ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၆ ၆/၁ စာ. ၃၁
  • စာရှုသူများထံမှ မေးခွန်းလွှာ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • စာရှုသူများထံမှ မေးခွန်းလွှာ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ဆင်တူတဲ့ အကြောင်းအရာ
  • ‘ယေဟောဝါ၏ပညတ်တရားသည် စုံလင်သည်’
    ယေဟောဝါထံ ချဉ်းကပ်လော့
  • ဝတ်ပြုရာကျမ်းမှ ပေါ်လွင်ချက်များ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • သင်၏အသက်ဆုကျေးဇူးကို မှန်ကန်စွာတန်ဖိုးထားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၄
  • သင်မှတ်မိသလော
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
က၀၆ ၆/၁ စာ. ၃၁

စာရှုသူများထံမှ မေးခွန်းလွှာ

ကိုယ်လက်နှီးနှောခြင်းပုံစံအချို့သည် လူတစ်ဦးကို ‘မစင်မကြယ်’ ဖြစ်စေသည်ဟု မောရှေပညတ်က အဘယ်ကြောင့် ရှုမြင်သနည်း။

ဘုရားသခင်သည် လူသားမျိုးနွယ် ပွားများစေရန်နှင့် အိမ်ထောင်သည်မောင်နှံများ ပျော်ရွှင်မှုရစေရန် လိင်ကို ဖန်ဆင်းပေးတော်မူခဲ့သည်။ (ကမ္ဘာဦး ၁:၂၈; သု. ၅:၁၅-၁၈) သို့သော် သုက်ရည်ထွက်ခြင်း၊ ဥတုရောက်ခြင်းနှင့် မီးဖွားခြင်းတို့ကြောင့် မစင်မကြယ်ဖြစ်ခြင်းနှင့်ပတ်သက်သည့် စည်းမျဉ်းများကို  ဝတ်ပြုရာ အခန်းကြီး ၁၂ နှင့် ဝတ်ပြုရာ ၁၅ တွင် အသေးစိတ်ဖော်ပြထားသည်ကို တွေ့ရသည်။ (ဝတ်ပြုရာ ၁၂:၁-၆; ၁၅:၁၆-၂၄) ရှေးဣသရေလလူမျိုးကိုပေးခဲ့သည့် ယင်းကဲ့သို့သောပညတ်များသည် ကျန်းမာသောဘဝပုံစံနှင့် မြင့်မားသော ကိုယ်ကျင့်တရားစံနှုန်းများကို မြှင့်တင်ပေးကာ သွေးသည် မြင့်မြတ်ကြောင်း၊ အပြစ်များကိုဖြေရန် လိုအပ်ကြောင်း အလေးအနက်ဖော်ပြသည်။ 

အခြားအရာများအပြင် ကိုယ်လက်နှီးနှောခြင်းနှင့်ပတ်သက်သော မောရှေပညတ်၏ တောင်းဆိုချက်များက ဣသရေလလူမျိုး၏ အထွေထွေကျန်းမာရေးကို တိုးတက်ကောင်းမွန်စေသည်။ “ဓမ္မတာလာနေစဉ် ကိုယ်လက်နှီးနှောခြင်းကို တားမြစ်သည့်ပညတ်သည် အချို့သော လိင်ဆိုင်ရာကူးစက်ရောဂါများကို ထိရောက်စွာ ကာကွယ်ပေးသည့်အပြင် . . . သားအိမ်ခေါင်းကင်ဆာ တဖြည်းဖြည်းဖြစ်ပေါ်လာမှုကိုလည်း တားဆီးပေးသည်” ဟု သမ္မာကျမ်းစာနှင့် ခေတ်သစ်ဆေးပညာ စာအုပ်က ဆိုသည်။ ထိုသို့သောပညတ်များသည် ဘုရားသခင့်လူမျိုးတော်ကို သူတို့မသိသောရောဂါများ သို့မဟုတ် ဖော်ပင်မဖော်ထုတ်နိုင်သည့်ရောဂါများမှ ကာကွယ်ပေးခဲ့သည်။ တိုးပွားကြွယ်ဝစေမည်ဟူသော ဘုရားသခင့်ကတိတော်ရထားသည့် လူမျိုးသည် လိင်ဆိုင်ရာသန့်ရှင်းမှုကြောင့် လူဦးရေ ပိုပွားများလာ၍ ချမ်းသာကြွယ်ဝလာသည်။ (ကမ္ဘာဦး ၁၅:၅; ၂၂:၁၇) ထိုသို့သောပညတ်များက ဘုရားသခင့်လူမျိုးတော်၏ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးကိုလည်း ကာကွယ်ပေးသည်။ အဆိုပါပညတ်များကို နာခံခြင်းဖြင့် ခင်ပွန်းသည်များနှင့်ဇနီးသည်များသည် လိင်ဆန္ဒများကို ချုပ်တည်းတတ်လာကြသည်။

လိင်ကိစ္စများကြောင့် မစင်မကြယ်ဖြစ်ရသည့်ပုံစံများတွင် အဓိကပါဝင်ပတ်သက်ရာမှာ သွေးဆင်းခြင်းဖြစ်၏။ သွေးနှင့်ပတ်သက်သော ယေဟောဝါ၏ပညတ်သည် ဣသရေလလူမျိုး၏စိတ်ထဲတွင် သွေး၏မြင့်မြတ်မှုကိုသာမက ယဇ်ပူဇော်ခြင်းနှင့် အပြစ်ဖြေခြင်းပါဝင်သည့် ယေဟောဝါ၏ဝတ်ပြုရေးတွင် သွေး၏အဓိကအခန်းကဏ္ဍကိုပါ စွဲမှတ်စေသည်။—ဝတ်ပြုရာ ၁၇:၁၁; တရားဟောရာ ၁၂:၂၃၊ ၂၄၊ ၂၇။

ယင်းကိစ္စနှင့်စပ်လျဉ်း၍ ပညတ်တရားတွင် အသေးစိတ်ဖော်ပြထားခြင်းက လူ့မစုံလင်မှုကြောင့်ဖြစ်ကြောင်း ထင်ရှားသည်။ အာဒံနှင့်ဧဝတို့ အပြစ်ပြုပြီးနောက် စုံလင်သောသားသမီးများ မမွေးဖွားနိုင်တော့ကြောင်း၊ သူတို့၏သားမြေးအားလုံးသည် အပြစ်ကြောင့် မစုံလင်မှုနှင့်သေခြင်းကို အမွေခံရမည်ဖြစ်ကြောင်း ဣသရေလလူတို့ သိရှိခဲ့ကြ၏။ (ရောမ ၅:၁၂) ယင်းကြောင့် အစပထမတွင် အိမ်ထောင်အစီအစဉ်အားဖြင့် စုံလင်သောအသက်ကို လက်ဆင့်ကမ်းရန် မျိုးပွားအင်္ဂါများကို ပုံစံပြုထားသော်လည်း မိဘများသည် မစုံလင်သော၊ အပြစ်ရှိသောအသက်ကိုသာ လက်ဆင့်ကမ်းနိုင်တော့သည်။

သို့ဖြင့် သန့်ရှင်းစင်ကြယ်ရန် လိုက်လျှောက်ရမည့် ပညတ်တရားပါစည်းမျဉ်းများသည် ဣသရေလလူမျိုးအား သူတို့အမွေရရှိထားသည့် အပြစ်ကိုသာမက အပြစ်များကိုဖုံးအုပ်ရန်နှင့် လူသားများပြန်စုံလင်လာရန် ရွေးနုတ်ဖိုးလိုအပ်သည်ကိုပါ သတိပေးပေမည်။ သူတို့ပူဇော်ကြသော တိရစ္ဆာန်ယဇ်များက ယင်းတို့ကို မဖြစ်မြောက်စေပါ။ (ဟေဗြဲ ၁၀:၃၊ ၄) မောရှေပညတ်၏ရည်ရွယ်ချက်မှာ သူတို့ကို ခရစ်တော်ထံပို့ဆောင်ပေးရန်နှင့် ယေရှု၏စုံလင်သော လူသားယဇ်ဖြင့်သာ စစ်မှန်သောခွင့်လွှတ်မှုရရှိနိုင်ပြီး တည်ကြည်သူများအတွက် ထာဝရအသက်လမ်းပွင့်စေသည်ကို နားလည်သဘောပေါက်စေရန်ဖြစ်သည်။—ဂလာတိ ၃:၂၄; ဟေဗြဲ ၉:၁၃၊ ၁၄။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်မျာ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ