ဆရာတစ်ဦး၏ စိတ်စွန်းကွက်မှုကို မိဘများကန့်ကွက်ခဲ့ကြ
အီတလီနိုင်ငံ၊ ကာစ်စာနိုမာဂျဲရှိ မူလတန်းပြကျောင်းဆရာတစ်ဦးသည် သူ၏တပည့်အချို့ကို ကပ်ခွာစာရွက်များ အိမ်ပြန်ယူသွားစေခဲ့သည်။ အိမ်ရှေ့တံခါးပေါက်တွင်ကပ်ထားရန် ရည်ရွယ်လျက်ပို့လိုက်သည့် ဤကပ်ခွာများပါ သတိပေးချက်က “ကျွန်ုပ်တို့သည် ကက်သလစ်များဖြစ်ကြသည်။ ယေဟောဝါသက်သေများ ဤတံခါးပေါက်ကိုမခေါက်ရန် တောင်းဆိုပါသည်” ဟူ၍ဆိုသည်။
တပည့်ဖြစ်သူအချို့တို့၏ မိဘများသည် ယေဟောဝါသက်သေများမဟုတ်ကြသော်လည်း ထိုဆရာ၏လုပ်ရပ်ကို ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ကြသည်။ မျိုဗီတီး မျိုဗီတီးသတင်းဂျာနယ်၏အဆိုအရ ‘ဤသို့သောသတင်းမျိုးကို ကလေးငယ်များအား ပေးခြင်းက သူတို့တွေးသကဲ့သို့ မတွေးသောသူ မည်သူကိုမဆို ငြင်းပယ်ရန်၊ သို့မဟုတ် ဘာသာရေးအရ “ခြားနားသော” သူတစ်ဦးကို ပထုတ်ရန် သင်ပေးရာရောက်သည်’ ဟုမိဘများကပြောဆိုခဲ့သည်ဟူ၏။ ၎င်းဂျာနယ်သို့စာလှမ်းရေးသူ မိဘတစ်ဦးက ထိုကပ်ခွာကို “အဖျက်မျိုးစေ့၊ အသိဉာဏ်နည်းခြင်း၊ မိုက်မဲခြင်း၏အသီးအပွင့်” ဟုခေါ်ဆိုခဲ့သည်။
ဤသတင်းအရ မျှတသည့်အမြင်ရှိသူများစွာသည် စိတ်စွန်းကွက်မှုမျိုးစေ့ကြဲခြင်း၏ အန္တရာယ်ကို သိမြင်ထားကြသည်။ သူတို့သည် အီတလီနိုင်ငံတစ်ဝန်းလုံးနှင့် ကမ္ဘာတစ်ဝန်းလုံးတွင် ယေဟောဝါသက်သေများထမ်းဆောင်ကြသည့် ခရစ်ယာန်ဓမ္မအမှုကိုလည်း လေးမြတ်ကြသည်။ ထပ်ဆင့်တက်လှမ်းကာ ယေဟောဝါသက်သေများအား “သူတို့၏မျှော်လင့်ချက်အတွက်အကြောင်းရင်း” ကိုမေးမြန်းကြည့်ပါလေ။ သူတို့သည် ထိုအကြောင်းကို သင်နှင့် ‘အလွန်ရိုသေ’ သမှုဖြင့် ဆွေးနွေးလိုကြပါလိမ့်မည်။—၁ ပေတရု ၃:၁၅။