ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁၂/၁ စာ. ၃၂
  • “ဟောက်သောခြင်္သေ့ကဲ့သို့”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ဟောက်သောခြင်္သေ့ကဲ့သို့”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁၂/၁ စာ. ၃၂

“ဟောက်သောခြင်္သေ့ကဲ့သို့”

စာတန်ရှိသည်ဟု သင်ယုံသလော။ ယနေ့လူများစွာမယုံကြ။ ထိုသို့ယုံကြည်ခြင်းသည် “သိပ္ပံနည်းမကျ” ဟု သူတို့ထင်ပုံရသည်။ လွန်ခဲ့သည့် ၁၉၁၁ ခုနှစ်တွင် Encyclopædia Britannica က “သိပ္ပံပညာသည် စာတန့်သြဇာလွှမ်းမိုးမှုအကြောင်းကို မရှင်းပြနိုင်လောက်သည့်အထိ အာကာသလောကနှင့် လူ့စိတ်သဘောတို့၏ ဖြစ်ပျက်မှုအမြောက်အမြားတို့ကို ရှင်းပြခဲ့သည်” ဟုဆိုထားသည်။ ဓမ္မပညာဆရာများက စာတန်သည် စိတ်ကူးစိတ်သန်း၏ပုံဖော်ရာ၊ ဒဏ္ဍာရီဇာတ်ကောင်သာဖြစ်သည်ဟု အဆိုပြုကြသည်။ The World Book Encyclopedia က “ခေတ်ဓမ္မပညာဆရာများစွာတို့သည် စာတန်ကို ဆိုးညစ်သည့်အစွမ်းတန်ခိုး၊ လူ့လောက၏ အဆိုးဆုံးသောအရည်အသွေးဟု ယူမှတ်ကြသည်” ဟုဖော်ပြထားသည်။

သို့သော် အဖြစ်မှန်များကား မည်သို့နည်း။ သင်သည် သမ္မာကျမ်းစာကိုယုံကြည်ပါက စာတန်အမှန်တကယ်ရှိကြောင်း သင်ယုံကြည် ရ ပေမည်။ ယေရှုသည် သူတည်ရှိကြောင်းယုံကြည်သည်သာမက သူ့အား “ဤလောကကိုအစိုးရသောမင်း” ဟုခေါ်ထားသည်။ (ယောဟန် ၁၄:၃၀) တမန်တော်ပေါလုက စာတန်အား “ဤအစီအစဉ်၏ဘုရား” ဟုခေါ်ဆိုထားသည်။ (၂ ကောရိန္သု ၄:၄၊ ကဘ) အသက်ကြီးသူတမန်တော်ယောဟန်က “တစ်လောကလုံးသည် မာရ်နတ်၏လက်၌ရှိသည်” ဟုဆိုထားသည်။—၁ ယောဟန် ၅:၁၉။

ယောဟန်၏အဆိုကိုသင်သဘောမတူပါက လက်ရှိလူ့သမိုင်းကိုစဉ်းစားကြည့်ပါ။ လူသတ်စခန်းများနှင့် နှိပ်စက်ညှဉ်းပန်းမှုများကို ဆင်ခြင်ကြည့်ပါ။ ကျွန်ုပ်တို့လူမျိုးဆက်ကြုံတွေ့ခဲ့ရသည့် စစ်ပွဲများနှင့် မျိုးဖြုတ်သတ်ဖြတ်မှုများကို ပြန်သတိရပါ။ သတင်းစာခေါင်းကြီးပိုင်းများတွင် ပါရှိသည့် ဆိုးသွမ်းကြမ်းကြုတ်သောရာဇဝတ်မှုများ—အနည်းအကျဉ်းမျှသာဖော်ပြရလျှင် အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုများ၊ မုဒိမ်းမှုများ၊ ဆက်တိုက်သတ်ဖြတ်မှုများ၊ လိင်မှုနှင့်ပတ်သက်၍ ကလေးများကို မတော်မလျော်ပြုခြင်းများကော မည်သို့နည်း။ ဤလောက၏ဘုရားသည် စာတန်မှလွဲလျှင်မည်သူဖြစ်နိုင်ပါဦးမည်နည်း။

ခရစ်ယာန်တမန်တော်ပေတရုက “သမ္မာသတိရှိလျက် မအိပ်ဘဲစောင့်နေကြလော့။ သင်တို့၏ရန်သူတည်းဟူသောမာရ်နတ်သည် ဟောက်သောခြင်္သေ့ကဲ့သို့ အဘယ်သူကိုမျိုရမည်နည်းဟူ၍ လှည့်လည်ရှာဖွေလျက်ရှိ၏” ဟုသတိပေးထားသည်။ (၁ ပေတရု ၅:၈) သင့်ပတ်ဝန်းကျင်တွင် ခြင်္သေ့တစ်ကောင်လွတ်နေပါက ထိုခြင်္သေ့ရှိသည်မရှိသည်နှင့်ပတ်သက်၍ သင်ဆွေးနွေးငြင်းခုံနေမည်လော။ သို့မဟုတ် သင်အကာအကွယ်ပြေးယူမည်လော။

စာတန်တည်ရှိကြောင်းစိတ်ချပါ။ သူသည် ကရုဏာကင်းမဲ့ကာ ရက်စက်ကြမ်းကြုတ်ပြီး ကျွန်ုပ်တို့ထက်သာ၍ခွန်အားကြီးသည်။ ထို့ကြောင့် ပို၍ခွန်အားကြီးသောသူထံသို့ပြေး၍ ခိုလှုံမှုရယူပါ။ “ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ၏နာမတော်သည် ခိုင်ခံ့သောရဲတိုက်ဖြစ်၍ ဖြောင့်မတ်သောသူတို့သည်ပြေးဝင်သဖြင့် လုံခြုံစွာနေရကြ၏။” (သု၊ ၁၈:၁၀) ယေဟောဝါဘုရားသခင်အား သင့်ခိုလှုံရာဖြစ်စေပြီး မကြာမီလူသားများသည် ထိုဆိုးညစ်သူစာတန်၏ဩဇာအောက်မှ လွတ်မြောက်တော့မည်ကိုသိပါ။ ယင်းကား ရွှင်လန်းဖွယ်လွတ်မြောက်မှုကြီးပါတကား။—ဗျာဒိတ် ၂၀:၁-၃။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ