ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၅ ၇/၁ စာ. ၃၀
  • “သူတို့သည် အစဉ်မပြတ် ဟောပြောလျက်နေကြ၏”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “သူတို့သည် အစဉ်မပြတ် ဟောပြောလျက်နေကြ၏”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ဝတ်ပြုရာနေရာများ
    ယေဟောဝါရဲ့ အလိုတော်ဆောင်ဖို့ ဖွဲ့စည်းထားခြင်း
  • အစ္စရေးတွင် အမှန်တရား ရှာပုံတော်ဖွင့်သူများ ဆုချခံရ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၀
  • ဘုရားသခင့်နိုင်ငံတော်ခန်းမ လူတိုင်းအတွက် ဖွင့်လှစ်ထား
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
  • သင့်ဝတ်ပြုရာအရပ်ကို သင်လေးစားပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၃
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၅
က၉၅ ၇/၁ စာ. ၃၀

ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း

“သူတို့သည် အစဉ်မပြတ် ဟောပြောလျက်နေကြ၏”

ယေရှုခရစ်တော်နှင့် တမန်တော်များခေတ်ကတည်းက ဘာသာရေးခေါင်းဆောင်များသည် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ဟောပြောခြင်းကို တားဆီးပိတ်ပင်ရန် နည်းအမျိုးမျိုးအသုံးပြုခဲ့ကြသည်။ ယေရုရှလင်မြို့ရှိ ဒေသခံအာဏာရှင်တို့က တမန်တော်များအား “ယေရှု၏နာမကိုအမှီပြုလျက် မဟောမပြောမည်အကြောင်း မြစ်တား” ပြီးအကြိမ်ကြိမ် ကြပ်တည်းစွာ “စီရင်မှာထား” လေသည်။ (တမန်တော် ၅:၂၇၊ ၂၈၊ ၄၀) သို့ပြုစေကာမူ “ဘုရားသခင်၏နှုတ်ကပါဌ်တော်သည် ကြီးပွားသဖြင့် ယေရုရှလင်မြို့၌ တပည့်တော်တို့သည် အလွန်ပွားများ” သည်ဟုသမ္မာကျမ်းစာမှတ်တမ်းက ဆိုသည်။—တမန်တော် ၆:၇၊ သမ္မာ။

အနှစ်နှစ်ထောင်ကုန်လွန်သော်လည်း အစ္စရေးနိုင်ငံတွင် စစ်မှန်သောခရစ်ယာန်များ၏လုပ်ငန်းကို တားဆီးပိတ်ပင်ရန် ဒေသခံအာဏာရှင်တို့အား လှုံ့ဆော်သူ ဘာသာရေးခေါင်းဆောင်များရှိနေဆဲဖြစ်သည်။ တစ်ဖက်စွန်းရောက်သော ဘာသာရေးအဖွဲ့များ၏ ဖိအားကြောင့် ၁၉၈၇ နိုဝင်ဘာတွင် တဲလ်အဗစ်ဒေသခံအာဏာရှင်များက ကင်းမျှော်စင်အသင်း၏ ဌာနခွဲရုံးရှိ ဘုရားသခင့်နိုင်ငံတော်ခန်းမဆောင်တွင် ခရစ်ယာန်အစည်းအဝေးများ မကျင်းပရဟု အမိန့်ထုတ်ခဲ့သည်။၊ ထိုအမိန့်ကို ၁၉၈၉ အောက်တိုဘာတွင် စတင်လိုက်နာခဲ့ရ၏။ သို့နှင့် သက်သေခံများသည် သုံးနှစ်တိုင် သူတို့၏ဘုရားသခင့်နိုင်ငံတော်ခန်းမဆောင်ကို အသုံးမပြုကြရဘဲ ထိုဒေသရှိ အခန်းများကိုငှားရမ်း၍ စည်းဝေးခဲ့ကြရသည်။

ဤအချိန်အတောအတွင်း အစ္စရေးတရားလွှတ်တော်ချုပ်ထံ ယင်းကိစ္စကိုတင်ပြကြသည်။ နိုင်ငံတော်ရှေ့နေရုံးက သက်သေခံများတင်သွင်းသော ထိုလျှောက်လဲချက်ကို ပြန်လည်သုံးသပ်ပေးပြီးနောက် ဗြောင်ဗြောင်တင်းတင်း ဘာသာတရားဘက်လိုက်နေကြောင်း ထင်ရှားသဖြင့် သူတို့၏အယူခံမှုကို ဆန့်ကျင်ချေပနိုင်စရာအကြောင်းမရှိကြောင်း ကြေညာလိုက်သည်။ သို့ဖြစ်သောကြောင့် ဒေသခံအာဏာရှင်များက သူတို့၏ဆုံးဖြတ်ချက်ကို ပယ်ဖျက်ခြင်းမှတစ်ပါးရွေးချယ်စရာမရှိတော့ချေ။ ထို့နောက် ယေဟောဝါသက်သေများသည် ဝမ်းသာစွာဖြင့် သူတို့၏ဘုရားသခင့်နိုင်ငံတော်ခန်းမတွင် အစည်းအဝေးများ ပြန်ကျင်းပနိုင်ကြသည်။

ထိုနှစ်များအတွင်း ကျမ်းစာသမ္မာတရားကို ဟောပြောခြင်းလုပ်ငန်း လျော့နည်းသွားပါသလော။ လုံးဝမလျော့နည်းသွားချေ! ဘုရားသခင့်နိုင်ငံတော်ခန်းမကို ပိတ်လိုက်ရချိန်တွင် တဲလ်အဗစ်မြို့တွင် အသင်းတော်နှစ်ခုနှင့် အနီးအနားရှိ လော့ဒ်မြို့တွင် သီးခြားကျမ်းစာသင်တန်းအုပ်စုတစ်ခုရှိသည်။ နောက်သုံးနှစ်အကြာတွင် ဘုရားသခင့်နိုင်ငံတော်ခန်းမကိုပြန်ဖွင့်သောအခါ ယေဟောဝါသက်သေအရေအတွက်သည် အသင်းတော်လေးခုအထိ တိုးများလာပြီး ဘီရာရှီဘာမြို့တွင် ကျမ်းစာသင်တန်းအုပ်စုအသစ်တစ်ခုကို ကျင်းပနေရ၏။

အစ္စရေးနိုင်ငံ၌ အဓိကဘာသာစကားများဖြစ်သည့် အရဗစ်နှင့်ဟီးဗြူးစကားများပြောဆိုသူတို့တွင်သာ တိုးပွားများပြားလာသည်မဟုတ်ပါ။ ယခင်ဆိုဗီယက်နိုင်ငံမှ ပြောင်းရွှေ့နေထိုင်လာသူ မြောက်မြားစွာရှိနေသဖြင့် ရုရှားစကားပြောသော ယေဟောဝါသက်သေများသည် ယခုထိုသူတို့အား သတင်းကောင်းဟောပြောခြင်းလုပ်ငန်းတွင် အလုပ်များနေကြပါသည်။ အသင်းတော်သုံးခုတွင် ရုရှားဘာသာစကားဖြင့် အစည်းအဝေးများကို ကျင်းပနေရသည်; မကြာမီက ရုရှားစည်းဝေးပွဲကြီးတစ်ခုကျင်းပခဲ့ရာ လူပေါင်းတစ်ရာကျော် တက်ရောက်ခဲ့သည်။

တစ်ဖက်စွန်းရောက်သော ဘာသာတရား ဘက်လိုက်သူများက စစ်မှန်သောဝတ်ပြုရေးကို အဆက်မပြတ်ဆန့်ကျင်ကြမည်ကား အမှန်တကယ်ပင်ဖြစ်သည်။ သို့သော် ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများသည် အတိုက်အခံများကြား “ဆုံးမသွန်သင်လျက် ယေရှုသည် ခရစ်တော်ဖြစ်၏ဟူ၍ ဧဝံဂေလိတရားကို မပြတ်ဟောပြောလျက်နေကြ” သော ပထမရာစုခရစ်ယာန်များကို တုပနေကြပါသည်။—တမန်တော် ၅:၄၂၊ သမ္မာ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ