ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၅/၁ စာ. ၃၁
  • ထူးခြားသောနည်းဖြင့် အောင်ပွဲခံခြင်း

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ထူးခြားသောနည်းဖြင့် အောင်ပွဲခံခြင်း
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ခေါင်းစ‎ဥ်ငယ်များ
  • တစ်မူထူးသော အိမ်ဖော်
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၅/၁ စာ. ၃၁

ထူးခြားသောနည်းဖြင့် အောင်ပွဲခံခြင်း

အလုပ်ခွင်၊ ကျောင်းနှင့် မိသားစုတွင်ဖြစ်စေ သို့မဟုတ် . . . ၏ကန့်သတ်ချက်များကြောင့်ဖြစ်စေ သင်၏ယုံကြည်ခြင်း အတိုက်အခံကြုံနေရသလော။ သို့ဖြစ်လျှင် စိတ်ဓာတ်မကျပါနှင့်။ ယေဟောဝါသက်သေ အမြောက်အမြားသည် အလားတူစမ်းသပ်မှုများကို ရင်ဆိုင်ခဲ့ကြရသော်လည်း သူတို့ အောင်မြင်ကျော်လွှားခဲ့ကြသည်။ အယ်နာ လူးဒေါ့ဖ်၏ပုံနမူနာကို သုံးသပ်ကြည့်ပါ။

၁၉၀၈ ခုနှစ်၊ ဂျာမနီနိုင်ငံ၊ လူးဘက်ခ်မြို့တွင် အယ်နာကို မွေးဖွားခဲ့သည်။ သူ့မိသားစုတွင် သူတစ်ဦးတည်းသာ ယေဟောဝါအား ဝတ်ပြုကိုးကွယ်သည်။ ၁၉၃၃ ခုနှစ်တွင် ဟစ်တလာအုပ်ချုပ်မှု အာဏာသိမ်းသောအခါ ယေဟောဝါသက်သေများ အခက်အခဲကြုံတွေ့ခဲ့ကြရသည်။ အယ်နာသည် ဟစ်တလာကို အလေးမပြုသည့်အတွက် သူ၏လုပ်ဖော်ကိုင်ဖက်များက သူ့ကိုထုတ်ဖော်လိုက်ကြရာ နာဇီတို့၏ဖမ်းဆီးခြင်းခံခဲ့ရသည်။ ရှစ်နှစ်တိုင် အကျဉ်းထောင်တစ်ခုပြီးတစ်ခုအပြင် ဟမ်းဗွတ်ခ် ဖူးလ်စ်ဘူးတဲလ်၊ မော်ရင်ငန်၊ လိခ်တင်ဘဂ်နှင့် ရာဗဲန်စ်ဘရွတ်ခ် ချွေးတပ်စခန်းများတွင် အကျဉ်းချခံခဲ့ရသည်။ ရာဗဲန်စ်ဘရွတ်ခ်တွင် အယ်နာရှိစဉ် အဖြစ်အပျက်တစ်ခုကြောင့် အောင်ပွဲခံခွင့်ရခဲ့သည်။

တစ်မူထူးသော အိမ်ဖော်

ပါမောက္ခ ဖရက်ဒရစ် ဟော့လ်ဇ်နှင့် သူ၏ဇနီး အဲလစ္စတို့သည် ဘာလင်မြို့တွင် နေထိုင်ကြသည်။ သူတို့သည် နာဇီပါတီဝင်များမဟုတ်၊ ယင်း၏နိုင်ငံရေးဝါဒကိုလည်း မထောက်ခံကြပါ။ သို့သော် သူတို့သည် ချွေးတပ်စခန်းအကျဉ်းသားအချို့ကို တာဝန်ယူရသော ရာထူးမြင့် အက်စ်အက်စ်အရာရှိတစ်ဦးနှင့် ဆွေမျိုးတော်ကြသည်။ ထို့ကြောင့် ၎င်းပါမောက္ခဇနီးမောင်နှံ အိမ်ဖော်ရှာသောအခါ ထိုအက်စ်အက်စ်အရာရှိက အကျဉ်းသားအမျိုးသမီးတစ်ဦးကို ရွေးစေခဲ့သည်။ သို့ဖြင့် ၁၉၄၃ ခုနှစ် မတ်လတွင် အဲလစ္စသည် ရာဗဲန်စ်ဘရွတ်ခ်သို့ သွားပြီး အိမ်ဖော်တစ်ဦးရွေးချယ်လေသည်။ မည်သူ့ကို သူရွေးခဲ့သနည်း။ အယ်နာ လူးဒေါ့ဖ်ကိုဖြစ်သည်။ အယ်နာသည် သူ့ကို ကောင်းစွာဆက်ဆံကြသော ဟော့လ်ဇ်မိသားစုနှင့် သွားရောက်နေထိုင်ခဲ့ရ၏။ စစ်ပြီးသွားသည့်အခါ ဇာလီမြစ်ပေါ်ရှိ ဟာလီမြို့သို့ ထိုမိသားစုနှင့်အတူ သူပြောင်းရွှေ့သွား၏။ ထိုမြို့တွင် အယ်နာသည် အတိုက်အခံကြုံရပြန်သည်၊ ဤတစ်ကြိမ်တွင်မူ အရှေ့ဂျာမနီရှိ . . . အာဏာပိုင်များထံမှ ဖြစ်သည်။ ၁၉၅၇ ခုနှစ်တွင် ထိုမိသားစုသည် အနောက်ဂျာမနီသို့ ပြည်နှင်ခံခဲ့ရသဖြင့် အယ်နာပါ လိုက်သွားခဲ့သည်။ နောက်ဆုံး အယ်နာသည် သူယုံကြည်သည်အတိုင်း လွတ်လပ်စွာကိုးကွယ်နိုင်လေသည်။

အယ်နာသည် ထူးခြားသောနည်းဖြင့် မည်သို့အောင်ပွဲခံခဲ့သနည်း။ အယ်နာ၏အမူအကျင့်ကောင်းနှင့် ကျမ်းစာသတင်းတရားကို လိမ္မာပါးနပ်စွာ ဟောပြောခဲ့ခြင်း၏အကျိုးဆက်မှာ အဲလစ္စဟော့လ်ဇ်နှင့် သူ၏သားသမီးငါးယောက်စလုံး နှစ်ခြင်းခံ ယေဟောဝါသက်သေများဖြစ်လာကြခြင်းဖြစ်သည်။ ထို့ပြင် အဲလစ္စ၏မြေး ၁၁ ယောက်လည်း သက်သေခံများဖြစ်လာကြသည်။ သူတို့ထဲမှ နှစ်ဦးသည် ဂျာမနီနိုင်ငံ၊ စယ်လ်တာစ်မြို့ရှိ ယေဟောဝါသက်သေများ၏ ဌာနခွဲရုံးတွင် အမှုထမ်းနေကြသည်။ အဲလစ္စ၏သမီးတစ်ဦးဖြစ်သော စူစဲန်နာက “ကျွန်မတို့မိသားစု အမှန်တရားမှာရှိနေကြတာ အဓိကတော့ အယ်နာရဲ့ပုံသက်သေကြောင့်ပဲ” ဟုဆို၏။ အယ်နာ ခံနိုင်ရည်ရှိသည့်အတွက် များစွာဆုချခံခဲ့ရ၏။ သင့်အခြေအနေကော မည်သို့နည်း။ ခက်ခဲသောအခြေအနေများတွင် သင်တည်ကြည်ခံရပ်ခဲ့သဖြင့် အလားတူ ဆုကျေးဇူးများ ရရှိခဲ့ပေမည်။ မှန်ပါသည်၊ အမူအကျင့်ကောင်းတင်ပြပြီး လိမ္မာပါးနပ်စွာ ဟောပြောခြင်းဖြင့် ထူးခြားစွာအောင်ပွဲခံရန် ကူညီပေးပေမည်။a

[အောက်ခြေမှတ်ချက်]

a အသက် ၉၆ နှစ်ရှိအယ်နာ လူးဒေါ့ဖ်သည် ဤဆောင်းပါးကို ထုတ်ဝေဖို့ပြင်ဆင်နေစဉ် ကွယ်လွန်သွားသည်။ အဆုံးတိုင်အောင် သူတည်ကြည်ခဲ့ပါသည်။

[စာမျက်နှာ ၃၁ ပါ ရုပ်ပုံ]

ဟော့လ်ဇ်မိသားစုနှင့်အတူ အယ်နာ လူးဒေါ့ဖ် (ထိုင်နေသူ)

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ