ကင်းမျှော်စင် အွန်လိုင်း စာကြည့်တိုက်
ကင်းမျှော်စင်
အွန်လိုင်း စာကြည့်တိုက်
မြန်မာ
  • သမ္မာကျမ်းစာ
  • စာအုပ်စာစောင်များ
  • အစည်းအဝေးများ
  • က၁၀ ၁၁/၁ စာ. ၃
  • ကျေနပ်ရောင့်ရဲဖို့ ဖြစ်နိုင်ပါ့မလား

ဒီအပိုင်းအတွက် ဗီဒီယို မရှိပါ။

ဗီဒီယို ဖွင့်တာ အမှားရှိနေပါတယ်။

  • ကျေနပ်ရောင့်ရဲဖို့ ဖြစ်နိုင်ပါ့မလား
  • ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
  • ဆင်တူတဲ့ အကြောင်းအရာ
  • “ရောင့်ရဲတတ်တဲ့ လျှို့ဝှက်ချက်ကို” သင်ယူထားသလား
    ကင်းမျှော်စင် ယေဟောဝါရဲ့နိုင်ငံတော်ကိုကြေညာခြင်း (လေ့လာရန် စာစောင်)—၂၀၂၅
  • သမ္မာကျမ်းစာမူများကို ကျင့်သုံးခြင်းဖြင့် ကျေနပ်ရောင့်ရဲမှု ခံစားပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၆
  • ငွေကြေးနှင့်ပတ်သက်၍ မျှတသောအမြင် မည်သို့ ရှိနိုင်မည်နည်း
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၀၁
  • အပေါင်းအသင်းတွေကို ပညာရှိရှိ ရွေးချယ်ပါ
    ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
နောက်ထပ် ကြည့်ပါ
ကင်းမျှော်စင် ယေဟောဝါ၏နိုင်ငံတော်ကိုကြေညာခြင်း—၂၀၁၀
က၁၀ ၁၁/၁ စာ. ၃

ကျေနပ်ရောင့်ရဲဖို့ ဖြစ်နိုင်ပါ့မလား

“ကျေနပ်ရောင့်ရဲမှုရှိခြင်းက သူဆင်းရဲတွေကို ချမ်းသာစေတယ်။ ကျေနပ်ရောင့်ရဲမှုမရှိခြင်းက လူချမ်းသာတွေကို ဆင်းရဲစေတယ်။” —ဘင်ဂျမင် ဖရန်ကလင်။

အဆိုပါစကားပုံလိုပဲ  ကျေနပ်ရောင့်ရဲမှုကို  ကုန်ပစ္စည်းဝယ်သလို ဝယ်ယူလို့မရဘူးဆိုတာ လူအတော်များများ သိပါတယ်။ ရုပ်ပစ္စည်းတွေ ပိုပြီးပိုင်ဆိုင်ချင်တဲ့ဆန္ဒ၊ အောင်မြင်မှု ပိုရချင်တဲ့ဆန္ဒ၊ တခြားသူတွေလို ပြည့်စုံတဲ့ဘဝ ရချင်တဲ့ဆန္ဒတွေကို အားပေးအားမြှောက်ပြုနေတဲ့ ဒီခေတ်ကြီးမှာ အတွင်းစိတ်ထဲမှ ဖြစ်ပေါ်လာတဲ့ ကျေနပ်ရောင့်ရဲမှုကို တွေ့ရခဲတာ အံ့ဩစရာမဟုတ်ပါဘူး။ အောက်မှာဖော်ပြထားတဲ့ အချက်တစ်ခုခုရဲ့ လောင်းရိပ်အောက်မှာ သင်ရှိနေပြီလား။

• ပစ္စည်းများများဝယ်မှ  ကျေနပ်ရောင့်ရဲမှု  ရနိုင်မယ်လို့ စီးပွားရေးသမားတွေက တရစပ်ကြော်ငြာနေကြတယ်။

• အလုပ်ခွင်မှာ ဒါမှမဟုတ် ကျောင်းမှာ ဖြစ်ပေါ်နေတဲ့ ယှဉ်ပြိုင်မှုတွေကြောင့်  တခြားသူတွေ  လုပ်နိုင်တဲ့အရာတွေကို သင်လိုက်လုပ်နိုင်မှ တန်ဖိုးရှိတာဆိုပြီး တွေးထင်စေတယ်။

• လူတွေဟာ  သူတို့အတွက်  သင်လုပ်ပေးတဲ့အရာကို ကျေးဇူးတင်လေးမြတ်မှု မရှိကြဘူး။

• မိတ်ဆွေတွေက သူတို့မှာရှိတဲ့အရာတွေကို သင်အားကျလာအောင် ဆွပေးကြတယ်။

• ဘဝနဲ့ပတ်သက်တဲ့  သင့်ရဲ့  အဓိကမေးခွန်းတွေအတွက် အဖြေမရဘူး။

အဲလိုအခြေအနေမျိုးတွေနဲ့ ရင်ဆိုင်ရတဲ့အခါ ကျေနပ်ရောင့်ရဲဖို့ ဖြစ်နိုင်ပါ့မလား။ ကျေနပ်ရောင့်ရဲတတ်ဖို့ အဓိကအချက်ကို တမန်တော်ပေါလု ဖော်ပြခဲ့တယ်။ တမန်တော်ပေါလုဟာ ကြွယ်ဝချမ်းသာတဲ့အချိန်ရှိခဲ့သလို ချို့တဲ့စွာနေရတဲ့အချိန်တွေလည်း ရှိခဲ့တယ်။ မိတ်ဆွေတွေရဲ့ ချီးမွမ်းမှုကို ခံခဲ့ရသလို လူတွေရဲ့ ပြောင်လှောင်မှုတွေကိုလည်း ခံခဲ့ရတယ်။ ဒါပေမဲ့ သူဟာ “မည်သည့်အခြေအနေမျိုး၌မဆို ရောင့်ရဲတတ်ရန် သင်ယူခဲ့” တယ်။—ဖိလိပ္ပိ ၄:၁၁၊ ၁၂။

ကျေနပ်ရောင့်ရဲတတ်ဖို့ တစ်ခါမှ မကြိုးစားတဲ့သူတွေအတွက် အဲဒါက အသစ်အဆန်းဖြစ်နေမှာပါ။ ဒါပေမဲ့ ပေါလုပြောခဲ့တဲ့အတိုင်း ကျေနပ်ရောင့်ရဲတတ်ဖို့ သင်ယူနိုင်ပါတယ်။ ကျေနပ်ရောင့်ရဲတတ်ဖို့ သင်ယူနိုင်တဲ့ အဓိကအချက် ငါးချက်ကို ကျမ်းစာမှာ ဖော်ပြထားပါတယ်။ အခု အဲဒီအချက်တွေကို သုံးသပ်ကြည့်ဖို သင့်ကို ဖိတ်ခေါ်ပါတယ်။

    မြန်မာ စာစောင်များ (၁၉၈၄-၂၀၂၅)
    ထွက်ပါ
    ဝင်ပါ
    • မြန်မာ
    • ဝေမျှပါ
    • နှစ်သက်ရာ ရွေးချယ်ပါ
    • Copyright © 2025 Watch Tower Bible and Tract Society of Pennsylvania
    • လိုက်နာရန် စည်းကမ်းများ
    • ကိုယ်ရေးလုံခြုံမှု မူဝါဒ
    • ကိုယ်ရေးလုံခြုံမှု ဆက်တင်များ
    • JW.ORG
    • ဝင်ပါ
    ဝေမျှပါ