ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း
ဂရင်းလန်၏ဝေးလံသောဇနပုဒ်များသို့ ရောက်ရှိခြင်း
ယေဟောဝါသက်သေများသည် ဆယ်စုနှစ်များစွာကြာ ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများကို သတင်းကောင်းဟောပြောခြင်းတွင် အသုံးပြုခဲ့ကြပြီ။ ဤဂျာနယ်များက ကိုယ်တော့်နှုတ်ကပါဌ်တော် ကျမ်းစာတွင်ဖော်ပြထားသည့်အတိုင်း ယေဟောဝါရှင်၏ဉာဏ်ပညာကို ချီးမြှင့်ပေးသည်။ သူတို့သည် ကျမ်းစာပရောဖက်ပြုချက်များနှင့်ဆက်စပ်နေသည့် ကမ္ဘာ့အဖြစ်အပျက်များကို အမြဲစောင့်ကြည့်နေကြပြီး အခိုက်အတန့်သာဖြစ်သည့်ပြဿနာများအတွက် ကျိုးကြောင်းညီညွတ်သောကျမ်းစာသြဝါဒကို လက်တွေ့ကျင့်သုံးကြသည်။—ယာကုပ် ၃:၁၇။
၁၉၉၄ ခုနှစ်တွင် ဂရင်းလန်ရှိ သက်သေခံများသည် ကင်းမျှော်စင် နှင့် နိုးလော! တို့ကို လူများနိုင်သည်ထက်များများအား ဝေငှရန် အထူးကြိုးစားခဲ့ကြသည်။ နွေရာသီအတွင်း သူတို့သည် ဂရင်းလန်ရှိ အဝေးလံဆုံးဇနပုဒ်တချို့ကို သွားရောက်လည်ပတ်ရန် အစီအစဉ်ဆွဲခဲ့ကြသည်။ ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူအုပ်စုတစ်စုသည် အနောက်ဘက်ကမ်းခြေ ခရာနာ့ဂ် (သူလဲ) အထိ မိုင် ၂,၅၀၀ ထက်မနည်း လှေဖြင့်ခရီးဆန့်ခဲ့ရာ ကမ္ဘာတွင် မြောက်ဘက်အကျဆုံးသော ရပ်ကွက်အချို့သို့ ရောက်သွားကြသည်။ သူတို့၏ခရီးသည် ခုနစ်ပတ်ကြာခဲ့သည်။ အရှေ့ဘက်ကမ်းခြေတွင် သက်သေခံမောင်နှံစုံတစ်စုံသည် အစ်ဒေါ့ဂရော်ဒေါ်မိရှိ ဇနပုဒ်သို့ ရောက်ခဲ့ရာ ယင်းသည် သတင်းကောင်းဖြင့် ပထမဆုံးအကြိမ် စနစ်တကျ ငုံမိခြင်းဖြစ်တော့သည်။
ထိုနှစ်အစောပိုင်း၊ ဧပြီလအတွင်း ကင်းမျှော်စင် နှင့် နိုးလော့! ၇,၅၁၃ စောင်ကို ဂရင်းလန်ပြည်သူလူထုသို့ ဝေငှခဲ့သည်။ ယင်း၏အဓိပ္ပာယ်မှာ ကြေညာသူ ၁၂၇ ယောက်သည် ပျမ်းမျှခြင်းအားဖြင့် တစ်ဦးလျှင် ၅၉ စောင်စီ—လူဦးရေ ၇ ယောက်အတွက် မဂ္ဂဇင်း ၁ စောင်ကျစီ ဝေငှခဲ့သည်။ ထိုလတွင် နိုးလော့! ၌ “ရင်သားကင်ဆာ—အမျိုးသမီးတိုင်းကြောက်ရွံ့” မျက်နှာဖုံးခေါင်းစဉ်အောက်တွင် အခန်းဆက်ဆောင်းပါးများ ပါလာသည်။ မဂ္ဂဇင်းစောင်ရေ ၁၄၀ ဝေငှခဲ့သည့် သက်သေခံတစ်ယောက်သည် ရုပ်မြင်သံကြားသတင်းထောက်တစ်ယောက်အတွက် ဤနိုးလော့! စာစောင်များထားပေးခဲ့သည်။ နောက်ရက်အနည်းငယ်တွင် ရုပ်မြင်သံကြားသတင်းအစီအစဉ်တွင် ရင်သားကင်ဆာအခြေပြု ဆောင်းပါးများ ပါလာသည်။ သတင်းထောက်က ရုပ်သံကင်မရာတွင် ဤမဂ္ဂဇင်းကို ထုတ်ပြကာ ဂရင်းလန်ဒစ်ဘာသာပြန်ဆိုမှု၏အရည်အသွေးကို သူမ ချီးမွမ်းသည့်အနေနှင့် စာမျက်နှာအချို့ကို ပြသသည်။ သူမသည် ကျန်းမာရေးပြဿနာ ကာကွယ်ဆေးအဖြစ် နိုးလော့! မှပေးသော လက်တွေ့ကျသည့်အကြံပေးချက်များကိုလည်း ပေါ်လွင်စေခဲ့သည်။
သတင်းထောက်အား မဂ္ဂဇင်းများဝေခဲ့သည့် သက်သေခံကို ဤတီဗွီအစီအစဉ်တွင်ပင် တွေ့ဆုံမေးမြန်းခဲ့သည်။ သူမသည် ယေဟောဝါသက်သေများနှင့်ပတ်သက်သော မေးခွန်းအချို့ကို ဖြေဆိုခဲ့ပြီး ထိုလတွင် ကျယ်ပြန့်သောမဂ္ဂဇင်းထုတ်ဝေမှုအကြောင်း ပြောခဲ့သည်။ သူမသည် ကျမ်းစာပါလက်တွေ့ကျအကြံဉာဏ်ကိုလည်း ထုတ်နုတ်ဖော်ပြကာ ဤကဲ့သို့သောကျိုးကြောင်းညီညွတ်သည့် ဩဝါဒသည် ယနေ့ပြဿနာများကို ကိုင်တွယ်ရေးတွင် ကျွန်ုပ်တို့အား ထောက်ကူနိုင်ကြောင်း ထောက်ပြခဲ့သည်။
ဤအစီအစဉ်သည် ဂရင်းလန်ဒစ်ကင်ဆာအဖွဲ့အစည်း၏ ဥက္ကဋ္ဌအားတွေ့ဆုံမေးမြန်းခြင်းနှင့် နိဂုံးချုပ်ခဲ့သည်။ သူမသည် မိမိ၏ဘာသာစကားဖြင့် ဤအကြောင်းအရာနှင့်ပတ်သက်၍ ဤမျှကောင်းပြီးမှတ်သားဖွယ်ရာအဖြာဖြာကို တစ်ခါမျှမတွေ့ ဖူးကြောင်း မှတ်ချက်ပြုခဲ့သည်။ ထို့နောက်တွင် သူမက ရင်သားကင်ဆာအကြောင်းတွင် စိတ်ဝင်စားသူအားလုံး နိုးလော့! ဆောင်းပါးကိုဖတ်ရန် ဖိတ်ခေါ်လိုက်သည်။ ယေဟောဝါသက်သေတို့၏အစပြုလုပ်ဆောင်မှုအတွက် သူတို့အားကျေးဇူးတင်ရန် အကြောင်းကောင်းရှိကြောင်း သူမပြောခဲ့သည်။
ဂရင်းလန်မှာကဲ့သို့ ကမ္ဘာတစ်လွှား ယေဟောဝါသက်သေများသည် “ကောင်းကင်အောက်၌ရှိသမျှသော ဝေနေယျသတ္တဝါတို့အား” သတင်းကောင်းကို ဆက်၍ဟောပြောနေကြသည်။ (ကောလောသဲ ၁:၂၃; တမန်တော် ၁:၈) ကင်းမျှော်စင် နှင့် နိုးလော့! အပါအဝင် ကျမ်းစာစာပေစာတမ်းများကို အသုံးပြုကာ သူတို့သည် လက်ရှိအချိန်ရှိပြဿနာများကို အောင်မြင်ကျော်လွှားရန်သာမက သာ၍ကောင်းသောအနာဂတ်အတွက် မျှော်လင့်ချက်ကိုပေးရန်အတွက်ပါ လူမျိုးရှိရှိသမျှကို ကူညီနေကြသည်။
[စာမျက်နှာ ၈ ပါ မြေပုံ]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)
ခရာနာ့ဂ် (သူလဲ)
အစ်ဒေါ့ဂရော်ဒေါ်မိ
နူးအခ် (ဂေါ်သတ်ဖ်)