“ယင်းသည် ယေဟောဝါ၏လုပ်ဆောင်ချက်ဖြစ်သည်”
ယင်းသည် မက္ကဆီကိုနိုင်ငံ မွန်တယ်ရေမြို့၏ သတင်းစာတစ်ခုဖြစ်သော အဲလ် နော်တယ်တွင်ပါသည့် ဆောင်းပါးတစ်ခု၏ခေါင်းစဉ်ဖြစ်သည်။ ထိုဆောင်းပါးသည် ယေဟောဝါသက်သေများ၏ အစည်းအဝေးခန်းမသစ်အကြောင်းဖြစ်သည်။
မက္ကဆီကိုနိုင်ငံမြောက်ပိုင်းဒေသရှိ မွန်တယ်ရေသည် (ဆင်ခြေဖုံးဒေသများ အပါအဝင်) လူဦးရေ ၂,၃၀၀,၀၀၀ ရှိသော မြို့ကြီးတစ်မြို့ဖြစ်ပြီး ယင်းတွင် ဘုရားသခင့်နိုင်ငံတော်ကြေညာသူ ၁၉,၂၀၀ ရှိသည်။ သက်သောင့်သက်သာရှိသော ထိုင်ခုံ ၃,၀၀၀၊ လေအေးစက်တို့ပါသည့် လက်တွေ့အသုံးပြုနိုင်သော လှပသည့်အစည်းအဝေးခန်းမတစ်ခုကို ဆောက်လုပ်ရန် ယေဟောဝါသက်သေများသည် တစ်နှစ်ခွဲခန့်မျှ စည်းစည်းလုံးလုံးလုပ်ဆောင်ခဲ့ကြသည်။ ယေဟောဝါသက်သေများ၏ အုပ်ချုပ်ရေးအဖွဲ့မှ အဖွဲ့ဝင်တစ်ဦးက အပ်နှံပွဲဟောပြောချက်ကို တင်ဆက်သောအခါ ဒေသခံသက်သေခံများသည် ပျော်ရွှင်ဝမ်းမြောက်ခဲ့ကြသည်။ ဤအစီအစဉ်တွင် မွန်တယ်ရေမြို့တွင် လုပ်ဆောင်မှုနှင့်ပတ်သက်သည့် သမိုင်းအကျဉ်းနှင့် ဆောက်လုပ်ရေးတွင် ပါဝင်လုပ်ဆောင်သူများကို လူတွေ့မေးမြန်းခြင်းတို့ပါဝင်သည်။ သို့နှင့် အစည်းအဝေးသို့ တက်ရောက်လာသူ ၄,၅၀၀ တို့သည် အပ်နှံပွဲဟောပြောချက်ကို ကြားနာခဲ့ရကြသည်။
“သာ၍ကျယ်ပြီး သာ၍ကောင်းမွန်သော ဘုရားသခင့်နိုင်ငံတော်ခန်းမများနှင့် အစည်းအဝေးခန်းမများ” အတွက် လုပ်ငန်းအနေနှင့် မက္ကဆီကိုနိုင်ငံ၌ ဆောက်လုပ်ခဲ့သည့် လောလောလတ်လတ်အစည်းအဝေးခန်းမများထဲမှ ယင်းသည် တတိယမြောက်ဖြစ်သည်။
မက္ကဆီကိုနိုင်ငံတွင် ကြေညာသူ ၄၄၃,၀၀၀ ကျော်၊ ၁၉၉၅ ခုသတိရအောက်မေ့ပွဲတက်ရောက်သူ ၁,၄၉၂,၅၀၀ နှင့်တကွ မွန်တယ်ရေမြို့တွင်ရှိသော အစည်းအဝေးခန်းမတစ်ခုအပါအဝင် ခန်းမအသစ်များသည် မြင့်မြတ်သောရည်ရွယ်တော်မူချက်ကို အမှန်တကယ် ဖော်ဆောင်မည်ဖြစ်သည်။