ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၆ ၈/၁၅ စာ. ၂-၃
  • ကတိထားရာပြည်တော်သို့ အလည်တစ်ခေါက်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကတိထားရာပြည်တော်သို့ အလည်တစ်ခေါက်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • “တိုင်းပြည်ကို အမွေအဖြစ် ခွဲဝေ”
    ယေဟောဝါရဲ့ စင်ကြယ်တဲ့ ဝတ်ပြုကိုးကွယ်မှု ပြန်လည်တည်ထောင်ပြီ
  • ပရဒိသု–သင့်အတွက်လော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • ကတိထားရာပြည်တော်မှ လက်တွေ့ကျသင်ခန်းစာများ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
  • ယေဟောဝါသည် ဘုရင် ဖြစ်တော်မူ၏
    ဟေရှာယ ပရောဖက်ပြုချက်—လူခပ်သိမ်းအတွက် အလင်း ၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
က၉၆ ၈/၁၅ စာ. ၂-၃

ကတိထားရာပြည်တော်သို့ အလည်တစ်ခေါက်

မိတ်ဆွေတစ်ဦးက ဆိတ်ငြိမ်လှပသော ပတ်ဝန်းကျင်အလယ်၌ရှိသည့် အသစ်ကျပ်ချွတ်အိမ်ကြီးတစ်ဆောင်ကို သင့်အတွက်လက်ဆောင်အဖြစ် သူဝယ်ထားကြောင်း ပြောသည်ဆိုပါစို့။ ‘ဘယ်လိုပုံစံများပါလိမ့်’ ဟု သင်သိလိုပေမည်။ ဤအိမ်ကြီးကို သင်ကိုယ်တိုင်သွားရောက်ကြည့်ရှု၍ အခန်းတိုင်းကို စူးစမ်းကြည့်ရှုလိုစိတ် ပြင်းပြနေမည်မှာ သံသယဖြစ်ဖွယ်မရှိပါ။ အမှန်သော် ၎င်းသည် သင်၏အိမ်အသစ်ပင်ဖြစ်ပေသည်တကား!

ဘီ.စီ.အီး. ၁၄၇၃ ခုနှစ်၌ ယေဟောဝါသည် အိမ်သစ်တစ်ဆောင်တည်းဟူသော မြောက်မှ တောင်သို့ မိုင်ပေါင်း ၃၀၀ ခန့်အရှည်ရှိပြီး ပျမ်းမျှအကျယ် ၃၅ မိုင်ခန့်ရှိသော ရှည်လျားသည့်နယ်မြေတစ်ခုဖြစ်သည့် ကတိထားရာပြည်တော်ကို ရှေးဣသရေလလူမျိုးအား အမွေအနှစ်ပေးအပ်ခဲ့သည်။a မြေသြဇာကောင်းသော လခြမ်းဒေသဟုခေါ်တွင်သည့် ဒေသတွင်ရှိသော ထိုကတိထားရာပြည်တော်သည် ၎င်း၏ထူးခြားသောလက္ခဏာများဖြင့် ကြွယ်ဝလှသည့် နေချင်စဖွယ်ကောင်းသောနေရာတစ်နေရာဖြစ်ပေသည်။

သို့သော် ယနေ့ခေတ်အချိန်၌ အသင်သည် အခြားသူတစ်ဦးကို ပေးအပ်ထားသော၊ အထူးသဖြင့် တစ်စုံတစ်ဦး ကြာမြင့်စွာကတည်းက နေထိုင်နေနှင့်ပြီးဖြစ်သော “အိမ်” တစ်လုံးကို အဘယ်ကြောင့် စိတ်ဝင်စားသင့်သနည်း။ အကြောင်းမှာ ဤသမိုင်းဝင်နယ်မြေနှင့်စပ်လျဉ်းသော အသိပညာသည် သမ္မာကျမ်းစာမှတ်တမ်းများအပေါ် သင်၏တန်ဖိုးထားလေးမြတ်မှုကို တိုးပွားစေနိုင်သောကြောင့်ဖြစ်၏။ “ကျမ်းစာနယ်မြေရှိ ပထဝီဝင်နှင့် သမိုင်းကြောင်းသည် အလွန့်အလွန်ရောယှက်ရှုပ်ထွေးနေကြရာ အခြားသူ၏အကူအညီမပါဘဲ မှန်ကန်စွာနားလည်နိုင်လိမ့်မည်မဟုတ်ပေ” ဟု ပါမောက္ခဟောင်း ယိုဟာနာ အာဟာရိုနီးက ရေးသားခဲ့သည်။ ထို့အပြင် ကတိထားရာပြည်တော်သည် မကြာမီ ဘုရားသခင်၏နိုင်ငံတော်လက်အောက်တွင်ရှိသော ပရဒိသုက ကမ္ဘာတစ်ဝန်းလူသားများအတွက် လုပ်ပေးမည့်အရာများနှင့်စပ်လျဉ်း၍ သေးငယ်သောအတိုင်းအတာတစ်ခုအဖြစ် ပုံတင်ပြလေသည်။—ဟေရှာယ ၁၁:၉။

ယေရှုခရစ်သည် မိမိ၏မြေကြီးဓမ္မအမှုဆောင်ချိန်ကာလအတွင်း၌ ကတိထားရာပြည်တော်မှ မြင်နေတွေ့နေကျ မြင်ကွင်းများကိုအသုံးပြုပြီး လက်တွေ့ကျသင်ခန်းစာများကို သွန်သင်ပေးခဲ့သည်။ (မဿဲ ၁၃:၂၄-၃၂; ၂၅:၃၁-၄၆; လုကာ ၁၃:၆-၉) ကျွန်ုပ်တို့သည်လည်း ရှေးအချိန်က ပါလက်စတိုင်းနိုင်ငံ၏ကြန်အင်လက္ခဏာအချို့ကို လေ့လာသုံးသပ်ခြင်းမှ လက်တွေ့ကျသောနည်းလမ်းဖြင့် သင်ယူနိုင်ပေသည်။ စကားအဖြစ်ဆိုရလျှင် ၎င်း၏အခန်းများကို ဝင်ရောက်ကြည့်ရှုကြပြီး နှစ်ပေါင်းများစွာ ဘုရားသခင့်လူမျိုးတော်၏အိမ်ဖြစ်ခဲ့သော အဆိုပါနယ်မြေ၏ သိသာထင်ရှားသည့်လက္ခဏာရပ်အချို့ကို စူးစမ်းကြည့်ကြစို့။ ကတိထားရာပြည်တော်မှ ကျွန်ုပ်တို့ သင်ယူရရှိနိုင်ရာ များစွာရှိသည်ကို ကျွန်ုပ်တို့တွေ့ မြင်ရပါလိမ့်မည်။

[အောက်ခြေမှတ်ချက်များ]

a ဤဆောင်းပါးအတွင်း၌ “ကတိထားရာပြည်တော်” ဟူသည့်အသုံးအနှုန်းသည် သမ္မာကျမ်းစာထဲတွင်တင်ပြထားသည့်အတိုင်း ကိစ္စရပ်များကို ရှေးအချိန်ကရှုမြင်ပုံဖြင့် ရှုမြင်ခြင်းဖြစ်ပြီး မျက်မှောက်ခေတ် နိုင်ငံရေး/ဘာသာရေးအခေါ်အဝေါ်နယ်ပယ်နှင့် ပတ်သက်ဆက်နွှယ်ခြင်းမရှိပါ။

[Picture Credit Line on page 2]

Cover: Pictorial Archive (Near Eastern History) Est.

[Picture Credit Line on page 3]

Garo Nalbandian

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ