ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၇/၁ စာ. ၃
  • စိတ်ငြိမ်သက်မှု ရှာပုံတော်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စိတ်ငြိမ်သက်မှု ရှာပုံတော်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ရောင့်ရဲခြင်းနဲ့ ရက်ရောခြင်း
    နိုးလော့!—၂၀၁၈
  • ပျော်ရွှင်မှု—ရနိုင်ခဲပါဘိ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
  • စည်းစိမ်ချမ်းသာက သင့်ကိုပျော်ရွှင်စေနိုင်သလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၈
  • ဘုရားသခင်ကိုယုံကြည်ခြင်း—အံ့ဖွယ်အမှုလိုအပ်ပါသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၇
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၇/၁ စာ. ၃

စိတ်ငြိမ်သက်မှု ရှာပုံတော်

အဲလ်ဘတ်သည် ချစ်စရာကလေးနှစ်ယောက်ရှိသည့် ပျော်ရွှင်သော အိမ်ထောင်သည်တစ်ဦးဖြစ်၏။ သို့သော် သူ့ဘဝတွင် တစ်ခုခုလိုနေသည်ဟု ခံစားရ၏။ အလုပ်အကိုင်ရဖို့ သူရုန်းကန်ခဲ့ရစဉ်တစ်ချိန်က နိုင်ငံရေးတွင်ပါဝင်ခဲ့ပြီး ဆိုရှယ်လစ်ဝါဒီတစ်ဦးဖြစ်ခဲ့သည်။ ဒေသခံကွန်မြူနစ်ပါတီဝင်တစ်ဦးပင် ဖြစ်လာခဲ့သည်။

သို့သော် မကြာမီပင် ကွန်မြူနစ်ဝါဒကို အဲလ်ဘတ် စိတ်ကုန်လာသည်။ ထို့ကြောင့် နိုင်ငံရေးနှင့်အဆက်ဖြတ်လိုက်ကာ သူ၏မိသားစုအတွက် ဘဝကို လုံးလုံးမြှုပ်နှံခဲ့လေသည်။ မိသားစုပျော်ရွှင်ရေးက သူ၏ဘဝရည်ရွယ်ချက် ဖြစ်လာလေသည်။ သို့သော်လည်း အဲလ်ဘတ်သည် ဟာတာတာခံစားနေရဆဲဖြစ်ပြီး စစ်မှန်သောစိတ်ငြိမ်သက်မှု ရှာမတွေ့ဖြစ်နေသည်။

အဲလ်ဘတ်၏အဖြစ်မျိုးမှာ သမားရိုးကျဖြစ်သည်။ သန်းနှင့်ချီသူတို့သည် အဓိပ္ပာယ်ပြည့်ဝသော ဘဝရည်ရွယ်ချက်တွေ့ရှိရန် နိုင်ငံရေးဝါဒအမျိုးမျိုး၊ တွေးခေါ်မှုအမျိုးမျိုးနှင့် ဘာသာတရားအမျိုးမျိုးတို့ကို စူးစမ်းလေ့လာခဲ့ကြသည်။ အနောက်နိုင်ငံများတွင် ၁၉၆၀ ပြည့်လွန်နှစ်များ၏ ဟစ်ပီလှုပ်ရှားမှုသည် ရိုးရာကိုယ်ကျင့်တရားနှင့် လူမှုစံနှုန်းများကို ဆန့်ကျင်ပုန်ကန်ခဲ့သည်။ အထူးသဖြင့် လူငယ်တို့သည် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများ၊ ဟစ်ပီလှုပ်ရှားမှု၏ ဂူရူးနှင့်နတ်ဆရာတို့အတွေးအခေါ် အကူအညီဖြင့် ပျော်ရွှင်မှုနှင့် ဘဝအဓိပ္ပာယ်ကို ရှာဖွေခဲ့ကြသည်။ သို့သော် ဟစ်ပီလှုပ်ရှားမှုသည် စစ်မှန်သောပျော်ရွှင်မှု မပေးနိုင်ခဲ့ချေ။ ယင်းအစား ဆေးစွဲသူများ၊ လူတကာနှင့်လိင်ဆက်ဆံသော လူငယ်များသာ တိုးများလာစေခဲ့ရာ လူ့အသိုင်းအဝိုင်းကို ကျင့်ဝတ်ပိုင်းရှုပ်ထွေးမှုဆီသို့ ဆုတ်ယုတ်ကျဆင်းစေသည်။

ရာစုနှစ်များတစ်လျှောက် လူအများစုသည် စည်းစိမ်ဥစ္စာ၊ အာဏာနှင့် ပညာရေးတို့ကို လိုက်စားခြင်းဖြင့် ပျော်ရွှင်မှုရှာခဲ့ကြသည်။ သို့သော် ယင်းတို့ကြောင့် လုံးလုံးစိတ်ပျက်ရခြင်းသာ အဖတ်တင်ပါသည်။ “လူ၏အသက်သည် မိမိဥစ္စာပစ္စည်းကြွယ်ဝခြင်း၌ တည်သည်မဟုတ်” ဟုယေရှုဆိုခဲ့၏။ (လုကာ ၁၂:၁၅၊ သမ္မာ) စည်းစိမ်ဥစ္စာလိုက်စားခြင်းသည် အများအားဖြင့် စိတ်မချမ်းမြေ့စရာဖြစ်စေသည်။ “ငွေရတတ်ခြင်းငှာ အလိုရှိသောသူတို့သည် အပြစ်သွေးဆောင်ခြင်း၊ ဖမ်းမိခြင်း၊ မိုက်မဲဖျက်ဆီးတတ်သော တပ်မက်ခြင်းများထဲသို့ ကျရောက်တတ်ကြ၏၊ ထိုသို့သောအားဖြင့် လူတို့သည် အကျိုးနည်းခြင်း၊ ပျက်စီးခြင်း၌ နစ်မွန်းတတ်ကြ၏။ အကြောင်းမူကား ငွေကိုတပ်မက်ခြင်းသည် မကောင်းသောအမှုအပေါင်းတို့တွင် မူလအမြစ်ဖြစ်သတည်း၊ လူအချို့တို့သည် ငွေကိုတပ်မက်သောကြောင့် . . . ပူပန်ခြင်းဝေဒနာများနှင့် ကိုယ်ကိုကိုယ် ထုတ်ချင်းခပ်အောင် ထိုးကြပြီ” ဟုသမ္မာကျမ်းစာက ဆိုသည်။—၁ တိမောသေ ၆:၉၊ ၁၀။

လူတစ်ဦးသည် စိတ်ငြိမ်သက်မှုနှင့် ဘဝရည်ရွယ်ချက်ကို မည်သို့ရှာတွေ့နိုင်သနည်း။ ယင်းသည် အမှောင်ထဲရှိ မသေချာသည့်ပစ်မှတ်ကို မြားနှင့်ပစ်သကဲ့သို့ လက်တည့်စမ်းခြင်းမျိုးလော။ ထိုသို့မဟုတ်သည်မှာ ဝမ်းသာစရာပင်။ လူသားတို့အတွက် အလွန်အရေးကြီးပြီး အမှန်ထူးခြားလှသောလိုအပ်ရာကို ဖြည့်ဆည်းပေးမည့်နည်းလမ်းကို နောက်ဆောင်းပါးတွင် ကျွန်ုပ်တို့တွေ့ ကြရပါလိမ့်မည်။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

စည်းစိမ်ဥစ္စာ၊ အာဏာနှင့် ပညာရေးတို့ကို လိုက်စားခြင်းက စိတ်ငြိမ်သက်မှု ရစေမည်လော

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ