ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၃ ၈/၁ စာ. ၃၂
  • ဝှက်ထားသောဘဏ္ဍာကို ရှာဖွေခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဝှက်ထားသောဘဏ္ဍာကို ရှာဖွေခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
က၉၃ ၈/၁ စာ. ၃၂

ဝှက်ထားသောဘဏ္ဍာကို ရှာဖွေခြင်း

၁၈၄၈ ခုနှစ်တွင် အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ် စပ်တာဂျုံစက်အရပ်၌ ရွှေတွေ့ရှိခဲ့သည်။ သို့ဖြစ်၍ ၁၈၄၉ ခုနှစ်တွင် ချမ်းသာလို၍ ထောင်ပေါင်းများစွာသောသူတို့သည် ထိုအရပ်သို့ အစုလိုက်အပြုံလိုက် သွားကြသည်။ ထိုအခါ အမေရိကန်နိုင်ငံ၏သမိုင်းတွင် အကြီးမားဆုံးရွှေရှာပုံတော်ဖွင့်ခဲ့သည်။ တစ်နှစ်အတွင်း အနီးဆုံးဆိပ်ကမ်းဖြစ်သည့် ဆန်ဖရန်စစ္စကိုမြို့သည် မြို့ငယ်ကလေးတစ်ခုမှ လူဦးရေ ၂၅,၀၀၀ ခန့်မြို့ကြီးအဖြစ်သို့ အသွင်ပြောင်းခဲ့သည်။ ရုတ်တရက်ချမ်းသာရန်အလားအလာကား အစွမ်းထက်သောသွေးဆောင်မှုတစ်ခုဖြစ်ခဲ့သည်။

ဝှက်ထားသောဘဏ္ဍာကို တူးဖော်ရှာဖွေသည့်အခါ လူတို့သည် အားအင်မည်မျှစိုက်ထုတ်တတ်ကြောင်း ရှေးဣသရေလဘုရင် ရှောလမုန်သိခဲ့၍ ထိုအချက်ကို ဤသို့ရေးသားချိန်တွင် ဖော်ညွှန်းခဲ့သည်။ “သိပ္ပံအတတ်ကိုခေါ်၍ ဉာဏ်နောက်သို့အသံကိုလွှင့်လျှင်လည်းကောင်း၊ ငွေကိုရှာတတ်သကဲ့သို့ ပညာကိုရှာ၍ ဝှက်ထားသောဘဏ္ဍာကို စူးစမ်းတတ်သကဲ့သို့ ဉာဏ်ကိုစူးစမ်းလျှင်လည်းကောင်း ထာဝရဘုရား [ယေဟောဝါ၊ ကဘ] ကိုကြောက်သောသဘော၌ကျင်လည်၍ ဘုရားသခင်ကိုသိသောဉာဏ်နှင့်ပြည့်စုံလိမ့်မည်။ အကြောင်းမူကား၊ ထာဝရဘုရား [ယေဟောဝါ၊ ကဘ] သည် ပညာကိုပေးတော်မူတတ်၏။ နားလည်နိုင်သောဉာဏ်သည် နှုတ်ကပါဌ်တော်အားဖြင့်သာဖြစ်တတ်၏။”—သု၊ ၂:၃-၅။

သင်သည် ရွှေငွေနှင့် အရာများစွာ တီထွင်ပြုလုပ်နိုင်ပါသည်။ သို့သော် နားလည်တတ်ကျွမ်းခြင်းနှင့် ထိုးထွင်းဉာဏ်ဖြင့် ပိုမိုပြုလုပ်နိုင်သည်။ ယင်းတို့ဖြင့် ဆုံးဖြတ်ချက်မှန်ကန်စွာချရန်၊ ပြဿနာများဖြေရှင်းနိုင်ရန်၊ အိမ်ထောင်ရေးတွင် အောင်မြင်မှုရှိရန်၊ ပျော်ရွှင်နိုင်ရန် အကူအညီရရှိပါလိမ့်မည်။ (သု၊ ၂:၁၁၊ ၁၂) ထိုနည်းထပ်တူ စစ်မှန်သောအသိပညာနှင့် ဉာဏ်ပညာသည် သင့်ဖန်ဆင်းရှင်ကိုသိကျွမ်းရန် အထောက်အကူပြုပါလိမ့်မည်။ ကိုယ်တော်၏ရည်ရွယ်ချက်များကို သိနားလည်စေကာ ကိုယ်တော်၏စကားကိုနားထောင်ရန်၊ အလိုတော်နှင့်တွေ့စေရန် ကူညီပေးလိမ့်မည်။ ရွှေမူကား ဤအရာတစ်ခုကိုမျှ မပေးနိုင်ချေ။

သမ္မာကျမ်းစာစကားများသည် မှန်ကန်ပေသည်။ “ငွေသည် ကွယ်ကာတတ်သကဲ့သို့ ဉာဏ်ပညာသည် ကွယ်ကာတတ်၏။ သို့သော် အသိပညာသည် အဘယ်သို့မြတ်သနည်းဟူမူကား၊ ဉာဏ်ပညာရှိသူအား ယင်းသည် အသက်ကိုရစေတတ်၏။” (ဒေသနာ ၇:၁၂၊ New International Version) ရုတ်တရက်စည်းစိမ်ချမ်းသာရှိရန် အများစိတ်ကူးယဉ်နေခိုက် စစ်မှန်သောရတနာဖြစ်သည့် ထိုးထွင်းဉာဏ်၊ နားလည်တတ်ကျွမ်းခြင်း၊ အသိပညာနှင့် ဉာဏ်ပညာတို့အတွက် သမ္မာကျမ်းစာကိုဖွင့်၍ ရှာဖွေတူးဖော်မည်ဆိုလျှင် ပညာပိုရှိမည်ကား အမှန်ပင်ဖြစ်သည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ