ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၄ ၅/၁၅ စာ. ၃၂
  • “ယေဟောဝါသက်သေတွေ ကျွန်မကိုကာကွယ်ခဲ့တာ!”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ယေဟောဝါသက်သေတွေ ကျွန်မကိုကာကွယ်ခဲ့တာ!”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၄
က၉၄ ၅/၁၅ စာ. ၃၂

“ယေဟောဝါသက်သေတွေ ကျွန်မကိုကာကွယ်ခဲ့တာ!”

ဤနောက်ဆုံးသောနေ့ရက်များအတွင်း လူများစွာတို့သည် “ကြမ်းကြုတ်သောသူ၊ အကောင်းကိုမုန်းသောသူ” ဖြစ်ကြောင်း တင်ပြကြသည်။ (၂ တိမောသေ ၃:၁၊ ၃၊ သမ္မာ) ယင်းအချက်မှန်ကန်ကြောင်း အနောက်အာဖရိကရှိ ကင်းမျှော်စင်အသင်း၏ ဌာနခွဲရုံးမှ စေတနာ့ဝန်ထမ်းဓမ္မအမှုဆောင်ဖြစ်သူ အိုင်းဇက် သိမြင်ခဲ့သည်။ သူဤသို့ပြန်ပြောပြသည်–

“၁၉၉၂ ခု၊ ဇန်နဝါရီလက ကျွန်တော်နဲ့အတူ တခြားခရီးသည်ငါးယောက်တို့ဟာ အငှားကားတစ်စီးနဲ့ လူပြတ်တဲ့လမ်းရှည်ကြီးတစ်ခုပေါ်မှာ ခရီးသွားနေခဲ့ကြတယ်။ ကျွန်တော့်နားမှာထိုင်တဲ့အမျိုးသမီးနဲ့ ကျွန်တော်စကားစလိုက်တော့ ကျွန်တော့်ဆီက ကျမ်းစာအခြေခံတဲ့ဘရိုရှာတစ်စောင်ကို ဝမ်းသာအယ်လဲနဲ့ပဲ သူမလက်ခံလိုက်တယ်။

“မွန်းလွဲလေးနာရီလောက်ကျတော့ ရုတ်တရက်ဆိုသလို နံပါတ်ပြားမပါတဲ့ကားအသစ်တစ်စင်းက ကျွန်တော်တို့ကားရှေ့ကို ပိတ်ရပ်လိုက်တော့ ကျွန်တော်တို့ကားက ချက်ချင်းရပ်လိုက်ရတယ်။ ရိုင်ဖယ်သေနတ်ကိုယ်စီကိုင်ထားကြတဲ့ ဗလကြီးသုံးယောက် ခုန်ဆင်းလာပြီး ကျွန်တော်တို့ကားတံခါးတွေကို ဆောင့်ပြီးဆွဲဖွင့်လိုက်ကြတယ်။ ‘အားလုံးအပြင်ထွက်လာကြစမ်း’ လို့ တစ်ယောက်က အော်ပြောလိုက်တယ်။

“နောက်တစ်ယောက်က ကျွန်တော့်စာအုပ်အိတ်ကို လုယူလိုက်တယ်။ ကျမ်းစာစာပေတွေကိုပဲ သူတွေ့တော့ အိတ်ကိုလွှင့်ပစ်လိုက်တယ်။ ကျွန်တော့်ကို သေနတ်နဲ့ချိန်ပြီး ‘နောက်ဘာတွေပါသေးလဲ’ လို့မေးတယ်။ ကျွန်တော့် သားရေအိတ်ထဲကပိုက်ဆံတွေကို အမြန်ပေးလိုက်တယ်။ ‘ဒါအကုန်ပဲလား’ ဆိုပြီး သူကမေးတယ်။ ကျွန်တော်ဟာ ယေဟောဝါသက်သေတစ်ယောက်ဖြစ်တဲ့အကြောင်း၊ သက်သေခံတွေဟာ မလိမ်တတ်ကြောင်း သူ့ကိုကျွန်တော်ပြောပြတယ်။ ကျွန်တော့်ဆီကသားရေအိတ်ကို သူဆွဲလုလိုက်ပြီး ကင်းမျှော်စင်စိစစ်ရေးကတ်ကို သူတွေ့တော့ ‘ဟုတ်ပြီ၊ ကင်းမျှော်စင်ဆိုရင် ဒီမှာစောင့်နေ’ လို့ပြောတယ်။

“နောက်တော့ အငှားကားထဲမှာ ကျွန်တော်နဲ့စကားပြောလာတဲ့ အမျိုးသမီးဆီကို သူလှည့်သွားတယ်။ အမျိုးသမီးက သူ့ဆွဲကြိုးကို သုတ်သုတ်ပြာပြာဖြုတ်လိုက်ပြီး သူ့ပိုက်ဆံအိတ်ထဲကပိုက်ဆံတွေကို ပေးလိုက်တယ်။ ဓားပြက တုန်နေတဲ့သူ့လက်ထဲက ဘရိုရှာကိုမြင်လိုက်တော့ ကျွန်တော်နဲ့အတူတူပဲလို့ယူဆပြီး ကျွန်တော်နဲ့အတူနေဖို့ လက်ဟန်ပြလိုက်တယ်။

“တစ်ချိန်ထဲမှာပဲ တခြားဓားပြတွေက ကျွန်တော်တို့ခရီးသွားဖော်ချင်းတွေကို ရက်ရက်စက်စက်တိုက်ခိုက်ကြတယ်။ ကားမောင်းတဲ့သူနဲ့ ကျွန်တော်တို့နဲ့အတူပါလာတဲ့ တခြားသူတွေကို ရိုက်နှက်ပြီးလုကြတယ်။ ဓားပြတစ်ယောက်က နောက်အမျိုးသမီးတစ်ယောက်ရဲ့ ဆွဲကြိုးကို လုယူလိုက်တယ်။ အဲဒီအမျိုးသမီးက ပြန်ခုခံတော့ သူသေတဲ့အထိ သူ့ခေါင်းနဲ့ရင်ဘတ်ကို သေနတ်ဒင်နဲ့ ပြင်းပြင်းထန်ထန်ထုလိုက်ကြတယ်။ နောက်အမျိုးသမီးတစ်ယောက်ကို ကားထဲကနေ ဆွဲထုတ်လာကြပြီး ရင်ဘတ်ကို သေနတ်နဲ့ပစ်ထည့်လိုက်တယ်။ ဝမ်းနည်းစရာပါပဲ၊ သူလဲသေသွားတယ်။ ကျွန်တော်ရယ်၊ ကျွန်တော်နဲ့အတူရှိတဲ့ အမျိုးသမီးငယ်ရယ် နှစ်ယောက်ထဲ လုံးလုံးဘေးမထိရန်မခ ကျန်ခဲ့ကြတယ်။

“နောက်ပိုင်း အဲဒီနေရာကိုဖြတ်လာတဲ့ တခြားကားတစ်စင်းက ကျွန်တော်တို့ကို တင်သွားတဲ့အခါကျတော့ ကြောက်လန့်နေတဲ့အဲဒီအမျိုးသမီးက ‘ယေဟောဝါသက်သေတွေ ကျွန်မကိုကာကွယ်ခဲ့တာ!’ လို့ ခဏခဏပြောနေတော့တယ်။”

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ