ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၂ ၆/၁၅ စာ. ၃၂
  • ‘သင်သည် ကောင်းမြတ်သောမိန်းမဖြစ်’

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ‘သင်သည် ကောင်းမြတ်သောမိန်းမဖြစ်’
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၂
က၀၂ ၆/၁၅ စာ. ၃၂

‘သင်သည် ကောင်းမြတ်သောမိန်းမဖြစ်’

ဤချီးမွမ်းစကားကို မောဘအမျိုးသမီးငယ်တစ်ဦးအား ပြောဆိုခဲ့သည်။ သူသည် ရုသဟုအမည်ရှိသော မုဆိုးမတစ်ဦးဖြစ်ပြီး ဣသရေလအမျိုးသမီး နောမိ၏ ချွေးမဖြစ်သည်။ ရုသသည် လွန်ခဲ့သောနှစ်ပေါင်း ၃၀၀၀ ခန့်၊ တရားသူကြီးများအုပ်စိုးချိန်၌ ဣသရေလနိုင်ငံတွင်နေထိုင်ခဲ့ပြီး ကောင်းမြတ်သောအရည်အချင်းအတွက် နာမည်ရခဲ့သည်။ (ရုသ ၃:၁၁) ဤနာမည်ကောင်းကို သူမည်သို့ရရှိခဲ့သနည်း။ သူ၏ပုံသက်သေမှ မည်သူတို့အကျိုးခံစားနိုင်သနည်း။

“ပျင်းရိခြင်းအစာကို” မစားတတ်သောရုသသည် လယ်၌ ကောက်သင်းကောက်သူတစ်ဦးအဖြစ် နာရီပေါင်းများစွာ ကြိုးစားပမ်းစားလုပ်ဆောင်ခဲ့ရာ သူ၏လုံ့လဝီရိယကြောင့် ချီးမွမ်းခံခဲ့ရခြင်းဖြစ်သည်။ သူ၏အလုပ်တာဝန် ပေါ့လျော့စေရန်ပြုလုပ်ပေးခဲ့သော်လည်း သူပြုလုပ်သင့်သည်ထက်ပို၍ အားသွန်ခွန်စိုက် ဆက်လုပ်ကိုင်ခဲ့သည်။ သမ္မာကျမ်းစာပါ ချီးမွမ်းထိုက်သော၊ စွမ်းရည်ရှိသော၊ လုံ့လဝီရိယရှိသောအိမ်ရှင်မ၏ပုံစံနှင့် သူကိုက်ညီကြောင်း ထင်ရှားပါသည်။—သု. ၃၁:၁၀-၃၁; ရုသ ၂:၇၊ ၁၅-၁၇။

အများတကာ၏ အထင်ကြီးလေးစားမှုကို ရုသရရှိခဲ့သည့် အဓိကအကြောင်းရင်းများမှာ သူ၏ဝိညာဉ်ရေးအရည်အသွေးများဖြစ်သော နှိမ့်ချမှု၊ ကိုယ်ကျိုးစွန့်အနစ်နာခံစိတ်ထားနှင့် တည်ကြည်သောမေတ္တာတို့ဖြစ်သည်။ သူသည် အိမ်ထောင်ရေး၏လုံခြုံမှုကို ရနိုင်စရာအကြောင်းသိပ်မရှိဘဲ မိဘများနှင့် ဇာတိမြေကိုစွန့်လွှတ်ပြီး နောမိနှင့်လက်တွဲမဖြုတ် လိုက်ခဲ့၏။ တစ်ချိန်တည်းတွင် ယောက္ခမ၏ဘုရားသခင်၊ ယေဟောဝါကို သူဝတ်ပြုကိုးကွယ်လိုသည့်ဆန္ဒရှိကြောင်း တင်ပြခဲ့သည်။ သူ၏အဖိုးထိုက်မှုကို အလေးပေးဖော်ပြရာ၌ ကျမ်းစာမှတ်တမ်းက သူသည် “သားခုနစ်ယောက်ထက် [နောမိ] အဖို့သာ၍ကောင်း” သည်ဟုဆို၏။—ရုသ ၁:၁၆၊ ၁၇; ၂:၁၁၊ ၁၂; ၄:၁၅။

ရုသ၏ကောင်းမြတ်ခြင်းမှတ်တမ်းသည် သူ၏လုပ်ဖော်ကိုင်ဖက်များအကြား ချီးမွမ်းထိုက်သည်မှန်သော်လည်း သာ၍အရေးပါသည့်အရာမှာ သူ၏အရည်အချင်းများကို ဘုရားသခင်နှစ်သက်သဘောကျ၍ ယေရှုခရစ်၏ ဘေးမတစ်ဦးဖြစ်လာစေခွင့်ပေးခြင်းဖြစ်သည်။ (မဿဲ ၁:၅; ၁ ပေတရု ၃:၄) ရုသသည် ခရစ်ယာန်အမျိုးသမီးများအတွက်သာမက ယေဟောဝါအားဝတ်ပြုသူအားလုံးအတွက် အလွန်ကောင်းသောပုံသက်သေ ဖြစ်ပါသည်တကား!

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ