ဤမြေမဟီကို ယေဟောဝါကယ်တင်မည်
မော်လ်ဒိုက်စ်ကျွန်းပေါ်တွင် တည်ရှိသည့် လေယာဉ်ကွင်းတစ်ခုသည် နေ့စဉ်နာရီတော်တော်များများ ပိတ်ထားရသည်။ အဘယ့်ကြောင့်နည်း။ ဒီရေက ပြေးလမ်းကို ဖုံးလွှမ်းထားသောကြောင့် လေယာဉ်ဆင်းသက်ရန်အတွက် စိတ်မချရပေ။ မော်လ်ဒီဗီးယန်းကျွန်းများတွင် ပင်လယ်ရေမျက်နှာပြင်သည် နောက်ရာစုတွင် အနည်းဆုံး သုံးပေအထိမြင့်တက်လာမည့်အရေးကို အချို့သောသိပ္ပံပညာရှင်များက တွေးပူနေကြသည်။ မဖြစ်စလောက်ပါဟု ထင်မြင်ရသော်လည်း ဤသို့မြင့်တက်လာခြင်းသည် မြေပုံမှ ကျွန်းခုနစ်ကျွန်းကို ပျောက်သွားစေနိုင်သည်။ အမှန်မှာ UN Chronicle စာအုပ်အရ ခြောက်ပေမြင့်တက်လာခြင်းက ကျွန်းပေါင်း ၁,၂၀၀ ခန့်ကို စုံးစုံးမြုပ်သွားနိုင်သည်!
ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာရန် ဘာကဖြစ်စေသနည်း။ ယူအဲန် ဝန်းကျင်အစီအစဉ်၏ အဆိုအရ “ဖန်လုံအိမ်အာနိသင်” ကြောင့်ဖြစ်သော ကမ္ဘာ့လေထုညစ်ညမ်းမှုက သာ၍ပူနွေးလာသည့်ဒေသများတွင်ရှိ ပင်လယ်ပြင်များကို ကျယ်ပြန့်လာစေပြီး ရေခဲပြင်ကြီးများနှင့် လျှောဆင်းလာသောရေခဲပြင်များကို အရည်ပျော်စေရာမှ ပင်လယ်ရေမျက်နှာပြင်မြင့်တက်လာရသည်။ လေထုညစ်ညမ်းမှုသည် “ကုန်းနှင့်ပင်လယ်နယ်နိမိတ်များကို အပြောင်းအလဲဖြစ်စေသည့် တရွေ့ရွေ့လာနေသော ကမ္ဘာ့ဘေးဒုက္ခကြီးကို ထိုးဆွအစပျိုးပေးခဲ့ပေမည်” ဟု လန်ဒန်အခြေစိုက် ပေးနပ်စ်သိပ္ပံက ဆိုသည်။
တစ်ကမ္ဘာလုံး ပူနွေးလာနေခြင်းကို သိပ္ပံပညာရှင်များ အငြင်းအခုံဖြစ်နေတုန်းပင်။ သို့သော် ဝန်းကျင်ဆိုင်ရာပြဿနာများက ဘုရားသခင့်ရည်ရွယ်တော်မူချက်များကို အတားအဆီးဖြစ်မည်မဟုတ်ကြောင်း ကျွန်ုပ်တို့ သေချာနိုင်သည်။ “လောကဓာတ်သည် မလှုပ်မရှားနိုင်အောင် မြဲမြံစွာတည်လိမ့်မည်” ဟု ကျမ်းစာက ဆိုသည်။ (၁ ရာဇဝင်ချုပ် ၁၆:၃၀) ယေဟောဝါသည် ဤမြေမဟီ၏ဝန်းကျင်ကို ထိန်းသိမ်းထားကာ ဤမြေမဟီနှင့် လူသားများကို ပျက်စီးယိုယွင်းသွားခြင်းမှ မကြာမီကယ်တင်တော့မည်ဖြစ်သောကြောင့် ကျွန်ုပ်တို့ဝမ်းမြောက်နိုင်ကြသည်။—ဆာလံ ၂၄:၁၊ ၂; ၁၃၅:၆; ၂ ပေတရု ၃:၁၃။
[Picture Credit Line on page 31]
Drawing based on NASA photo