှေ့ ၌ သင်၏သင့်တင့်မျှတသောသဘောကို ထင်ရှားစေကြလော့။” (ဖိလိပ္ပိ ၄:၅၊ ကဘ) ယင်းကို အသားဝယ်ခြင်းကိစ္စနှင့် ပတ်သက်စေနိုင်ပါသည်။ ဣသရေလလူမျိုး၏ပညတ်တရားသော်လည်းကောင်း၊ ပထမရာစုခရစ်ယာန်အုပ်ချုပ်ရေးအဖွဲ့၏ မိန့်မှာချက်ကသော်လည်းကောင်း အသားနှင့်ပတ်သက်၍ ဘုရားသခင့်လူတို့သည် ရှည်ရှည်ဝေးဝေး မေးမြန်းစုံစမ်းရမည်၊ ရောင်းတန်းအသား၌ အသွေးပါရှိမည်ဟု သံသယဝင်စရာအကြောင်း အနည်းအကျဉ်းပင်ရှိနေမည်ဆိုလျှင် သက်သတ်လွတ်စားသုံးသူများဖြစ်ရမည်ဟု မှာကြားချက်မရှိပါ။

အမဲလိုက်သော ဣသရေလလူတစ်ဦးသည် သားကောင်ကို သွေးထုတ်ပစ်မည်အမှန်။ (တရားဟောရာ ၁၂:၁၅၊ ၁၆ နှိုင်းယှဉ်) မိမိအိမ်ထောင်သည် အသားစား၍ မကုန်နိုင်ပါက အချို့ကိုသူရောင်းချပေးမည်အမှန်။ အသေအချာသွေးထုတ်ပစ်ထားသော အသေကောင်တွင်ပင် အသား၌ သွေးအနည်းအကျဉ်း ကျန်ကြွင်းမည်မှန်သည်။ သို့သော် အသားဝယ်ခြမ်းသောဂျူးတစ်ဦးသည် သားကောင်ကိုသတ်သည့်အချိန်နှင့် သွေးထုတ်ပစ်သည့်အချိန် မိနစ် မည်မျှကြာရှိသည်၊ သွေးထုတ်ရန် အဘယ်အကြောအမျှင်ကို ဖြတ်ခဲ့သည်၊ တိရစ္ဆာန်ကို မည်သို့ဆွဲထားပြီး မည်မျှကြာရှည်ဆွဲထားသည် အစရှိသည့်အချက်အလက်များကို မေးမြန်းရန် ကျမ်းစာအကြံပြုထားသည်ကို မတွေ့ရှိရပါ။ ထို့ပြင် အသားကိုမစားမီ အသေးစိတ်သိရှိသေချာရန်လိုသည့်အလား ယင်းနှင့်စပ်လျဉ်း၍ အဆုံးစွန်သိရှိရမည်ဟူ၍ ခရစ်ယာန်များအား အုပ်ချုပ်ရေးအဖွဲ့က မမှာကြားခဲ့ပါ။

ယနေ့တိုင်းနိုင်ငံအများတွင် ဥပဒေ၊ ထုံးစံ သို့မဟုတ် ဘာသာရေးထုံးစံဓလေ့အတိုင်း (သွေးအူချောင်း ကဲ့သို့သောထူးခြားသောအစာများမှအပ) ရောင်းလေ့ရှိသောအသားသည် သတ်ချိန်တွင် အသွေးထုတ်ပြီးသားတိရစ္ဆာန်အသားဖြစ်ပါသည်။ သို့ဖြစ်၍ မည်သို့မည်ပုံသတ်ဖြတ်သည်၊ ကိုင်တွယ်သည် အစရှိသည့်ကိစ္စကို ခရစ်ယာန်များ ဇီဇာကြောင်နေစရာမလိုပါ။ ကျယ်ပြန့်သောသဘောအရ သူတို့သည် ‘ဈေးတွင်ရောင်းသောအသားကို မမေးမမြန်းဘဲ စားသုံးနိုင်’ ပါသည်။ ထိုသို့ပြု၍ သွေးကိုရှောင်ကြဉ်နေကြောင်း ကြည်လင်သောသြတ္တပ္ပစိတ်ရှိနိုင်ကြပါသည်။

သို့သော် အချို့ခရစ်ယာန်များကို စိတ်အနှောင့်အယှက်ဖြစ်စေခဲ့သည်ကား အရောင်းအဝယ်ပြုလုပ်ရာတွင် အသွေးကိုထည့်အသုံးပြုနေသည့် သတင်းအချို့ဖြစ်ပါသည်။ အသားရောင်းဝယ်ရေးလုပ်ငန်းရှင်အချို့က သတ်ဖြတ်လိုက်သောတိရစ္ဆာန်များ၏သွေးကို စုဆောင်းထားပြီး မြေဩဇာ သို့မဟုတ် တိရစ္ဆာန်အစာတွင် ထည့်အသုံးပြုအမြတ်ထုတ်နိုင်သည်ဟု ဆင်ခြင်သုံးသပ်နေကြသည်။ ဤကဲ့သို့သောအသွေး (သို့မဟုတ် အစိတ်အပိုင်းများ) ကိုထုတ်လုပ်သည့်အသားများတွင် ထည့်နိုင်မနိုင် သုတေသနပြုလုပ်နေကြပါသည်။ အချို့စီးပွားရေးဌာနများက သွေးရည်ကြည်ကို အရည်၊ အခဲ သို့မဟုတ် အမှုန့်ပုံစံဖြင့် (သို့မဟုတ် အရောင်မရှိသည့် သွေးနီဥပစ္စည်း) အနည်းအကျဉ်းထုတ်လုပ်ပြီး ဝက်အူချောင်း သို့မဟုတ် အသားမုန့်များတွင် အသားအစား အနည်းအကျဉ်းထည့်ရောင်းချနေကြပါသည်။ သွေးမှုန့်ကို အစားထိုးအသုံးပြုခြင်း၊ အသားကြိတ်သည့်အခါ ရေနှင့်ဆီကို စေးလာစေရန်၊ မုန့်ဖုတ်ရာပစ္စည်းများ၌၊ သို့မဟုတ် ပရိုတင်းဓာတ်၊ သံဓာတ်ထည့်ပေးရန် အခြားအစားအစာနှင့်ဖျော်ရည်များတွင် ထည့်အသုံးပြုနိုင်ရန် သုတေသနများပြုလုပ်နေကြပါသည်။

သို့သော် ဤကဲ့သို့သောသုတေသနပြုမှုများကို ဆယ်စုနှစ်များစွာပင် ပြုလုပ်ခဲ့ပြီဖြစ်ကြောင်း သတိပြုသင့်ပါသည်။ ဤသို့သောထုတ်လုပ်ပစ္စည်းများကို တိုင်းနိုင်ငံအများတွင် အလွန်အကန့်အသတ်ထား အသုံးပြုကြောင်း၊ ရှိပင်မရှိကြောင်း သိရှိရသည်။ ဤသို့အဘယ်ကြောင့်ဖြစ်ရသည်ကို အောက်ပါသတင်းက ဖော်ပြပါသည်။

“သွေးသည် အာဟာရနှင့်ဆိုင်၍ ဆိုင်ရာဆောင်ရွက်မှုအတိုင်း ပရိုတင်းဓာတ်ထုတ်လွှတ်ပေးသည်။ သို့ရာတွင် အမဲအသွေး၏ နီကျင့်ကျင့်အရောင်နှင့် ထူးခြားသောအရသာကြောင့် လူ့အသုံးအဆောင်တွင် တိုက်ရိုက်အသုံးပြုခြင်းကို များများမပြုလုပ်ကြပါ။”—Journal of Food Science, Volume 55, Number 2, 1990.

“သွေးရည်ကြည်ပရိုတင်းသည် ပျော်ဝင်နိုင်စွမ်း၊ ပျစ်ချွဲစေနိုင်စွမ်း၊ ရေငွေ့မစုပ်သည့် အသုံးဝင်သတ္တိများရှိပါသည်။ . . . စားစရာထုတ်လုပ်ပေးရေးအတွက် အကျိုးများပုံရှိသည်။ သို့ရာတွင် ဂျပန်ပြည်တွင် သွေးရည်ကြည်မှ ရေပယ်ပြီးနောက် သန့်ရှင်းစင်ကြယ်စေရန် ထိရောက်သောနည်းစနစ်မတွေ့ရှိသေးပါ။”—Journal of Food Science, Volume 56, Number 1, 1991.

အစိုးရအများက ထုတ်ကုန်ပစ္စည်းများအတွင်းပါ ပစ္စည်းတို့ကို စာရင်းပြရန်အမိန့်ထုတ်ထားသည့်အတွက် ခရစ်ယာန်အချို့သည် တံဆိပ်ကတ်ပြားများကို တစ်ခါတစ်ရံစစ်ဆေးကြပါသည်။ ပါဝင်ပစ္စည်းတို့တွင် သွေး၊ သွေးရည်ကြည်၊ ဂလိုဗင်၊ (သို့မဟုတ် ဂလိုဗျူလင်) ပရိုတင်း၊ သို့မဟုတ် ဟီမိုဂလိုဗင် (သို့မဟုတ် ဂလိုဗင်) သံဓာတ်ပါရှိလျှင် ယင်းကုန်ပစ္စည်းကို အသုံးမပြုဘဲရှောင်လျှင်ကောင်းသည်။ “ဂလိုဗင်ကိုထည့်အသုံးပြုထားကြောင်း စားသုံးပစ္စည်းဘူးခွံပေါ် သုံးစွဲမည့်သူအတွက် ရှင်းလင်းပြတ်သားစွာ ဖော်ပြထားရသည်” ဟုဥရောပရှိကုမ္ပဏီတစ်ခု၏ ရောင်းဝယ်ရေးပြန်ကြားချက်တစ်ခုက ဖော်ပြပါသည်။

သို့ရာတွင် ဘူးခွံများစစ်ဆေးခြင်း၊ အမဲသတ်သူများကို မေးမြန်းခြင်းနှင့်ပတ်သက်၍ပင် သင့်တင့်မျှတသောသဘောရှိရန်လိုသည်။ ခရစ်ယာန်တိုင်း ဘူးခွံပါ ပါဝင်ပစ္စည်းများကို စစ်ဆေးရမည်၊ သို့မဟုတ် စားသောက်ဆိုင်များရှိ အလုပ်သမားများကို စစ်ဆေးမေးမြန်းရမည်ဟု မဆိုလိုပါ။ ‘သွေးနှင့် သွေးမှထုတ်လုပ်သောပစ္စည်းများကို ဤနယ်မြေဒေသ၊ သို့မဟုတ် နိုင်ငံတွင် သာမန်စားသုံးပစ္စည်းများထဲ ထည့်အသုံးပြုလေ့ရှိကြောင်း အထောက်အထားခိုင်လုံသည့် သာဓကများရှိပါသလော’ ဟုမိမိကိုယ်ကို ခရစ်ယာန်တစ်ဦး ဦးစွာမေးမြန်းသင့်သည်။ နေရာဒေသအများတွင် ထိုသို့အသုံးပြုလေ့မရှိကြပါ။ သို့ဖြစ်၍ ခရစ်ယာန်အများစုက ဖြစ်နိုင်စရာများကို အချိန်ကုန်ခံဂရုစိုက်မေးမြန်းနေစရာမလိုဟု ဆုံးဖြတ်ခဲ့ကြပါသည်။ ဤသို့သဘောမထားသူမူကား သူ၏သြတ္တပ္ပစိတ်စေခိုင်းသည်အတိုင်း ပြုမူနိုင်ပါသည်။ မိမိပြုလုပ်သကဲ့သို့ မလုပ်ကိုင်သူများကို တစ်ကြိမ်တည်း ဆုံးဖြတ်စီရင်မည်လည်းမဟုတ်ပါ။—ရောမ ၁၄:၂-၄၊ ၁၂။

သွေးပါသည့်စားစရာများကို ထုတ်လုပ်ပေးနိုင်သည်တိုင် စရိတ်စကကြောင့်၊ တရားဥပဒေကြောင့် သို့မဟုတ် အခြားအချက်အလက်များကြောင့် ပြုလုပ်လေ့မရှိကြပါ။ ဥပမာ၊ Food Processing (September 1991) ကဤသို့သတိပြုစေသည်။ “(အပြီးအစီးဓာတ်ပြုထားသည့် အသားမုန့်ပါ) ရောစပ်ထားသည့် ရေသွင်းဓာတ်ဖြိုအမဲသားသွေးရည်ကြည် ၁ ရာခိုင်နှုန်းမျှပင်မသုံးသော်လည်း အခက်အခဲကြုံသည့် ဓာတ်ပြုစားစရာထုတ်လုပ်သူများသည် ဒိန်ရည်ပရိုတင်းအာဟာရပြည့်အစာကို အစားသုံးထည့်ရောစပ်ပြီး ယင်းကို ကိုရှာ အဖြစ်ရောင်းထုတ်ကြသည်။”

တိုင်းနိုင်ငံအများ၏ ဥပဒေ၊ ထုံးစံ သို့မဟုတ် ခံတွင်းတွေ့မှုကြောင့် စားသုံးရန်သတ်ဖြတ်သောတိရစ္ဆာန်ကို အများအားဖြင့်သွေးထုတ်ပြီး ထိုအသွေးကို အခြားစားစရာများ၌ ထည့်သွင်းလေ့မရှိသည်ကို ဖော်ပြထိုက်ပေသည်။ မိမိအရပ်ဒေသတွင် အခြေအနေထူးခြားသည်၊ သို့မဟုတ် မကြာမီက အခြေအနေပြောင်းလဲသည်ဟု ခိုင်လုံသောအကြောင်းမရှိလျှင် ဖြစ်နိုင်စရာအကြောင်းရှိရုံဖြင့်၊ သို့မဟုတ် ကောလာဟလစကားကြောင့်သာ ခရစ်ယာန်များ စိတ်အနှောင့်အယှက်ဖြစ်လာခြင်းမှ ရှောင်ကြဉ်သင့်သည်။ သို့သော် အသွေးကို စားစရာ သို့မဟုတ် ဆေးကုသရာတွင် အနှံ့အပြားအသုံးပြုကြသည်ဟု သေချာမည်ဆိုလျှင်မူ အသွေးကိုရှောင်ကြဉ်ရမည်ဟူသော ဘုရားသခင့်အမိန့်တော်ကိုနာခံကြရန် စိတ်ဆုံးဖြတ်သင့်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ