မိခင်မေတ္တာထက် သာ၍ခိုင်မြဲသည့်မေတ္တာ
ရထားဘူတာများ၊ အများသုံးအိမ်သာများ သို့မဟုတ် လူသွားလူလာများသောလမ်းများပေါ်တွင် မိခင်တို့သည် သူတို့၏မွေးကင်းစကလေးများကို စွန့်ပစ်ထားနေကြသည်။ ရံဖန်ရံခါ အမှိုက်သိမ်းသူများသည် အမှိုက်ပုံးများထဲ၌ပင် မိခင်များအတွက်ငိုကြွေးရင်း အားအင်ကုန်ခန်းနေသော ကလေးပေါက်စနလေးများကို တွေ့ ရှိခဲ့ကြရသည်။ အက်စ်တာဒို ဒီ အက်စ်. ပေါလျူသတင်းစာအရ “ကလေးငယ်များကို လမ်းပေါ်တွင်စွန့်ပစ်ထားခြင်းအဖြစ် တိုးများလာနေ၏။” နောက်ပိုင်းတွင် ထိုငယ်ရွယ်သောမိခင်သည် သူ့ဆုံးဖြတ်ပြုမူခဲ့သောအပြုအမူကို နောင်တရပေမည်။ သို့တိုင် ကလေးငယ်သေဆုံးရလျှင်ပင် စွန့်ပစ်လိုက်လေ၏။
‘မိခင်တစ်ဦးသည် သူ့ရင်သွေးကို မရေရာသောအနာဂတ်ရှိရန် စွန့်ပစ်သည်အထိ မည်သို့ပြုရက်နိုင်ပါမည်နည်း’ ဟုသင်သိလိုပေမည်။ သမ္မာကျမ်းစာက ဤဝမ်းနည်းစရာအခြေအနေကို တင်စားချက်အဖြစ်အသုံးပြု၍ ကျွန်ုပ်တို့ဖန်ဆင်းရှင်သည် မိမိ၏သားသမီးများအပေါ်ထားရှိသည့် အလွန်ခြားနားသောသဘောကို ဖော်ပြလေသည်– “မိန်းမသည် မိမိဖွားသောသားကိုမသနားသည်တိုင်အောင်၊ မိမိနို့စို့သူငယ်ကိုမေ့လျော့နိုင်သလော။ အကယ်၍ မေ့လျော့သော်လည်း၊ သင့်ကိုငါမမေ့လျော့။”—ဟေရှာယ ၄၉:၁၅။
အမှန်ပင်၊ မည်သည့်လူသားမိခင်ထက်မဆို ဘုရားသခင်သည် ကျွန်ုပ်တို့ကိုအလွန်ချစ်ပြီး ကျွန်ုပ်တို့လိုအပ်ရာများကို အထူးဂရုစိုက်တော်မူ၏။ သင်သည် လူငယ် သို့မဟုတ် လူကြီးတစ်ဦးပင်ဖြစ်ပါစေ၊ မည်သည့်ပြဿနာကိုမဆို ရင်ဆိုင်နေရပါစေ၊ သင်တစ်ဦးတည်းမဟုတ်ချေ။ သင်၏ဖန်ဆင်းရှင်သည် သင့်ကိုကူညီလိုပြီး သင့်ကောင်းကျိုးကို စိတ်ဝင်စားတော်မူသည်။ ဆာလံဆရာ၏စကားအရ “ကိုယ်မိဘတို့သည် အကျွန်ုပ်ကိုစွန့်သော်လည်း၊ ထာဝရဘုရားသည် အကျွန်ုပ်ကိုချီယူတော်မူ၏။”—ဆာလံ ၂၇:၁၀။
ကင်းမျှော်စင် နှင့် နိုးလော့! မဂ္ဂဇင်းများသည် “မှန်သောဘုရားသခင်တစ်ဆူတည်းဖြစ်တော်မူသော” ယေဟောဝါနှင့် ကိုယ်တော်၏သားတော် ယေရှုခရစ်တို့နှင့်ပတ်သက်သောအသိပညာကို ပေးရန် ကမ္ဘာချီထုတ်ဝေပြီး ယင်းကို တန်ဖိုးထား၍ဆည်းပူးသူများအား ထာဝရအသက်ကိုဆိုလိုနိုင်သည်။—ယောဟန် ၁၇:၃။