ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၁၀/၁ စာ. ၃-၄
  • အမှန်တကယ်ယုံကြည်မှု ဖြစ်နိုင်တုန်းပင်လော

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အမှန်တကယ်ယုံကြည်မှု ဖြစ်နိုင်တုန်းပင်လော
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ခေါင်းစ‎ဥ်ငယ်များ
  • ဆင်တူတဲ့ အကြောင်းအရာ
  • အမှန်တကယ်ယုံကြည်မှု
  • ပျောက်ဆုံးသောယုံကြည်ခြင်း
  • ယေဟောဝါရဲ့ ​ကတိတွေကို ယုံကြည်ကြောင်း တင်ပြပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၆
  • “ကျွန်ုပ်တို့၏ ယုံကြည်ခြင်းကို တိုးပွားစေတော်မူပါ”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၅
  • သတင်းကောင်းကို သင် အမှန်တကယ်ယုံကြည်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ယုံကြည်ခြင်း—ခွန်အားရှိစေတဲ့ အရည်အသွေး
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၁၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၁၀/၁ စာ. ၃-၄

အမှန်တကယ်ယုံကြည်မှု ဖြစ်နိုင်တုန်းပင်လော

“ယုံကြည်ခြင်းသည် ဘုရားသခင့်ကရုဏာတော်၌ သက်ဝင်လှုပ်ရှား၊ ရဲဝံ့သောစိတ်ချခြင်းဖြစ်၏၊ မည်မျှစိတ်ချသေချာသည်ဟူမူ ယုံကြည်သူသည် ယင်းအတွက် မိမိ၏ အသက်ကို အကြိမ်တစ်ထောင်တိုင် စွန့်မည်ဖြစ်သည်။”

—မာတင်လူသာ၊ ၁၅၂၂။

“ခြုံ၍ကြည့်သော် ကျွန်ုပ်တို့သည် ခရစ်ယာန်ယုံကြည်ခြင်းနှင့် ကျင့်ကြံမှုများ မရှိသလောက်ဖြစ်သည့် လူ့ဘောင်တစ်ခုဖြစ်နေပါသည်။”

—လူဒိုဗစ် ကနေဒီ၊ ၁၉၉၉။

ယုံကြည်ခြင်းနှင့်ပတ်သက်၍ ရှုမြင်ပုံများသည် လွန်စွာကွဲပြားသည်။ အတိတ်က ဘုရားသခင်အားယုံကြည်ခြင်းသည် စံနှုန်းဖြစ်၏။ ယခုအခါမူ သံသယဝင်စရာနှင့် ဆင်းရဲဝေဒနာပြည့်နှက်သော ဤလောက၌ ဘုရားသခင်နှင့် သမ္မာကျမ်းစာ၌ အမှန်တကယ်ယုံကြည်မှုသည် လျင်မြန်စွာကွယ်ပျောက်လျက်ရှိသည်။

အမှန်တကယ်ယုံကြည်မှု

လူအများအတွက် “ယုံကြည်ခြင်း” ဟူသည် ဘာသာရေးတစ်ခုရှိခြင်း သို့မဟုတ် ဝတ်ပြုမှုပုံစံတစ်ခုကိုမှီဝဲခြင်းမျှသာ ဖြစ်ပုံရသည်။ သို့ရာတွင် ကျမ်းစာ၌ အသုံးပြုထားသည့်အတိုင်း “ယုံကြည်ခြင်း” ဟုဆိုရာ၌ အခြေခံအားဖြင့် ဘုရားသခင်နှင့် ကိုယ်တော့်ကတိတော်များကို အပြည့်အဝ၊ အခိုင်အမာစိတ်ချခြင်း၊ လုံးလုံးလျားလျား ယုံကြည်ကိုးစားခြင်းကို ဆိုလိုသည်။ ယင်းသည် ယေရှုခရစ်၏တပည့်တစ်ဦးကို မှတ်သားဖော်ပြသော အရည်အသွေးတစ်ခုဖြစ်သည်။

တစ်ခါက ဆုတောင်းဖို့နှင့် “အားမလျှော့” ဖို့လိုအပ်ကြောင်း ယေရှုခရစ်ပြောဆိုခဲ့သည်။ ထိုသို့ပြောဆိုရာတွင် ကျွန်ုပ်တို့ခေတ်၌ အမှန်တကယ်ယုံကြည်ခြင်း ရှိနိုင်ပါမည်လောဟု မေးမြန်းခဲ့သည်။ ကိုယ်တော်က “လူသားသည်ကြွလာသောအခါ ယုံကြည်ခြင်းကို မြေကြီးပေါ်မှာတွေ့မည်လော” ဟုမေးခဲ့သည်။ အဆိုပါမေးခွန်းကို ကိုယ်တော်အဘယ်ကြောင့်မေးခဲ့သနည်း။—လုကာ ၁၈:၁၊ ၈။

ပျောက်ဆုံးသောယုံကြည်ခြင်း

အကြောင်းများစွာကြောင့် လူတို့တွင်ရှိသော ယုံကြည်ခြင်း ပျောက်ဆုံးနိုင်သည်။ ယင်းတို့တွင် နေ့စဉ်အသက်တာမှ ပူဆွေးသောကများနှင့် စမ်းသပ်မှုများပါဝင်သည်။ ဥပမာ၊ မန်ချက်စတာသမဂ္ဂဘောလုံးအသင်းမှ လူများစွာသေဆုံးခဲ့ရသည့် ၁၉၅၈ ခုနှစ်၊ မြူးနစ်လေယာဉ်ပျက်ကျခဲ့ချိန်၌ ပါမောက္ခမိုက်ကယ် ဂိုလ်ဒါသည် အင်္ဂလန်၊ မန်ချက်စတာမှ [ခရစ်ယာန်] သာသနာနယ်ပယ် ဘုန်းတော်ကြီးတစ်ပါးဖြစ်ခဲ့သည်။ ဂိုလ်ဒါသည် “လူတို့၏ဝမ်းနည်းပူဆွေးမှုကို တွေ့ မြင်သောအခါ ဆောက်တည်ရာမရဖြစ်ခဲ့သည်” ဟုသတင်းကြေညာသူ ဂျုန်း ဘေ့ခ်ဝဲလ်က ဘီဘီစီရုပ်မြင်သံကြားအစီအစဉ်တစ်ခုတွင် ရှင်းပြခဲ့သည်။ ရလဒ်တစ်ခုမှာ သူသည် “လူ့ကြမ္မာ၌ ကြားဝင်စွက်ဖက်သည့် ဘုရားသခင်တစ်ပါးအပေါ် ယုံကြည်ခြင်းပျောက်ဆုံးသွားခဲ့” သည်။ ထိုအခါ ဂိုလ်ဒါက “သမ္မာကျမ်းစာသည် . . . အမှားကင်းသော ဘုရားသခင့်နှုတ်မြွက်တော်” မဟုတ်ဘဲ “ဟိုတစ်ချက်ဒီတစ်ချက် ဘုရားသခင်မှုတ်သွင်းကောင်းမှုတ်သွင်းမည့် အမှားပါသောလူ့နှုတ်ထွက်ဖြစ်သည်” ဟုမိမိယုံကြည်ကြောင်း ဖော်ပြခဲ့သည်။

တစ်ခါတစ်ရံ ယုံကြည်ခြင်း ညှိုးနွမ်းသွားတတ်၏။ စာရေးသူနှင့် အသံလွှင့်သူ လူဒိုဗစ် ကနေဒီလည်း ယင်းသို့ဖြစ်သွားခဲ့သည်။ ကလေးဘဝကတည်းက “[ဘုရားသခင်နဲ့ပတ်သက်လို့] သံသယတွေ၊ မရေမရာမှုတွေ ဟိုလိုလိုဒီလိုလိုဖြစ်ခဲ့ပြီး [သူ့] မှာ ယုံကြည်ခြင်းကင်းမဲ့မှုတွေ တိုးများလာတယ်” ဟုသူဆိုသည်။ သူ၏မေးခွန်းများအတွက် ကျေနပ်နိုင်ဖွယ်အဖြေများ မည်သူမျှ မပေးနိုင်ပုံရှိသည်။ ပင်လယ်ပြင်တွင် သူ၏ဖခင်သေဆုံးခဲ့ခြင်းက နဂိုကတည်းက ယုံကြည်ခြင်းအားနည်းနေသူအတွက် ဝမ်းနည်းပက်လက်ဖြစ်စေခဲ့၏။ ဒုတိယကမ္ဘာစစ်အတွင်း ဖခင်ဖြစ်သူစီးနင်းလိုက်ပါသွားသည့် အသွင်ပြောင်းထားသော ခရီးသည်တင်သင်္ဘောကြီးသည် ဂျာမန်စစ်သင်္ဘောများ၏ တိုက်ခိုက်ဖျက်ဆီးခြင်းခံခဲ့ရစဉ် “ပင်လယ်ပြင်အန္တရာယ်များနှင့် ရန်သူ့အကြမ်းဖက်မှုတို့မှ ကျွန်ုပ်တို့အား ကာကွယ်စောင့်ရှောက်တော်မူပါ” ဟုဘုရားသခင်ထံ ဆုတောင်းချက်များသည် နားညောင်းမခံခဲ့ကြရချေ။—စိတ်ကူးတွင်သာ—ဘုရားသခင်အား နှုတ်ဆက်ခဲ့ခြင်း။

အဆိုပါတွေ့ ကြုံမှုများသည် ဖြစ်တောင့်ဖြစ်ခဲရာ မဟုတ်ပါ။ “ယုံကြည်ခြင်းသည် လူအားလုံး၏ပိုင်ဆိုင်ရာမဟုတ်” ဟုတမန်တော်ပေါလုက ဆိုသည်။ (၂ သက်သာလောနိတ် ၃:၂၊ ကဘ) သင်မည်သို့ယူဆသနည်း။ တိုး၍သံသယဝင်နေကြသည့် ဤလောကကြီးတွင် ဘုရားသခင်နှင့် ကိုယ်တော့်နှုတ်မြွက်တော်၌ အမှန်တကယ်ယုံကြည်မှု ဖြစ်နိုင်တုန်းပင်လော။ ဤအကြောင်းနှင့်ပတ်သက်၍ နောက်ဆောင်းပါးက မည်သို့ဆိုကြောင်း ဆန်းစစ်ကြည့်ပါလေ။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ