ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၅/၁၅ စာ. ၃၂
  • ဘုရားသခင့်နာမတော်ကို ဖော်ပြသည့်ဒ င်္ဂါး

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ဘုရားသခင့်နာမတော်ကို ဖော်ပြသည့်ဒ င်္ဂါး
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၅/၁၅ စာ. ၃၂

ဘုရားသခင့်နာမတော်ကို ဖော်ပြသည့်ဒ င်္ဂါး

ဤတွင်ပြထားသည့် ငွေဒ င်္ဂါးများကို အသေအချာကြည့်ပါ။ ယင်းတို့ကို ပဉ္စမမြောက်ဂျာမန်ဧကရာဇ် ဗေလ်ဟမ်က ၁၆၂၇ ခုနှစ်မှ ၁၆၃၇ အထိ မိမိနန်းစံချိန်အတွင်း သွန်းလုပ်ခဲ့သည်။ ထိုစဉ်က ဥရောပအလယ်ပိုင်းသည် ကက်သလစ်များနှင့် ပရိုတက်စတင့်များ အချင်းဖြစ်ပွားသည့် နှစ်သုံးဆယ်စစ်ပွဲတွင် ပါဝင်ခဲ့ကြသည်။ ပဉ္စမမြောက်ဗေလ်ဟမ်သည် ပရိုတက်စတင့်ဘက်မှ ပါဝင်တိုက်ခိုက်ခဲ့သည်။ ဤပဋိပက္ခတွင် ကုန်ကျမည့်ကြီးမားသောစစ်စရိတ်ကို ကာမိစေရန် သူသည် မိမိ၏ငွေထည်ရှိသမျှကိုယူပြီး ဒ င်္ဂါးများသွန်းလုပ်ခဲ့သည်။

စိတ်ဝင်စားစရာကား ဤဒ င်္ဂါးများပေါ်တွင် ဟေဗြဲဗျည်းအက္ခရာလေးလုံးပုံစံဖြင့် ဖော်ပြသော ဘုရားသခင်၏နာမတော် ယေဟောဝါအားဝိုင်းပတ်ထားသည့် နေကို ရုပ်လုံးဖော်ထားသည်။ ယင်းတွင် သန်စွမ်းမှုကို တင်စားသည့် စွန်ပလွံပင်လည်းပါသည်။ ဆက်စပ်ချက်မှာ ယင်းအပင်သည် လေပြင်းတိုက်၍ယိမ်းနွဲ့နေသော်လည်း ဘုရားသခင်၏အကာအကွယ်အောက်တွင် ကျိုးမသွားဘဲကြံ့ကြံ့ခံရပ်တည်ခြင်းဟူ၍ဖြစ်သည်။ ဒ င်္ဂါးပတ်ပတ်လည်တွင်ရေးထားသည့် လက်တင်ကမ္ပည်းစာကို ဤသို့ဖတ်ရသည်– “ယေဟောဝါအလိုကျသရွေ့ ငါဆက်ပြီးဖြောင့်မတ်နေမည်။”

ဘုရားသခင့်အကာအကွယ်ကို အသနားခံခြင်းဖြစ်မည့်အစား ယေဟောဝါသည် လူသားများ၏သောင်းကျန်းရမ်းကားသည့် ပဋိပက္ခများတွင် ပါဝင်ခြင်းမရှိသောကြောင့် ဤကဲ့သို့ဘုရားသခင့်နာမတော်ကို အသုံးပြုခြင်းသည် အမှန်ပင်အချည်းနှီးဖြစ်သည်။ အမှန်ပင်၊ နှစ်သုံးဆယ်စစ်ပွဲသည် ဘုရားသခင့်နှစ်သက်မှုကို မရရှိနိုင်ခဲ့ပါ။ “တိုင်းတိုင်းဆဆရှိသော ခန့်မှန်းချက်များအရ ဤစစ်ပွဲတွင် ဂျာမန်ပြည်သူလူထု၏ တစ်ဝက်ထက်မနည်းသော သူများသေကျေခဲ့ကြသည်။ မရေမတွက်နိုင်သော ဂျာမန်မြို့ကြီးမြို့ငယ်များ၊ ကျေးရွာများနှင့် ယာစိုက်ခင်းများ ပြုတ်ပြုတ်ပြုန်းခဲ့ရသည်။ ဂျာမနီနိုင်ငံ၏ စက်မှုလုပ်ငန်းဆိုင်ရာ၊ စိုက်ပျိုးရေးဆိုင်ရာနှင့် ကူးသန်းရောင်းဝယ်ရေးဆိုင်ရာ အဆောက်အအုံပစ္စည်းများ၏ သုံးပုံနှစ်ပုံနီးပါးမှာ ပျက်ယွင်းခဲ့ရသည်” ဟု ဖန့်ခ်နှင့် ဝက်ဂ်နယ်စ် စွယ်စုံကျမ်းသစ် က ဆိုသည်။

ယေဟောဝါရှင်နာမတော်ကို ဤဒ င်္ဂါးများပေါ်တွင် အသုံးပြုခြင်းက ဣသရေလလူမျိုးတို့အားပေးသည့် ဤပညတ်တော်ကို ပြန်သတိတရဖြစ်စေသည်– “သင့်ဘုရားသခင် ငါထာဝရဘုရား၏နာမတော်ကို မထီမဲ့မြင်ပြု၍ မသုံးနှင့်။” (ထွက်မြောက်ရာ ၂၀:၇၊ သမ) သို့ ဖြစ်လင့်ကစား၊ ဤဒ င်္ဂါးများက မြင့်မြတ်သောနာမတော် ယေဟောဝါသည် ဂျာမနီပြည်သူများနှင့် တရင်းတနှီးဖြစ်သည်မှာ ကြာမြင့်လှပြီဖြစ်ကြောင်း သက်သေခံနေသည်။ ဤနာမတော်ကို ခံယူထားသည့် ဘုရားသခင်ကို သင်မည်မျှကောင်းကောင်း သိသနည်း။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ