ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၁၀/၁၅ စာ. ၃၁
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပဋိညာဉ်သေတ္တာတော်ဆိုတာဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • နောဧသင်္ဘောနှင့် ရေကြောင်းဗိသုကာပညာ
    နိုးလော့!—၂၀၀၇
  • လူရှစ်ယောက် အသက်ရှင်လွတ်မြောက်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • သင်သိပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၉
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၁၀/၁၅ စာ. ၃၁

စာရှုသူများထံမှမေးခွန်းလွှာ

သန့်ရှင်းရာအခန်းမှ ထမ်းပိုးဖျားတို့ကို မြင်ရသည်ဟု ၃ ဓမ္မရာဇဝင် ၈:၈၊ [သမ] တွင်ဖော်ပြထားသောကြောင့် ပဋိညာဉ်သေတ္တာကိုသယ်ဆောင်ရာတွင် ထမ်းပိုးများသည် မည်သို့တည်ရှိခဲ့သနည်း။

ယေဟောဝါသည် တောကန္တာရတွင် မောရှေအား တဲတော်ပုံစံပေးခဲ့စဉ်က အဓိကအပိုင်းတစ်ခုမှာ ပဋိညာဉ်သေတ္တာဖြစ်သည်။ ရွှေဖြင့်မွမ်းမံထားသော ထောင့်မှန်စတုဂံပုံရှိ ဤသေတ္တာထဲတွင် ပညတ်တော်ကျောက်ပြားများနှင့် အခြားအရာများထည့်ထားသည်။ ယင်းကို အတွင်းအကျဆုံးအခန်းဖြစ်သည့် အသန့်ရှင်းဆုံးအခန်းတွင်ထားသည်။ ထိုသေတ္တာအပေါ်တွင် အတောင်ဖြန့်ထားသော ခေရုဗိမ်ရွှေရုပ်နှစ်ခုရှိ၏။ သေတ္တာ၏တစ်ဖက်စီတွင် အကာရှသားနှင့်ပြုလုပ်၍ ရွှေဖြင့်မွမ်းမံထားသော ထမ်းပိုးနှစ်ခုနှင့် သယ်ဆောင်နိုင်ရန်အတွက် ကွင်းများရှိသည်။ ထို့ကြောင့် ထမ်းပိုးများကို သေတ္တာ၏အလျားအတိုင်းယှဉ်လျက် ကွင်းများထဲသို့လျှိုထား၏။ သို့ဖြင့် အရှေ့ဘက်သို့မျက်နှာမူနေသော တဲတော်၏အသန့်ရှင်းဆုံးအခန်းတွင် သေတ္တာကိုချထားရာ ထမ်းပိုးများသည် တောင်မြောက်သို့ မျက်နှာမူနေသည်။ နောက်ပိုင်း ရှောလမုန်တည်ဆောက်ခဲ့သော ဝတ်ပြုရာအိမ်တော်တွင်လည်း သေတ္တာ၏အနေအထားသည် ထပ်တူပင်ဖြစ်သည်။—ထွက်မြောက်ရာ ၂၅:၁၀-၂၂; ၃၇:၄-၉; ၄၀:၁၇-၂၁။a

သန့်ရှင်းသောအခန်း (အပြင်ခန်း) ကိုအသန့်ရှင်းဆုံးအခန်းမှ ကန့်လန့်ကာဖြင့် ပိုင်းခြားထားသည်။ သန့်ရှင်းသောအခန်းရှိ ယဇ်ပုရောဟိတ်များသည် အသန့်ရှင်းဆုံးအခန်းထဲသို့ ကြည့်ခွင့်မရသောကြောင့် သေတ္တာတော်ကို မမြင်နိုင်ချေ၊ ယင်းအထက်တွင် ဘုရားသခင်သည် မိမိရောက်ရှိနေမှုကို ဖော်ပြခဲ့သည်။ (ဟေဗြဲ ၉:၁-၇) ထို့ကြောင့် “ထမ်းပိုးများရှည်လျားသဖြင့် အတွင်းခန်းမျက်နှာစာ သန့်ရှင်းရာဌာနမှ အစွန်းကိုမြင်ရသော်လည်း ပြင်ခန်းသို့မရောက်” ဟုဆိုသည့် ၃ ဓမ္မရာဇဝင် ၈:၈၊ [သမ] ပါစကားသည် စိတ်ရှုပ်ထွေးစရာရှိပုံရမည်။ ၂ ရာဇဝင်ချုပ် ၅:၉ တွင်လည်း ထပ်တူအချက်ကို ဖော်ပြသည်။ ဝတ်ပြုရာအိမ်တော်၏သန့်ရှင်းသောအခန်းမှ ထမ်းပိုးများကို မည်သို့မြင်နိုင်မည်နည်း။

အချို့က ထမ်းပိုးများသည် ကန့်လန့်ကာကိုထိနေကာ မြင်သာလောက်အောင် ထိုးထွက်နေသည်ဟု ယူမှတ်ခဲ့ကြသည်။ သို့သော် ထမ်းပိုးများသည် ကန့်လန့်ကာနှင့် မျဉ်းပြိုင်တန်းလျက် တောင်မြောက်မျက်နှာမူထားလျှင် ထိုသို့ဖြစ်နိုင်မည်မဟုတ်ချေ။ (တောလည်ရာ ၃:၃၈) ပို၍အကျိုးသင့်အကြောင်းသင့်ရှိသော ရှင်းပြချက်တစ်ခုရှိ၏။ ဝတ်ပြုရာအိမ်တော်၏ကန့်လန့်ကာနှင့် နံရံကြားတွင် အနည်းငယ်ဟနေလျှင်လည်းကောင်း၊ အသန့်ရှင်းဆုံးအခန်းထဲသို့ ယဇ်ပုရောဟိတ်မင်းကြီးဝင်သည့်အခါတွင်လည်းကောင်း ထမ်းပိုးများကို မြင်ရခြင်းဖြစ်နိုင်ပေမည်။ ကန့်လန့်ကာကြောင့် သေတ္တာကိုမမြင်ရသော်လည်း တစ်ဖက်စီတွင် ရှည်ထွက်နေသော ထမ်းပိုးများကို ဟနေသောနေရာမှ မြင်ရခြင်းဖြစ်ပေမည်။ ဤရှင်းပြချက်သည် ယုတ္တိရှိဟန်တူသော်လည်း ယင်းကို တရားသေမယူမှတ်နိုင်ချေ။

ကျွန်ုပ်တို့မသိရှိရသေးသည့် အသေးစိတ်အချက်အလက်များစွာရှိသည်မှာ ထင်ရှားပါသည်။ ဟေဗြဲလူများထံ တမန်တော်ပေါလုရေးသားခဲ့သောစာ၌ အသွင်အပြင်အချို့ကို ဖော်ပြခဲ့သည်။ ၎င်းနောက် သူက “ထိုအရာများကို ယခုသေချာစွာပြောစရာအကြောင်းမရှိ” ဟုပြောခဲ့၏။ (ဟေဗြဲ ၉:၅) တည်ကြည်သူများ ထမြောက်လာကြသောအခါ တဲတော်၏ပုံစံနှင့်လုပ်ငန်းဆောင်တာတို့ကို ကိုယ်တိုင်ကိုယ်ကျပ်အကျွမ်းတဝင်ရှိခဲ့ကြသော မောရှေ၊ အာရုန်၊ ဗေဇလေလနှင့် အခြားသူများထံမှ သိရှိစရာ အားတက်ဖွယ်အခွင့်အရေးများ ရရှိပါလိမ့်မည်။—ထွက်မြောက်ရာ ၃၆:၁။

[အောက်ခြေမှတ်ချက်]

a တဲတော်တွင် သေတ္တာကိုချထားသောအခါ၌ပင် ထမ်းပိုးများကို ကွင်းထဲမှ မထုတ်ရချေ။ သို့ဖြစ်၍ ၎င်းထမ်းပိုးများကို အခြားမည်သည့်ရည်ရွယ်ချက်အတွက်မျှ အသုံးမပြုနိုင်ချေ။ ထို့ပြင် သေတ္တာကို ကိုင်ခွင့်မရှိပေ; ကွင်းများမှ ထမ်းပိုးများကို ထုတ်ခဲ့မည်ဆိုလျှင် ယင်းကိုသယ်ဆောင်သွားတိုင်း မြင့်မြတ်သောသေတ္တာကိုကိုင်တွယ်ဖို့ ကွင်းများထဲသို့ ထမ်းပိုးများကိုပြန်လျှိုရန်လိုပေမည်။ တောလည်ရာ ၄:၆ ပါ “ထမ်းပိုးတို့ကိုလျှို” ခြင်းအကြောင်းသည် တပ်စခန်းအသစ်သို့ ထိုလေးလံသောသေတ္တာကိုသယ်ဆောင်ရန် ပြင်ဆင်ရာတွင် ထမ်းပိုးများကို အနေအထားမှန်စေခြင်း သို့မဟုတ် ညှိခြင်းကို ရည်ညွှန်းနေခြင်းဖြစ်ပေမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ