ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၉၉ ၁၂/၁ စာ. ၃၂
  • မိဘဖြစ်ခြင်း၏စိန်ခေါ်ချက်များကိုရင်ဆိုင်ခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မိဘဖြစ်ခြင်း၏စိန်ခေါ်ချက်များကိုရင်ဆိုင်ခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၉
က၉၉ ၁၂/၁ စာ. ၃၂

မိဘဖြစ်ခြင်း၏စိန်ခေါ်ချက်များကိုရင်ဆိုင်ခြင်း

အထူးသဖြင့် ဆယ်ကျော်သက်အရွယ် သားသမီးများကို မွေးမြူပြုစုခြင်းသည် ယနေ့ မိဘများအတွက် ခက်ခဲသောစိန်ခေါ်ချက်တစ်ရပ်ဖြစ်သည်။ အရက်နှင့်မူးယစ်ဆေးဝါးတို့ကို စမ်းသပ်အသုံးပြုခြင်းသည် “မြီးကောင်ပေါက်များအတွက်စံ” ဖြစ်လာပြီဟု ကနေဒါနိုင်ငံ၊ မွန်ထရီရောမြို့၏ သည်ကဇက်တ်သတင်းစာကဖော်ပြသည်။ ယင်းက မိဘများသည် “[မိမိတို့၏] ဆယ်ကျော်သက်များ၏ အမူအကျင့်ပြောင်းလဲလာခြင်းနှင့်ပတ်သက်၍ နိုးကြားနေဖို့တာဝန်ရှိကြောင်း” အလေးပေးဖော်ပြသည်။

မြီးကောင်ပေါက်ပြဿနာများရှိကြောင်းဖော်ပြသည့် အဘယ်အရာကိုမိဘများ ဂရုစိုက်ကြည့်သင့်သနည်း။ အမေရိကန်နိုင်ငံရှိ ကလေးနှင့်မြီးကောင်ပေါက် စိတ်ရောဂါကုသရေးကျောင်းမှဖော်ပြသည့် ကာယ၊ စိတ္တနှင့်လူမှုရေးသတိပေးချက်အချို့တွင် ကြာရှည်မောပန်းခြင်း၊ ဥပဓိရုပ်နှင့် ပင်ကိုစရိုက်ပြောင်းလဲခြင်း၊ အိပ်ခန်းတံခါးပိတ်၍ အချိန်ကြာရှည်စွာနေခြင်း၊ ရန်လိုမုန်းတီးသည့်အမူအကျင့်နှင့် ဥပဒေနှင့်ငြိစွန်းခြင်းတို့ပါဝင်သည်။

မိဘတို့သည် မိမိတို့သားသမီးများကို ဤသို့သောအန္တရာယ်ရှိသည့်စမ်းသပ်ပြုမူမှုများနှင့် ဆိုးကျိုးများမှ မည်သို့ကာကွယ်နိုင်သနည်း။ မက်ဂီလ်တက္ကသိုလ်မှ ဒေါက်တာ ဂျက်ဖရီ အဲလ်. ဒရဗဲန်စကီက ပွင့်လင်းစွာဆက်သွယ်ခြင်းနှင့် ကလေး၏ပုံသွင်းခံနှစ်များအတွင်း အပြန်အလှန်လေးစားမှုရှိစေခြင်းဖြင့် နောင်တွင် ပြဿနာနည်းစေနိုင်သည်ဟု ယူဆသည်။ သည်ကဇက်တ်က မြီးကောင်ပေါက်အရွယ်တွင် ပို၍လွတ်လပ်လိုစိတ် ထင်ရှားလာသည့်တိုင် ဆယ်ကျော်သက်များသည် “မိဘများပေးသည့် လမ်းညွှန်မှု၊ ထောက်မမှု၊ ဖွဲ့စည်းတည်ဆောက်မှုနှင့် မေတ္တာ” တို့လိုအပ်ဆဲဖြစ်သည်ဟု ထပ်လောင်းဖော်ပြသည်။ ဤထင်မြင်ချက်များသည် “သူငယ်သွားရာလမ်းဝ၌ ဆုံးမသွန်သင်လော့။ သို့ပြုလျှင် သူသည်အိုသောအခါ ထိုလမ်းမှမလွှဲ၊ လိုက်သွားလိမ့်မည်” ဟုဆိုသော နယပုံပြင်ကျမ်းကို ပဲ့တင်ထပ်သည်။ (သု. ၂၂:၆) မိဘများသည် ပုံသက်သေများ၊ အပေါင်းအဖော်များ၊ အဆက်အသွယ်ပြုသူများနှင့် သွန်သင်ပေးသူများဖြစ်ကြရန် ဘုရားသခင်က သူတို့ကိုအကြံပြုထားသည်။—တရားဟောရာ ၆:၆၊ ၇။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ