ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၅ ၈/၁၅ စာ. ၃၁
  • စာရှုသူများထံမှမေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှမေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
  • ဆင်တူတဲ့ အကြောင်းအရာ
  • ပဋိညာဉ်သေတ္တာတော်ဆိုတာဘာလဲ
    ကျမ်းစာမေးခွန်းများရဲ့ အဖြေ
  • တဲတော်ထဲက အရေးကြီးဆုံး ပစ္စည်း
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
  • ဝတ်ပြုရာတဲတော်
    ကျမ်းစာကနေ သင်ယူနိုင်တဲ့ သင်ခန်းစာများ
  • “လူအမျိုးမျိုး ဆုတောင်းရာအိမ်”
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၁၉၉၆
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၅
က၀၅ ၈/၁၅ စာ. ၃၁

စာရှုသူများထံမှမေးခွန်းလွှာ

ရှေးဣသရေလပြည်ရှိ တဲတော်နှင့် ဝတ်ပြုရာအိမ်တော်တို့၏ အသန့်ရှင်းဆုံးအခန်းတွင် တွေ့ရသည့် ရှီကိုင်နာဟု တစ်ခါတစ်ရံ ခေါ်သော အံ့ဖွယ်အလင်းသည် အဘယ်အရာကို ပုံဆောင်သနည်း။

မေတ္တာရှိခမည်းတော်၊ ကာကွယ်ပေးရှင် ယေဟောဝါသည် ဣသရေလလူမျိုးနှင့်အတူရှိကြောင်း ထင်ရှားပြခဲ့သည်။ ကိုယ်တော်ထင်ရှားပြသည့် နည်းတစ်နည်းမှာ ဝတ်ပြုရာနေရာတွင် တောက်ပထိန်လင်းနေသော မိုးတိမ်အလင်းအားဖြင့်ဖြစ်သည်။

ယေဟောဝါသည် မျက်မြင်မရနည်းဖြင့် ရောက်ရှိနေကြောင်း သိသာထင်ရှားသော ထိုအလင်းက ဖော်ပြသည်။ အဆိုပါအလင်းသည် တဲတော်နှင့် ရှောလမုန်တည်ဆောက်ခဲ့သော ဝတ်ပြုရာအိမ်တော်တို့၏ အသန့်ရှင်းဆုံးအခန်းတွင်ရှိ၏။ ဤအံ့ဖွယ်အလင်းက ထိုတွင် ယေဟောဝါရောက်ရှိနေခြင်းကို မဆိုလိုပါ။ လူတို့တည်ဆောက်သည့် အဆောက်အအုံတစ်ခုခုတွင် ဘုရားသခင်ကျိန်းဝပ်နိုင်မည်မဟုတ်ချေ။ (၂ ရာဇဝင်ချုပ် ၆:၁၈; တမန်တော် ၁၇:၂၄) ဘုရားသခင်၏သန့်ရှင်းရာဌာနရှိ အဆိုပါထူးကဲသောအလင်းက ယေဟောဝါ၏ကာကွယ်မှုကိုရပြီး လိုအပ်ရာတို့ကို ကိုယ်တော် ဖြည့်ဆည်းပေးမည်ဖြစ်ကြောင်း ယဇ်ပုရောဟိတ်မင်းကြီးကိုလည်းကောင်း၊ သူမှတစ်ဆင့် ဣသရေလလူအားလုံးကိုလည်းကောင်း ယုံကြည်စိတ်ချစေသည်။

သမ္မာကျမ်းစာကို အာရမိတ်ဘာသာစကားနှင့်ပြန်ဆိုပြီးနောက် ဤအလင်းကို ယင်းဘာသာစကားဖြင့် ရှီကိုင်နာ (shekhi·nahʹ) ဟုခေါ်ဆိုပြီး အဓိပ္ပာယ်မှာ ‘ကျိန်းဝပ်ခြင်း’ ဖြစ်၏။ သမ္မာကျမ်းစာတွင် ဤဝေါဟာရကို မတွေ့ရချေ၊ သို့သော် တာဂွမ်ကျမ်းဟုလည်းခေါ်သည့် ဟေဗြဲကျမ်းစာစောင်များ၏ အာရမိတ်ဘာသာပြန်ကျမ်းများတွင် တွေ့ ရှိရသည်။

ယေဟောဝါသည် တဲတော်ဆောက်လုပ်ရန် ညွှန်ကြားချက်များပေးချိန်၌ မောရှေကို ဤသို့မိန့်မှာခဲ့သည်– “သေတ္တာအဖုံးကို သေတ္တာပေါ်မှာတင်ရမည်။ ငါပေးသောသက်သေခံချက်ကိုလည်း သေတ္တာထဲမှာထားရမည်။ ထိုအရပ်၌ ငါသည် သင်နှင့်တွေ့ ၍ သက်သေခံချက်ထားသော သေတ္တာဖုံးအပေါ် ခေရုဗိမ်နှစ်ပါးစပ်ကြားမှာ သင်နှင့်နှုတ်ဆက်” မည်။ (ထွက်မြောက်ရာ ၂၅:၂၁၊ ၂၂) ရွှေဖြင့်ပြုလုပ်ထားသော သေတ္တာကို အသန့်ရှင်းဆုံးအခန်းတွင်ထား၏။ ထိုသေတ္တာအဖုံးပေါ်တွင် ရွှေခေရုဗိမ်နှစ်ပါးရှိ၏။

ယေဟောဝါသည် အဘယ်နေရာမှ နှုတ်ဆက်မည်နည်း။ ကိုယ်တော်က “ငါသည် သေတ္တာဖုံးအပေါ် မိုးတိမ်၌ ထင်ရှားမည်” ဟုမောရှေအား မိန့်ဆိုခဲ့သည်။ (ဝတ်ပြုရာ ၁၆:၂) အဆိုပါမိုးတိမ်သည် ရွှေခေရုဗိမ်နှစ်ပါးကြားရှိ မြင့်မြတ်သောသေတ္တာတော်ပေါ်တွင် ရှိနေ၏။ ထိုမိုးတိမ်သည် အမြင့်မည်မျှရှိသည် သို့မဟုတ် ခေရုဗိမ်များအထက် မည်မျှအကွာတွင်ရှိသည်ကို သမ္မာကျမ်းစာတွင် မဖော်ပြထားချေ။

တောက်ပသော ဤမိုးတိမ်ကြောင့် အသန့်ရှင်းဆုံးအခန်းသည် လင်းထိန်နေ၏။ ထိုအခန်းတွင် မိုးတိမ်အလင်းသာရှိ၏။ ယဇ်ပုရောဟိတ်မင်းကြီးသည် အပြစ်ဖြေရာနေ့တွင် အတွင်းခန်းသို့ဝင်သည့်အခါ ဤအလင်းကြောင့် မြင်တွေ့ နိုင်၏။ သူသည် ယေဟောဝါ၏ရှေ့မှောက်တွင်ရှိနေ၏။

အဆိုပါအံ့ဖွယ်အလင်းသည် ခရစ်ယာန်များအတွက် အဓိပ္ပာယ်အထွေအထူးရှိသလော။ တမန်တော်ယောဟန်သည် အမြင်အာရုံတွင် ‘ညမရှိ’ သောမြို့တစ်မြို့ကို တွေ့ ခဲ့သည်။ ထိုမြို့တော်မှာ ယေရှုနှင့်တွဲဖက်အုပ်ချုပ်ရန် ရှင်ပြန်ထမြောက်ခဲ့ကြသည့် ဝိညာဉ်တော်ဖွားခရစ်ယာန်များနှင့် တည်ထောင်ထားသော ယေရုရှလင်မြို့သစ်ဖြစ်၏။ အဆိုပါပုံဆောင်ရာမြို့တော်၏အလင်းကို နေ သို့မဟုတ် လတို့မှ ရရှိခြင်းမဟုတ်ချေ။ ရှီကိုင်နာသည် အသန့်ရှင်းဆုံးအခန်းကို အလင်းပေးသကဲ့သို့ ယေဟောဝါဘုရားသခင်၏ဘုန်းတော်သည် ထိုအဖွဲ့အစည်းကို တိုက်ရိုက်ထွန်းလင်းပေး၏။ ထို့ပြင် သိုးသငယ် ယေရှုခရစ်သည်လည်း ထိုမြို့တော်၏ “ဆီမီး” ဖြစ်သည်။ တစ်ဖန်၊ ဤ ‘မြို့တော်’ သည်လူမျိုးအပေါင်းမှ ရွေးနုတ်ထားသောလူတို့ကို ဝိညာဉ်ရေးအလင်း ထွန်းလင်းပေးရာ သူတို့သည် မျက်နှာသာရ အနေအထားတွင်ရှိနေကြ၏။—ဗျာ. ၂၁:၂၂-၂၅။

ယေဟောဝါအား ဝတ်ပြုကိုးကွယ်သူများသည် အထက်အရပ်မှ ဤသို့သောကောင်းချီးများကို ကြွယ်ဝစွာခံစားရသောကြောင့် ယေဟောဝါသည် သူတို့ကို ကာကွယ်ပေးသည့်သိုးထိန်းရှင်နှင့် မေတ္တာရှိဖခင်ဖြစ်တော်မူကြောင်း စိတ်ချနိုင်ကြသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ