ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၁ ၁၀/၁၅ စာ. ၃၂
  • “ငါဘာဖြစ်နေသလဲဆိုတာ အခုမှ ငါသိပြီ!”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “ငါဘာဖြစ်နေသလဲဆိုတာ အခုမှ ငါသိပြီ!”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
က၀၁ ၁၀/၁၅ စာ. ၃၂

“ငါဘာဖြစ်နေသလဲဆိုတာ အခုမှ ငါသိပြီ!”

တိုကျိုမြို့မှ လူတစ်ဦးသည် ၂၀၀၀၊ ဒီဇင်ဘာ ၁ ရက်ထုတ် ကင်းမျှော်စင် တွင်ပါရှိသော ဘဝအတ္ထုပ္ပတ္တိကို ဖတ်ပြီးသောအခါ ထိုသို့ခံစားခဲ့ရသည်။ “နက်ဖြန်နေ့ ၌ အဘယ်သို့ဖြစ်မည်ကို သင်တို့မသိကြ” ဟူ၍ အမည်တပ်ထားသည့် ဆောင်းပါး၌ ဆေးပညာတွင်လူသိများသော စိတ်ကြွစိတ်ကျရောဂါခံစားနေရသည့် ယခင်က ခရစ်ယာန်သာသနာပြုတစ်ဦးဖြစ်ခဲ့သူ၏ အတွေ့အကြုံကိုဖော်ပြထားသည်။

တိုကျိုမြို့မှထိုသူသည် ဤမဂ္ဂဇင်းထုတ်ဝေသူများထံ လိပ်မူထားသောစာတွင် ဤသို့ပြောခဲ့သည်– “ဖော်ပြထားတဲ့ရောဂါလက္ခဏာတွေက ကျွန်တော်ဖြစ်နေတဲ့ ရောဂါလက္ခဏာအတိုင်းပဲ။ ဒါကြောင့် စိတ်ရောဂါကုဆေးရုံကိုသွားတဲ့အခါ ကျွန်တော့်မှာ စိတ်ကြွစိတ်ကျရောဂါရှိနေပြီလို့ သိခဲ့ရတယ်။ ကျွန်တော့်ကို ဆေးစစ်တဲ့ဆရာဝန်က အံ့အားသင့်ခဲ့တယ်။ သူက ‘ဒီလိုရောဂါရှိကြတဲ့သူတွေက သူတို့မကျန်းမမာဖြစ်နေတယ်လို့ မထင်တတ်ကြဘူး’ လို့ပြောခဲ့တယ်။ ရောဂါအခြေအနေမဆိုးရွားခင် ကြိုသိဖို့ အကူအညီရခဲ့တယ်။”

ကမ္ဘာတစ်ဝန်းရှိ သန်းပေါင်းများစွာသောသူတို့သည် ကင်းမျှော်စင် နှင့်တွဲဖက်မဂ္ဂဇင်း နိုးလော့! တိုင်းကိုဖတ်ရှုခြင်းမှ နည်းအမျိုးမျိုးဖြင့် အကျိုးကျေးဇူးရရှိခဲ့ကြပြီ။ ထိုဆောင်းပါးများမှ သိကောင်းစရာများနှင့် ကျေနပ်ဖွယ်နှစ်သိမ့်မှုကို သူတို့ရရှိကြ၏။ ယခုအခါ ကင်းမျှော်စင် ကိုဘာသာစကားပေါင်း ၁၄၁ ဘာသာဖြင့်ပုံနှိပ်ပြီး နိုးလော့! ကိုဘာသာစကား ၈၆ ဘာသာဖြင့် ထုတ်ဝေလျက်ရှိသည်။ အသင်လည်း ကင်းမျှော်စင် နှင့် နိုးလော့! တို့ကို မှန်မှန်ဖတ်လိုပေမည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ