ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၅/၁၅ စာ. ၃၂
  • အဘယ်ကြောင့် “ပရွက်ဆိတ်ထံသို့သွား” ရ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဘယ်ကြောင့် “ပရွက်ဆိတ်ထံသို့သွား” ရ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၅/၁၅ စာ. ၃၂

အဘယ်ကြောင့် “ပရွက်ဆိတ်ထံသို့သွား” ရ

ရှေးဣသရေလနိုင်ငံ၏ ပညာရှိရှောလမုန်မင်းကြီးသည် ဤသို့အကြံပြုခဲ့ပါသည်။ “ပရွက်ဆိတ်ထံသို့သွား” ပါ။ ယင်းသို့ သူအဘယ်ကြောင့်ပြောခဲ့သနည်း။ ပရွက်ဆိတ်များထံမှ အဘယ်အရာသင်ယူနိုင်ပါသနည်း။

ရှောလမုန် ဤသို့ဆက်မိန့်မြွက်ပါသည်။ “သူ [ပရွက်ဆိတ်] ၏အပြုအမူတို့ကိုဆင်ခြင်သဖြင့် ပညာရှိစေလော့။ ပရွက်ဆိတ်သည် ဆရာမရှိ၊ ပဲ့ပြင်သောသူမရှိ၊ မင်းမရှိဘဲလျက် နွေကာလနှင့်စပါးရိတ်ရာကာလ၌ မိမိစားစရာအစာကို ရှာဖွေသိုထားတတ်၏။” (သု၊ ၆:၆-၈) ဤရှေးလူကြီးစကားသည် မျက်မှောက်ခေတ် သဘာဝပညာရှင်များ၏ တွေ့ရှိချက်နှင့် ကိုက်ညီနေပါသည်။

ပရွက်ဆိတ်များသည် “သဘာဝစိတ်ဖြင့်ပညာရှိသည်” ဟုစကားပုံဆရာ အာဂုရတင်ပြခဲ့သည်။ (သု၊ ၃၀:၂၄၊ ၂၅၊ ကဘ) ယင်းတို့၏အသိဉာဏ်သည် သိရှိနားလည်နိုင်စွမ်းရည်ဖြင့် ဆင်ခြင်သုံးသပ်ခြင်းမှဖြစ်ပေါ်သည်မဟုတ်။ ဖန်ဆင်းရှင်ထည့်သွင်းထားပေးတော်မူသော သဘာဝစိတ်အားဖြင့်ဖြစ်သည်။ ဥပမာ၊ သဘာဝစိတ်ကြောင့် အချိန်တန်လျှင် ပရွက်ဆိတ်များသည် အစာရှာတတ်ကြသည်။

ပရွက်ဆိတ်များ၏ တည်ဆောက်ပုံသည် အလွန်အံ့သြစရာပင်ဖြစ်သည်။ ထူးခြားစွာရိုင်းပင်းကူညီခြင်းသတ္တိဖြင့် လုပ်ဖော်ဖက်များကို ဂရုတစိုက်ကူညီကာ ထိခိုက်ဒဏ်ရာရသော၊ သို့မဟုတ် မောပန်းသောပရွက်ဆိတ်များကို အသိုက်ထဲပြန်ပို့ဆောင်ပေးတတ်ကြသည်။ အနာဂတ်ကာလအတွက် သဘာဝစိတ်ဖြင့် အသင့်ပြင်ဆင်ပြီး မိမိတို့၏အလုပ်တာဝန်များကို အတတ်နိုင်ဆုံး ကြိုးစားလုပ်ဆောင်ကြသည်။

လူသားသည် ကြိုတင်စီစဉ်ပြီး ဝီရိယရှိသူများဖြစ်သင့်ကြောင်း ပရွက်ဆိတ်၏သဘောသဘာဝက တင်ပြပါသည်။ ဤအတိုင်း ကျောင်းတွင်လည်းကောင်း၊ အလုပ်ခွင်၌လည်းကောင်း၊ ဝိညာဉ်ရေးဆိုင်ရာလုပ်ငန်းများ၌လည်းကောင်း ပြုလုပ်သင့်ပါသည်။ ပရွက်ဆိတ်သည် ယင်း၏ဝီရိယစိုက်ထုတ်မှုမှ အကျိုးများစွာခံစားရသည်နည်းတူ လူသည် ‘ကြိုးစားအားထုတ်၍ရသောအကျိုး၌ ပျော်မွေ့ခြင်း’ ငှာ ဘုရားသခင်အလိုတော်ရှိတော်မူသည်။ (ဒေသနာ ၃:၁၃၊ ၂၂၊ ၅:၁၈) ဝီရိယရှိသောပရွက်ဆိတ်များနည်းတူ စစ်မှန်သောခရစ်ယာန်များသည် နေ့စဉ်ပင် ကြိုးစားပမ်းစားလုပ်ကိုင်ကြပါသည်။ ‘ဆောင်ရွက်စရာအမှုရှိသမျှကို ကြိုးစားအားထုတ်၍ သူတို့လုပ်ဆောင်ကြခြင်း’ မှာအလုပ်ရှင် ကြည့်နေသည့်အတွက်မဟုတ် ရိုးသားသောသဘော၊ ဝီရိယနှင့် အကျိုးဖြစ်ထွန်းစွာလုပ်ဆောင်လိုသည့်အတွက်ဖြစ်ပါသည်။ —ဒေသနာ ၉:၁၀။ သု၊ ၆:၉-၁၁ နှိုင်းယှဉ်။ တိတု ၂:၉၊ ၁၀ ကိုလည်းရှု။

ကျွန်ုပ်တို့သည် “ပရွက်ဆိတ်ထံသို့သွား” ၍တတ်သိသမျှကို ကျင့်သုံးမည်ဆိုလျှင် အမှန်ရွှင်လန်းနိုင်မည်။ သမ္မာကျမ်းစာတွင်ဖော်ပြထားသည့်အတိုင်း ယေဟောဝါဘုရားသခင်၏အလိုတော်ကို ဝီရိယရှိရှိလုပ်ဆောင်မည်ဆိုလျှင်မူကား အကြီးမားဆုံးသောပျော်ရွှင်မှုကို ကျွန်ုပ်တို့ရရှိလိမ့်မည်တည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ