ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၇ ၄/၁၅ စာ. ၃၁
  • မသန်စွမ်းသော်လည်း အမှုဆောင်ရန် စိတ်ထက်သန်

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • မသန်စွမ်းသော်လည်း အမှုဆောင်ရန် စိတ်ထက်သန်
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
  • ဆင်တူတဲ့ အကြောင်းအရာ
  • သင့်ရဲ့ အချိန်နဲ့ ခွန်အားကို လှူဒါန်းနိုင်မလား
    ခရစ်ယာန်အသက်တာနဲ့ အမှုဆောင်လုပ်ငန်း​—လေ့ကျင့်ခန်းစာစောင်—၂၀၂၀
  • နိုင်ငံတော်ခန်းမဆောက်လုပ်ရေး—မြင့်မြတ်သောလုပ်ငန်း၏ အရေးပါသောကဏ္ဍတစ်ခု
    ကျွန်ုပ်တို့၏နိုင်ငံတော်ဓမ္မအမှု—၂၀၀၆
  • ဝမ်းနည်းပူဆွေးမှုကို ရင်ဆိုင်ခံရပ်ခြင်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၈
  • နိုင်ငံတော်ခန်းမဆောက်လုပ်ရေးကို အရှိန်မြှင့်ခြင်း
    ၂၀၁၆ ယေဟောဝါသက်သေတွေရဲ့ နှစ်ချုပ်စာအုပ်
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
က၀၇ ၄/၁၅ စာ. ၃၁

မသန်စွမ်းသော်လည်း အမှုဆောင်ရန် စိတ်ထက်သန်

လီယိုနာဒိုကို ဦးဆုံးအကြိမ် သင်တွေ့ဆုံရပါက သူ့ကို ဆောက်လုပ်ရေးလုပ်သားတစ်ဦးအဖြစ် သင်ထင်မည်မဟုတ်ပေ။ အကြောင်းမှာ လုပ်ငန်းခွင်မတော်တဆမှုတစ်ခုကြောင့် လက်နှစ်ဖက်စလုံး ပြတ်နေ၍ဖြစ်သည်။ ထိုသို့မသန်မစွမ်းဖြစ်နေသော်လည်း ပုံတွင်တွေ့ရသည့်အတိုင်း သူသည် အယ်လ်ဆာဗေးဒေါနိုင်ငံ၊ အကာဟူလာမြို့ရှိ ဆောက်လုပ်ရေးလုပ်ငန်းခွင်တွင် ကြိုးစားပါဝင်နေသည်။

ထိုဆောက်လုပ်ရေးလုပ်ငန်းတွင် ပါဝင်နိုင်ရန် ကိုယ်ပိုင်ကိရိယာများတီထွင်ရာတွင် အခြားသူတစ်ဦးက လီယိုနာဒိုကို ကူညီပေးခဲ့သည်။ သူ၏ညာဘက်လက်မောင်းကို ဂေါ်ပြားထိပ်ရှိ သတ္တုကွင်းထဲစွပ်လိုက်ခြင်းဖြင့် တွန်းလှည်းထဲ အမှိုက်ကျုံးထည့်နိုင်ခဲ့သည်။ ထို့ပြင် တွန်းလှည်းကို မိမိဘာသာတွန်းနိုင်ရန် လက်ကိုင်နေရာတွင် ကွင်းတပ်ထားသည်။ ထိုလုပ်ငန်းတွင်ပါဝင်ရန် အဘယ်အရာက လှုံ့ဆော်ပေးသနည်း။

လီယိုနာဒိုသည် ယေဟောဝါသက်သေများ၏ ဝတ်ပြုရာနေရာဖြစ်သော ဘုရားသခင့်နိုင်ငံတော်ခန်းမ ဆောက်လုပ်ရေးလုပ်ငန်းတွင် ပါဝင်လိုသည်။ သို့သော် ထိုလုပ်ငန်းတွင် မပါဝင်လိုပါကလည်း သူ၌ အကြောင်းပြစရာများစွာရှိသည်။ သူသည် အချိန်ပြည့်အလုပ်လုပ်ရသူ၊ မသန်စွမ်းသူဖြစ်ပြီး အသင်းတော်တွင်လည်း ဓမ္မအမှုထမ်းအဖြစ် အမှုဆောင်နေသူဖြစ်သည်။ သို့သော် ဆောက်လုပ်ရေးလုပ်ငန်းတွင်ပါဝင်ခြင်းဖြင့် အတတ်နိုင်ဆုံး ဘုရားသခင့်အမှုတော် ထမ်းဆောင်လိုသည်။

ဘုရားသခင့်အမှုဆောင်ရာတွင် သင်၌လည်း ထပ်တူစိတ်ထက်သန်မှုမျိုးရှိသလော။ လီယိုနာဒိုသည် မသန်မစွမ်းဖြစ်သည်ကို အကြောင်းမပြဘဲ မိမိဉာဏ်စွမ်းဖြင့် ကိုယ်ပိုင်ကိရိယာများ တီထွင်ခဲ့သည်။ သို့ဖြင့် သူ့အတွက် မဖြစ်နိုင်ရာကို လုပ်ဆောင်နိုင်ခဲ့သည်။ “စိတ်နှလုံးအကြွင်းမဲ့” ဖြင့် သူအမှုဆောင်ခဲ့သည်။ (မဿဲ ၂၂:၃၇) ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများ၏ ဘုရားသခင့်နိုင်ငံတော်ခန်းမ ဆောက်လုပ်ခြင်းတွင် ပါဝင်သူများသည် သန်စွမ်းသည်ဖြစ်စေ၊ မသန်စွမ်းသည်ဖြစ်စေ စေတနာ့ဝန်ထမ်းစိတ်ဓာတ်ရှိကြသည်။ သူတို့၏အစည်းအဝေးများကို လူတိုင်းတက်ရောက်နိုင်ပြီး သင့်ကိုလည်း ဖိတ်ခေါ်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ