ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၈ ၈/၁၅ စာ. ၃၂
  • ‘နှင်းပေါက်တို့ကိုအဘယ်သူဖြစ်ပွားစေခဲ့သနည်း’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘နှင်းပေါက်တို့ကိုအဘယ်သူဖြစ်ပွားစေခဲ့သနည်း’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
က၉၈ ၈/၁၅ စာ. ၃၂

‘နှင်းပေါက်တို့ကိုအဘယ်သူဖြစ်ပွားစေခဲ့သနည်း’

၁၉ ရာစုသတင်းစာဆရာတစ်ဦးက နှင်းစက်များကို “လေဖြင့်ဖွဲ့စည်းထားသည့် မြေကြီးအရည်ရတနာ” အဖြစ်ဖော်ပြခဲ့သည်။ ရှေးဘိုးဘေးယောဘကို ကျွန်ုပ်တို့၏ဖန်ဆင်းရှင်က ‘နှင်းပေါက်တို့ကို အဘယ်သူဖြစ်ပွားစေခဲ့သနည်း’ ဟုမေးတော်မူခဲ့သည်။ (ယောဘ ၃၈:၂၈) ဘုရားသခင်သည် အဖိုးတန်နှင်းပေါက်၏အရင်းအမြစ်ဖြစ်ကြောင်း ယောဘကိုသတိပေးခဲ့ခြင်းဖြစ်သည်။

ဤတောက်ပပြီး ရတနာကဲ့သို့လှပသောနှင်းပေါက်ကို သမ္မာကျမ်းစာက ကောင်းချီး၊ မျိုးအောင်ခြင်း၊ ပေါကြွယ်ခြင်းနှင့် အသက်ရှင်တည်တံ့ခြင်းတို့နှင့် ဆက်စပ်ဖော်ပြထား၏။ (ကမ္ဘာဦး ၂၇:၂၈; တရားဟောရာ ၃၃:၁၃၊ ၂၈; ဇာခရိ ၈:၁၂) ဣသရေလနိုင်ငံ၏ပူပြင်း၍ မိုးမရွာသောရာသီတွင် ‘ဟေရမုန်တောင်မှနှင်း’ သည်ထိုနိုင်ငံ၏သဘာဝပေါက်ပင်များနှင့် ပြည်သားတို့ကိုတည်တံ့စေခဲ့သည်။ ဟေရမုန်တောင်၏နှင်းတောအရပ်များသည် ညအခါတွင်အငွေ့ ပြန်ကာ သိပ်သည်းသောနှင်းပေါက်များဖြစ်ပေါ်စေသည်။ ဆာလံဆရာဒါဝိဒ်သည် ဤနှင်းပေါက်များပေးသောလန်းဆန်းမှုကို ယေဟောဝါအားဝတ်ပြုသူချင်းများနှင့်စည်းလုံးစွာ ပေါင်းဖော်နေထိုင်၍ရသည့်ပျော်ရွှင်မှုနှင့် နှိုင်းယှဉ်ထားသည်။—ဆာလံ ၁၃၃:၃။

ဣသရေလလူမျိုးအတွက် ပရောဖက်မောရှေ၏သွန်သင်ချက်များသည် နှင်းပေါက်များကဲ့သို့ ညင်သာပြီးလန်းဆန်းမှုပေး၏။ သူက ဤသို့ဆိုသည်– “ငါ့စကားသည်နှင်းကဲ့သို့ ဖြည်းညင်းစွာသက်ရောက်လျက် နုသောပျိုးပင်ပေါ်မှာ ရွာသောမိုးကဲ့သို့လည်းကောင်း၊ မြက်ပင်ပေါ်မှာ များပြားသောမိုးရေကဲ့သို့လည်းကောင်းဖြစ်လိမ့်မည်။” (တရားဟောရာ ၃၂:၂၊ ကဘ) ယနေ့ ယေဟောဝါသက်သေများသည် အသက်ပေးသော ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ကမ္ဘာ့အစွန်အဖျားအထိ ကြေညာနေကြသည်။ (မဿဲ ၂၄:၁၄) ဘုရားသခင်သည် ဤသို့ဖိတ်ခေါ်လျက်ရှိ၏– “‘လာခဲ့ပါ’ ဟုဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကိုယူပါစေ။” (ဗျာဒိတ် ၂၂:၁၇) လူမျိုးအပေါင်းမှ သန်းနှင့်ချီသောလူတို့သည် ထာဝရအသက်ရှင်စေနိုင်သော ဘုရားသခင်ကမ်းလှမ်းသည့် ဝိညာဉ်ရေးလန်းဆန်းမှုကို လက်ခံနေကြပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ