ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၂/၁၅ စာ. ၃၀-၃၁
  • “မြင့်မြတ်သောသွန်သင်ခြင်း” ခရိုင်စည်းဝေးပွဲများ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “မြင့်မြတ်သောသွန်သင်ခြင်း” ခရိုင်စည်းဝေးပွဲများ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • ယနေ့ထိတိုင် ယေဟောဝါ၏ သွန်သင်ခြင်းကိုခံလာရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • မြင့်မြတ်သောသွန်သင်ခြင်း၏ အကျိုးကျေးဇူးများ၌ပျော်မွေ့ ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • မြင့်မြတ်သောသွန်သင်ခြင်းအောင်ပွဲခံ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
  • မြင့်မြတ်သောသွန်သင်ခြင်းကို အားရရွှင်လန်းဖွယ် စည်းဝေးပွဲကြီးများက မြှင့်တင်ပေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၂/၁၅ စာ. ၃၀-၃၁

“မြင့်မြတ်သောသွန်သင်ခြင်း” ခရိုင်စည်းဝေးပွဲများ

ယေဟောဝါ၏သွန်သင်ခြင်းကိုခံယူလိုသူအားလုံး “မြင့်မြတ်သောသွန်သင်ခြင်း” ခရိုင်စည်းဝေးပွဲများကို စိတ်ထက်သန်စွာ စောင့်မျှော်လျက်ရှိသည်။ တိုးပွားများပြားနေသည့် ကိုယ်ရေးကိုယ်တာပြဿနာများနှင့် ကမ္ဘာ့ဒုက္ခကာလတွင် ခရစ်ယာန်များကို ကာကွယ်စောင့်ရှောက်ပေးသည့် ကျမ်းစာသွန်သင်ချက်များမှ ထူးခြားသောအချက်များကို ဤလေးရက်တိုင်အစီအစဉ်က ပေါ်လွင်စေပါလိမ့်မည်။ ယင်းအစီအစဉ်သည် ‘ကျန်းခံ့သောသြဝါဒနှင့်ဆန့်ကျင်ဘက်ဖြစ်သမျှတို့ကို’ မြဲမြံစွာခံရပ်နိုင်ရန် အကူအညီပေးပါလိမ့်မည်။ (၁ တိမောသေ ၁:၁၀၊ ကဘ) တက်ရောက်သူအားလုံးတို့အား ဘုရားသခင့်နှုတ်ကပါဌ်တော်၏ သာ၍ကောင်းသောသွန်သင်သူများဖြစ်လာကြရန် အားပေးတိုက်တွန်းဦးမည်။

အတုယူစရာ ပုံသက်သေကောင်း မြောက်မြားစွာရှိပါသည်တကား။ အကြီးမြတ်ဆုံးဆရာသည် ယေဟောဝါဘုရားသခင် ကိုယ်တော်တိုင်ပင်ဖြစ်သတည်း။ ယင်းကြောင့် ယေဟောဝါသည် “မြေတိရစ္ဆာန်နားလည်သည်ထက် သာ၍နားလည်သောဉာဏ်နှင့်လည်းကောင်း၊ မိုးကောင်းကင်ငှက်ထက်မက၊ ထူးဆန်းသောပညာနှင့်လည်းကောင်း၊ ငါတို့ကို ပြည့်စုံစေတော်မူ” သည်ဟုယောဘအား ဧလိဟု မှန်ကန်စွာပြောဆိုခဲ့ခြင်းဖြစ်သည်။ “ဘုရားသခင်ကဲ့သို့ အဘယ်သူသွန်သင်တော်မူသနည်း” ဟူ၍လည်း သူမေးမြန်းခဲ့သည်။ (ယောဘ ၃၅:၁၁။ ၃၆:၂၂၊ ကဘ) ဟေရှာယ ၃၀:၂၀ (ကဘ) တွင် ဘုရားသခင်အား “ကြီးမြတ်တော်မူသော သွန်သင်ရှင်” ဟူ၍ ဖော်ပြထားသည်။

ယေဟောဝါရှင်နောက် ဆရာတစ်ဦးအဖြစ် ဒုတိယလိုက်သူမှာ ကိုယ်တော့်သားတော်ယေရှုခရစ်ဖြစ်တော်မူသည်။ ကိုယ်တော်အား “ဆရာ” ဟူ၍လည်းကောင်း၊ “သွန်သင်သူ” ဟူ၍လည်းကောင်း ခရစ်ဝင်ကျမ်းများတွင် အကြိမ်ပေါင်း ၅၀ တိုင်ရည်ညွှန်းထားပါသည်။ ထူးခြားသောကုသမှုများနှင့် အခြားအံ့ဖွယ်ရာများစွာပြုခဲ့လျက်ပင် ယေရှုသည် ဆေးဆရာဟူ၍အမည်မထင်ရှားခဲ့ဘဲ ဥပဇ္စျာယ်ဆရာ၊ သွန်သင်သူအဖြစ် ကျော်ကြားတော်မူခဲ့သည်။—မဿဲ ၈:၁၉။ လုကာ ၅:၅။ ယောဟန် ၁၃:၁၃။

အလွန်လျောက်ပတ်သည်ကား၊ ကိုယ်တော်တိုင်နည်းတူ ဆရာများဖြစ်ကြရန် တပည့်တော်များနှင့် တမန်တော်များကို ယေရှုသွန်သင်ပေးခဲ့ခြင်းဖြစ်သည်။ ယင်းကို မဿဲ ၁၀:၅ မှ ၁၁:၁ နှင့် လုကာ ၁၀:၁-၁၁ ပါစကားများမှ သဘောပေါက်နားလည်နိုင်သည်။ ကောင်းကင်သို့မတက်ကြွမီ တစ်ခဏအချိန်တွင် မဿဲ ၂၈:၁၉၊ ၂၀ တွင်မှတ်တမ်းတင်ထားသည့် ကျော်စောသောသွန်သင်ပေးရန်တာဝန်ကို တပည့်တော်များအား ယေရှုပေးအပ်တော်မူခဲ့သည်။ “သင်တို့သွား၍ လူမျိုးတကာတို့ကို ငါ့တပည့်ဖြစ်စေလျက် ခမည်းတော်၊ သားတော်၊ သန့်ရှင်းသောဝိညာဉ်တော်၏နာမ၌ ဗတ္တိဇံကိုပေးကြလော့။ ငါသည် သင်တို့အားပေးသမျှသောပညတ်တော်တို့ကို စောင့်ရှောက်စေခြင်းငှာ ဆုံးမသြဝါဒပေးကြလော့။” ဤသွန်သင်ပေးရန်တာဝန်ကို ယေရှု၏အစောပိုင်း တပည့်နောက်လိုက်များ မည်သို့ဇွဲရှိရှိ၊ ကျွမ်းကျင်လိမ္မာစွာနှင့် သစ္စာရှိစွာဆောင်ရွက်ခဲ့ကြောင်း တမန်တော်ဝတ္ထုနှင့် ခရစ်ယာန်ဂရိကျမ်းစာ၌ပါသော ယင်းနောက်ပိုင်း မှုတ်သွင်းခံစာစောင်များက ဖော်ပြပေးပါသည်။

ဤသွန်သင်ပေးခြင်းလုပ်ငန်းသည် ယခင်ကထက် ယခု သာ၍ပင်အရေးကြီးနေပါသည်။ ဤအစီအစဉ်စနစ်၏ နောက်ဆုံးကာလတွင် ကျွန်ုပ်တို့အသက်ရှင်နေကြ၍ ယင်းကြောင့် သေရေးရှင်ရေးအကြောင်း ကြုံတွေ့နေကြရသည်။ မဟာဗာဗုလုန်၏အပြစ်များတွင် မပါဝင်၊ သူ၏ဘေးဒဏ်များကိုမခံရစေခြင်းငှာ လူတို့အား သွန်သင်ပေးပြီး ဗာဗုလုန်မှ ထွက်လာကြကာ ယေဟောဝါနှင့် ကိုယ်တော်၏နိုင်ငံတော်ဘက် ရပ်တည်ကြရန် ကူညီပေးကြရမည်။—ဗျာဒိတ် ၁၈:၄။

သွန်သင်ပေးခြင်းတာဝန်ကို ထမ်းဆောင်နိုင်ရန် ကြိုးစားနေကြသော ယေဟောဝါသက်သေများအားလုံးကို ကူညီပေးခြင်းငှာ ယေဟောဝါရှင်သည် ကိုယ်တော်၏အဖွဲ့အစည်းအားဖြင့် “မြင့်မြတ်သောသွန်သင်ခြင်း” ခရိုင်စည်းဝေးပွဲများကို ပြင်ဆင်ထားတော်မူသည်။ ဤလေးရက်ကြာ စည်းဝေးပွဲများသည် ကမ္ဘာ့မြောက်ဘက်ခြမ်းတွင် ၁၉၉၃ ခုနှစ်၊ နွေဦးကာလတွင် စတင်ကျင်းပပါလိမ့်မည်။ ယေဟောဝါထံဆက်ကပ်အပ်နှံထားသူ ကိုယ်တော်၏ကျေးကျွန်အသီးသီးတို့သည် ဤအစည်းဝေးများအနက် အနည်းဆုံးတစ်ခုကိုတက်၍ ကြာသပတေးနေ့ မွန်းလွဲပိုင်း အဖွင့်သီချင်းနှင့်ဆုတောင်းခြင်းမှ တနင်္ဂနွေနေ့ မွန်းလွဲပိုင်း နိဂုံးချုပ်ဆုတောင်းခြင်းတိုင်အောင် အသေအချာရောက်ရှိနေရန် စီစဉ်နိုင်ကြပါစေ။

၁၉၉၃ ခရိုင်စည်းဝေးပွဲနေရာများ

ရန်ကုန် နိုဝင်ဘာ ၄–၇

တာဟန်း နိုဝင်ဘာ ၂၅–၂၈

ဟားခါး ဒီဇင်ဘာ ၉–၁၂

ပြင်ဦးလွင် ဒီဇင်ဘာ ၂၃–၂၆

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ