ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၀၇ ၄/၁၅ စာ. ၃၂
  • အဒြီယာနာ၏ဆန္ဒ

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • အဒြီယာနာ၏ဆန္ဒ
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၇
က၀၇ ၄/၁၅ စာ. ၃၂

အဒြီယာနာ၏ဆန္ဒ

အမေရိကန်ပြည်ထောင်စု၊ အိုကလာဟိုးမားပြည်နယ်၊ တာလ်ဆာမြို့တွင်နေထိုင်သော ခြောက်နှစ်သမီးလေး အဒြီယာနာတွင် ဆန္ဒတစ်ခု ရှိသည်။ ယင်းမှာ ‘ထာဝရဘုရားသခင်၏ တင့်တယ်ခြင်းအသရေတော်ကိုဖူးမြင်၍ ဝတ်ပြုရာအိမ်တော်၌မွေ့လျော်ခြင်းအလို့ငှာ ထာဝရဘုရားသခင်၏အိမ်တော်မှာ တစ်သက်လုံးနေရမည်အကြောင်းတည်းဟူသော အခွင့်တစ်ခုကို ငါဆုတောင်းပြီ။ ထိုအခွင့်ကို ရှာရဦးမည်’ ဟုသီကျူးခဲ့သော ဆာလံဆရာ၏ဆန္ဒနှင့် တစ်ထပ်တည်းဖြစ်သည်။—⁠ဆာလံ ၂၇:⁠၄။

အဒြီယာနာသည် ခြောက်လသမီးအရွယ်တွင် နဗ်ကြော၌ ကင်ဆာအကျိတ်ဖြစ်နေကြောင်း သိရှိရသည်။ ထိုရောဂါဆိုးကြောင့် သူ၏ခြေနှစ်ဖက်စလုံး အကြောသေသွားသည်။ ဆရာဝန်များက အကြိမ်ကြိမ်ခွဲစိတ်ကုသပြီး ဓာတုကုထုံးဖြင့်လည်း တစ်နှစ်ကြာကုသခဲ့သည်။

အဒြီယာနာ၏ဘာသာရေးခံယူချက်များကို လက်မခံသော မိဘများသည် သေစေနိုင်သောရောဂါခံစားနေရသည့် ကလေးများ၏ဆန္ဒကို ဖြည့်ဆည်းပေးသောအဖွဲ့ နှင့်ဆက်သွယ်ကာ မိမိတို့၏သမီးကို နာမည်ကြီးအပန်းဖြေဥယျာဉ်တစ်ခုသို့ ခေါ်ဆောင်သွားပေးရန် တောင်းဆိုခဲ့သည်။ ထိုဆန္ဒကို သူတို့မလိုက်လျောမီ အဒြီယာနာကို လူတွေ့မေးမြန်းသည်။ အဒြီယာနာက မိမိကိုဂရုစိုက်သောကြောင့် ကျေးဇူးတင်ကြောင်းပြောဆိုပြီး ထိုဥယျာဉ်သို့သွားမည့်အစား နယူးယောက်မြို့ရှိ ယေဟောဝါသက်သေများ၏ဌာနချုပ်ဖြစ်သော ဗေသလသို့ခေါ်သွားရန် တောင်းဆိုလေ၏။ သို့သော် ဖခင်၏ဆန္ဒကို အဒြီယာနာသိရှိသွားသောအခါ ဗေသလသို့လည်ပတ်ခွင့်ရရန် ယေဟောဝါထံ ဆုတောင်းခဲ့သည်။ ဗေသလသည် ကလေးတစ်ဦးအတွက် စိတ်ဝင်စားစရာကောင်းသည့်နေရာမဟုတ်ဟု အစပိုင်းတွင် ထိုအဖွဲ့ယူဆသော်လည်း မိဘများက မကန့်ကွက်သောကြောင့် ခေါ်သွားရန် သဘောတူခဲ့သည်။

အဒြီယာနာသည် သူ၏မိခင်၊ အစ်မ၊ သူငယ်ချင်းတစ်ဦးတို့နှင့်အတူ နယူးယောက်မြို့ရှိ ဗေသလသို့ ဦးဆုံးအကြိမ်လည်ပတ်ခဲ့သည်။ “ကျွန်မရဲ့ဆုတောင်းချက်ကို ယေဟောဝါအဖြေပေးလိုက်တာပဲ။ ကိုယ်တော်က ကျွန်မကို ဗေသလကိုအလည်လာစေချင်တယ်ဆိုတာ ကျွန်မသိတယ်။ စာအုပ်တွေ၊ မဂ္ဂဇင်းတွေ၊ ကျမ်းစာတွေကို ဘယ်လိုထုတ်လုပ်တယ်ဆိုတာ တွေ့ခဲ့ရတယ်။ အပန်းဖြေဥယျာဉ်ကို သွားလည်တာထက် ပိုပျော်ဖို့ကောင်းတယ်” ဟု အဒြီယာနာဆိုသည်။

အဒြီယာနာသည် ‘ထာဝရဘုရားသခင်၏ တင့်တယ်ခြင်းအသရေတော်ကိုဖူးမြင်’ ခွင့်ရပြီး ယနေ့ ယေဟောဝါလူမျိုး၏ဌာနချုပ်တွင် လုပ်ဆောင်မှုများကို တန်ဖိုးထားလေးမြတ်သည်။ ဗေသလသို့လာရောက်လည်ပတ်ရန် သင့်ကိုလည်း ဖိတ်ခေါ်ပါသည်။ နယူးယောက်မြို့ရှိ ယေဟောဝါသက်သေများ၏ဌာနချုပ်အပြင် ကမ္ဘာတစ်ဝန်းရှိ ဌာနခွဲရုံးများစွာသို့လည်း ဖိတ်ခေါ်ပါသည်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၆)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ