ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၃ ၁၀/၁ စာ. ၈
  • “အသစ်အဆန်းပဲ!”

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • “အသစ်အဆန်းပဲ!”
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
  • ဆင်တူတဲ့ အကြောင်းအရာ
  • မိဘတို့၊ သားသမီးတွေ ယေဟောဝါကို ချစ်လာဖို့ ကူညီပေးပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၂
  • မိဘတို့၊ သင်တို့၏အဖိုးတန်အမွေဥစ္စာကို ကာကွယ်စောင့်ရှောက်ပါလေ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • မိဘတို့ သားသမီးတွေကို ထိန်းကျောင်းပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၄
  • ဝိညာဉ်ရေးခိုင်ခံ့သောမိသားစု တည်ဆောက်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၃
က၀၃ ၁၀/၁ စာ. ၈

ဘုရားသခင့်နိုင်ငံတော်ကြွေးကြော်သူများမှတ်တမ်း

“အသစ်အဆန်းပဲ!”

ပိုလန်နိုင်ငံရှိ ယေဟောဝါသက်သေများ၏ အချိန်ပြည့်ဓမ္မအမှုဆောင်တစ်ဦးဖြစ်သူ ဒေါ်ရိုတာသည် သူ၏ ၁၄ နှစ်အရွယ်သားလေး ကျောင်းဆေးပေးခန်းတွင် ပုံမှန်ဆေးစစ်မှုပြုရန် အတူလိုက်သွားခဲ့သည်။ ထိုသို့ဆေးစစ်စဉ် ဒေါက်တာဂျနီနာaက အိမ်တွင် သားကို အဘယ်တာဝန်များပေးထားကြောင်း ဒေါ်ရိုတာအား မေးလေသည်။

ဒေါ်ရိုတာက “ကျွန်မ မအားတဲ့အခါ ကျွန်မတို့အိမ်သားခြောက်ယောက်စလုံးစားဖို့ ညစာကို သားက ချက်ပြုတ်ပေးတယ်” ဟုဖြေဆိုခဲ့သည်။ “အဲဒီအပြင် အိမ်သန့် ရှင်းရေး၊ ပြုပြင်ရေးတွေကိုပါ သူဝိုင်းကူလုပ်ပေးတယ်။ သားက စာဖတ်ဝါသနာလည်းပါတယ်။ စာကြိုးစားတဲ့ကလေးတစ်ယောက်ပါ။”

“မယုံနိုင်စရာပဲ၊ ကျွန်မ ဒီမှာအလုပ်လုပ်တာ ၁၂ နှစ်ရှိနေပြီ၊ ဒါမျိုး တစ်ခါမှမကြားဖူးဘူး” ဟုဂျနီနာက ပြောလေသည်။

သက်သေခံဖို့အခွင့်အရေးဖြစ်ကြောင်း သူသိမြင်ကာ ဒေါ်ရိုတာကဤသို့ ရှင်းပြခဲ့သည်– “ဒီကနေ့ မိဘအများဟာ သူတို့ရဲ့သားသမီးတွေကို ကောင်းကောင်းမလေ့ကျင့်ပေးကြဘူး။ အဲဒါကြောင့် သူတို့ရဲ့ကလေးတွေဟာ အများအားဖြင့် ကိုယ့်သိက္ခာကိုယ် မလေးစားကြဘူး။”

“ဒါတွေကို ရှင်ဘယ်လိုသိတာလဲ” ဟုဂျနီနာကမေးသည်။ “ဒီအကြောင်းတွေကို မိဘအများစုက မသိကြဘူး။”

“ဒီအဖိုးတန်အကြောင်းတွေကို သမ္မာကျမ်းစာကနေရတာပါ” ဟုဒေါ်ရိုတာဖြေခဲ့သည်။ “ဥပမာ၊ တရားဟောရာ ၆:၆-၉ အရ ကျွန်မတို့ရဲ့ကလေးတွေကို သွန်သင်လေ့ကျင့်ပေးဖို့ ကိုယ့်ကိုယ်ကို အရင်သွန်သင်လေ့ကျင့်ရမှာဖြစ်တယ်။ သားသမီးတွေရဲ့နှလုံးထဲမှာ စွဲမြဲနေစေချင်တဲ့စံနှုန်းတွေဟာ ကျွန်မတို့ရဲ့စိတ်နှလုံးထဲမှာ အရင်ရှိနေသင့်တယ်မဟုတ်လား။”

ဂျနီနာက “မယုံနိုင်စရာပါလား၊ တကယ်ကို မယုံနိုင်စရာပဲ!” ဟုကောက်ချက်ချခဲ့သည်။ ထို့နောက်သားသမီးများကို ပြုစုပျိုးထောင်၊ သွန်သင်ပေးဖို့ သမ္မာကျမ်းစာက မည်သို့အကူအညီပေးသနည်းဟု ဒေါ်ရိုတာကို သူမေးလေသည်။

“လူငယ်များအမေး—တာသွားသည့်အဖြေb ဆိုတဲ့စာအုပ်ကိုသုံးပြီး ကလေးတွေနဲ့ ကျွန်မတို့ အပတ်တိုင်း ကျမ်းစာလေ့လာတယ်” ဟုဒေါ်ရိုတာရှင်းပြခဲ့သည်။ ထို့နောက် ၎င်းစာအုပ်အကြောင်း အနည်းငယ်ဖော်ပြပြီး ထိုတွင်ပါသော အချက်အလက်အချို့ကိုပါ ဆက်ပြောပြခဲ့သည်။

ထိုအခါ ဂျနီနာက “အသစ်အဆန်းပဲ!” ဟုအံ့အားသင့်စွာပြောဆိုသည်။ “အဲဒီစာအုပ်ကို ကျွန်မဖတ်ကြည့်လို့ရမလား။”

တစ်နာရီကြာသော် စာအုပ်နှင့်အတူ ဒေါ်ရိုတာပြန်လာခဲ့သည်။

ထိုစာအုပ်ကိုလှန်လှောကြည့်စဉ် “ရှင်က ဘယ်ဘာသာဝင်လဲ” ဟုဂျနီနာမေးလေသည်။

“ကျွန်မ ယေဟောဝါသက်သေတစ်ယောက်ပါ” ဟုဖြေဆိုသည်။

“အခြားဘာသာဝင်တွေကို ယေဟောဝါသက်သေတွေ ဘယ်လိုသဘောထား ဆက်ဆံကြသလဲ။”

“ရှင့်ကို ကျွန်မဆက်ဆံသလိုပဲ—လေးလေးစားစားနဲ့ပါ” ဟုဖြေဆိုပြီး ဒေါ်ရိုတာက “ကျမ်းစာအမှန်တရားကို သူတို့ကိုလည်း သိစေချင်တာပေါ့” ဟုထပ်ပြောသည်။

“အခုတောင်မှ အတော်လေးစိတ်ရှင်းသွားပြီ” ဟုဂျနီနာဖွင့်ပြောခဲ့သည်။

ပြန်ခါနီးတွင် ဒေါ်ရိုတာက သမ္မာကျမ်းစာကိုဖတ်ကြည့်ဖို့ ဂျနီနာအား တိုက်တွန်းခဲ့သည်။ “ရှင့်ဘဝကို အဓိပ္ပာယ်ရှိစေပြီး ရှင့်အလုပ်မှာလည်း အထောက်အကူပြုလိမ့်မယ်” ဟုဆိုသည်။

“ရှင်ပြောတာနဲ့ပဲ ကျမ်းစာကိုဖတ်ကြည့်ချင်စိတ်ပေါ်လာပြီ” ဟုဂျနီနာဝန်ခံသည်။

ဒေါ်ရိုတာသည် လိမ္မာပါးနပ်မှုနှင့် ဇွဲရှိရှိဖြင့် ပုံမှန်ဆေးခန်းသွားရချိန်ကို ကောင်းစွာသက်သေခံခွင့်ရဖို့ အသုံးပြုခဲ့သည်။—၁ ပေတရု ၃:၁၅။

[အောက်ခြေမှတ်ချက်များ]

a သူ၏အမည်ရင်းမဟုတ်။

b ယေဟောဝါသက်သေများထုတ်ဝေခဲ့။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ