ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၂ ၁၂/၁ စာ. ၃၀
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယေရှု တကယ် အသက်ပြန်ရှင်လာခဲ့သလား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
  • ယေရှုခရစ်ဟာ သွေးသားခန္ဓာ ဒါမှမဟုတ် နာမ်ဝိညာဉ်ခန္ဓာနဲ့ အသက်ပြန်ရှင်လာတာလား
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • ပင်တေကုတ္တေပွဲနေ့မတိုင်ခင် ယေရှုကို တပည့်များစွာမြင်ရ
    ယေရှု—လမ်းခရီး၊ အမှန်တရား၊ အသက်
  • “မိမိအား စိတ်ထက်သန်စွာ ရှာဖွေသူကို ဆုချသောအရှင်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၂
က၉၂ ၁၂/၁ စာ. ၃၀

စာရှုသူများထံမှမေးခွန်းလွှာ

ရှင်ပြန်ထမြောက်ပြီးသောယေရှုသည် မိမိကိုယ်ကိုထင်ရှားပြပြီးနောက်ပိုင်း ကြာမြင့်စွာအထိ တမန်တော်အချို့သံသယဖြစ်ဆဲရှိခဲ့ကြသည်ဟု မဿဲ ၂၈:၁၇ ကဆိုလိုပါသလော။

မဟုတ်ပါ။ မဿဲ ၂၈:၁၆၊ ၁၇ တွင်ကျွန်ုပ်တို့ဖတ်ရသည့် “တစ်ကျိပ်တစ်ပါးသောတပည့်တော်တို့သည် ဂါလိလဲပြည်သို့သွား၍ ယေရှုမှာထားတော်မူသောတောင်ပေါ်သို့တက်ကြလျှင် ကိုယ်တော်ကိုတွေ့မြင်၍ ပျပ်ဝပ်ကိုးကွယ်ကြ၏။ အချို့တို့သည် ယုံမှားခြင်းရှိကြ၏” ဟူသောအချက်ကို အထက်ပါအတိုင်းကောက်ချက်ချရန်မဟုတ်ပါ။

“ကိုယ်တော်သည် ယေရုရှလင်မြို့သို့သွားရမည်။ လူအကြီးအကဲ၊ ယဇ်ပုရောဟိတ်အကြီး၊ ကျမ်းပြုဆရာတို့လက်၌ များစွာခံရမည်။ အသေသတ်ခြင်းကိုလည်းခံရမည်။ သုံးရက်မြောက်သောနေ့၌ ထမြောက်လိမ့်မည်” ဟူသောအချက်ကို တပည့်တော်များသိနားလည်ရန် ကြိုတင်၍ယေရှုကူညီပေးရန်ကြိုးစားခဲ့သည်။ (မဿဲ ၁၆:၂၁) သို့သော် ကိုယ်တော်အဖမ်းခံရပြီး အသတ်ခံရခြင်းတို့သည် စိတ်ပျက်အားငယ်ပြီး ယောက်ယက်ခတ်စေခဲ့သည်။ ကိုယ်တော်၏ရှင်ပြန်ထမြောက်ခြင်းသည် သူတို့အတွက် ရုတ်တရက်အံ့ချီးဖွယ်ကဲ့သို့ဖြစ်ဟန်ရှိခဲ့သည်။ မိမိကိုယ်ကို လူသားအသွင်ဖြင့်ထင်ရှားပြသောအခါ ပထမတွင် တပည့်တော်များသည် “အံ့ဩ၍ဝမ်းမြောက်သောအားဖြင့် မယုံနိုင်ဘဲ” ရှိနေခဲ့ကြသေးသည်။ (လုကာ ၂၄:၃၆-၄၁) ရှင်ပြန်ထမြောက်ပြီးနောက် ကိုယ်တော်၏ကိုယ်ထင်ရှားပြခြင်းသည် မိမိ၏နောက်တော်လိုက်အရင်းအချာများအား မိမိထမြောက်သည့်အဖြစ်မှန်ကို လက်ခံရန်အကူအညီပေးခဲ့သည်။ တမန်တော်သောမပင်လျှင် ယေရှုရှင်ပြန်ထမြောက်ခံရကြောင်း သေချာအောင်သက်သေပြခြင်းခံခဲ့ရသည်။—ယောဟန် ၂၀:၂၄-၂၉။

ထို့နောက် သစ္စာရှိတမန်တော် ၁၁ ပါးတို့သည် “ဂါလိလဲပြည်သို့သွား” ကြ၏။ (မဿဲ ၂၈:၁၆။ ယောဟန် ၂၁:၁) ထိုတွင်သူတို့ရှိစဉ် ယေရှုအား “ညီအစ်ကိုငါးရာမက တစ်ပြိုင်နက်မြင်ရကြ၏။” (၁ ကောရိန္သု ၁၅:၆) မဿဲ ၂၈:၁၇ တွင်ဖော်ပြထားသော “အချို့တို့သည် ယုံမှားကြ၏” ဟူသောအချက်သည် ဤအခြေအနေ၌ဖြစ်သည်။ ထို့ကြောင့် သံသယရှိနေဆဲသူအချို့တို့သည် နောက်တော်လိုက် ၅၀၀ ထဲတွင် ပါကိုပါနိုင်သည်။

ဤအချက်နှင့်ပတ်သက်၍ ကင်းမျှော်စင်အသင်း၏ ပထမဆုံးသောဥက္ကဌဖြစ်သူ စီ၊ တီ၊ ရပ်စယ်လ်၏ စိတ်ဝင်စားဖွယ်ကောင်းသည့်မှတ်ချက်ကို သတိထားကြည့်ပါ။

“သံသယရှိခဲ့သူများတွင် တမန်တော်ဆယ့်တစ်ပါးမှ တစ်ပါးပါးပါဝင်သည်ဟု လျော်ကန်စွာကျွန်ုပ်တို့မပြောနိုင်ပါ။ အကြောင်းမှာ သူတို့သည် အစကတည်းက အလွန်ကျေနပ်ခဲ့ကြ၊ အပြည့်အဝစိတ်ချသေချာခဲ့ကြ၊ အလွန်စိတ်ဓာတ်တက်ကြွခဲ့ကြသည်။ သံသယဖြစ်ခဲ့သူများမှာ ဤချိန်းချက်ထားသည့်အစည်းအဝေးတွင် ရောက်ရှိလာကြသည့် ‘ညီအစ်ကိုငါးရာ’ ထဲမှ ကိုယ်တော်ရှင်ပြန်ထမြောက်ကတည်းက ကိုယ်တော်နှင့်ပေါင်းသင်းဆက်ဆံခြင်းမရှိဖူးသောသူများဖြစ်မည်ဟု ကျွန်ုပ်တို့ထင်သည်။ သူတို့ထဲမှအချို့တို့သည် တမန်တော်များ၊ ကိုယ်တော်နှင့်ရင်းနှီးစွာပေါင်းသင်းခဲ့ဖူးသောအထူးမိတ်ဆွေများတို့ထက် ယုံကြည်ခြင်းတွင်အလွန်အားနည်းသောသူများဖြစ်မည်ဟု ဆီလျော်စွာကျွန်ုပ်တို့ယူမှတ်နိုင်သည်။ ‘အချို့ယုံမှားကြသည်’ ဟူသောဖော်ပြချက်သည် ဝမ်းမြောက်ဖွယ်သတင်းမှတ်တမ်း၏ ရိုးသားပွင့်လင်းခြင်းအမှတ်လက္ခဏာပင်ဖြစ်သည်။ သခင်၏နောက်တော်လိုက်များသည် အလွန်အမင်းယုံလွယ်သူများမဟုတ်ကြဘဲ တွေ့မြင်ရသောအထောက်အထားများကို စိစစ်သုံးသပ်ကာ ချင့်ချင့်ချိန်ချိန်ရှိခဲ့ကြကြောင်းကိုလည်းတင်ပြသည်။ ယုံကြည်သူများတင်ပြသော အကျိုးဖြစ်ထွန်းသည့် ဇွဲ၊ ခွန်အားနှင့် အနစ်နာခံသည့်စိတ်ဓာတ်များက သူတို့နှင့်ကျွန်ုပ်တို့၏ ကိုယ်တော်အားယုံကြည်ခြင်းအဓိကမဏ္ဍိုင်ဖြစ်သည့် သခင်ရှင်ပြန်ထမြောက်ခြင်းကို သူတို့စွဲမြဲယုံကြည်ရာတွင် ရိုးသားမှုရှိကြောင်း အထောက်အထားအခိုင်အလုံပေးသည်။ ခရစ်တော်သာ ရှင်ပြန်ထမြောက်မခံခဲ့ရပါမူ ကျွန်ုပ်တို့၏ယုံကြည်ခြင်းသည် အချည်းနှီးသာဖြစ်ပြီး ယခုထိအပြစ်ထဲတွင်ရှိနေကြပေမည်။—၁ ကောရိန္သု ၁၅:၁၇”—Zion’s Watch Tower and Herald of Christ’s Presence, May 1, 1901, page 152.

ဤအချက်ကိုမဿဲဖော်ပြသည့်နည်းက သမ္မာကျမ်းစာသည် ယုံကြည်အားထားနိုင်၍ရိုးသားမှုရှိသောစာအုပ်ဖြစ်ကြောင်း ကျွန်ုပ်တို့အားအထောက်အထားတစ်ခုပေးသည်ဟု ကျွန်ုပ်တို့မှတ်ချက်ချနိုင်သည်။ လူတစ်ဦးသည် မှတ်တမ်းတစ်ခုကို လီဆယ်လုပ်ကြံသည်ဆိုပါက သူတီထွင်ဖန်တီးထားသည့်ဇာတ်လမ်းကို ယုံစရာဖြစ်အောင်ထောက်ကူမည့် အသေးစိတ်အချက်အလက်များကိုထည့်သွင်းရန် သူကြိုးစားပေမည်။ မြုပ်နေသည့်အချက် သို့မဟုတ် အဆက်ပြတ်နေသည်ဟုထင်ရခြင်းသည် သူ့လုပ်ကြံဖန်တီးမှုကိုသံသယဖြစ်စေနိုင်သည်ဟု သူယူမှတ်ပေမည်။ မဿဲကောမည်သို့နည်း။

“အချို့တို့သည် ယုံမှားခြင်းရှိကြ၏” ဟူသော သူ၏မှတ်တမ်းကို အသေးစိတ်ရှင်းလင်းချက်ပေးရန်တာဝန်ရှိသည်ဟု သူ မယူမှတ်ပါ။ မာကု၊ လုကာ နှင့် ယောဟန်တို့ရေးသည့်မှတ်တမ်းများက ဤအကြောင်းနှင့်ပတ်သက်၍ ဘာမျှမပြောထားပါ။ ထို့ကြောင့် မဿဲ၏တစ်ခုတည်းသောမှတ်တမ်း မိမိလည်းတစ်ယောက်အပါအဝင်ဖြစ်သော တမန်တော် ၁၁ ပါးတို့အားလည်း ပါဝင်ပတ်သက်စေသည်။ မည်သို့ဆိုစေ မဿဲသည် ရှင်းလင်းချက်မပေးဘဲ မှတ်ချက်တိုပေးခြင်းသာဖြစ်သည်။ ၁၄ နှစ်ခန့်ကြာပြီနောက်ပိုင်း တမန်တော်ပေါလုက ကောရိန္သုသြဝါဒစာပထမစောင်ကို ရေးသားခဲ့သည်။ ၁ ကောရိန္သု ၁၅:၆ တွင် သူ၏အသေးစိတ်ဖော်ပြချက်အရ သံသယဖြစ်ခဲ့သူများသည် တမန်တော်များမဟုတ်ဘဲ ယေရှုကိုယ်ထင်ပြခြင်းမခံခဲ့ကြရသော ဂါလိလဲမှတပည့်တော်များဖြစ်ကြောင်း ကျွန်ုပ်တို့ကောက်ချက်ချနိုင်သည်။ ထို့ကြောင့် မဿဲမှတ်ချက်ချသော “အချို့တို့သည် ယုံမှားသံသယဖြစ်” ခြင်းသည် မှန်ကန်သည့်အဓိပ္ပာယ်သက်ရောက်သည်။ ရိုးသားသောစာရေးသူတစ်ဦးသည် အသေးစိတ်အချက်အလက်များကို ရှင်းပြရန်မကြိုးစားဘဲ တိကျမှန်ကန်သောမှတ်တမ်းကိုရေးခဲ့ကြောင်း ယင်းကအဓိပ္ပာယ်သက်ရောက်စေသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ